အိမ်ဆောက်ရန် ကျပ် ၂ သိန်း တောင်းယူခြင်းမရှိဟု ပင်လုံမြို့ အုပ်ချုပ်ရေးမှူးက တုံ့ပြန်ပြောဆို

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့အတွင်း အိမ်ဆောက်ရန်အတွက် ပိုက်ဆံ ၂ သိန်း ကောက်ယူ တောင်းခံခြင်းမရှိကြောင်း ပင်လုံမြို့ အုပ်ချုပ်ရေမှူး ဦးရာဇာအောင်က ယနေ့ (ဒီဇင်ဘာ ၂၂) ရက် နံနက်ပိုင်းတွင် သျှမ်းသံတော်ဆင့်ကို တုံ့ပြန်ပြောဆိုသည်။

ပင်လုံမြို့

ယမန်နေ့ (ဒီဇင်ဘာလ ၂၁) ရက်တွင် သျှမ်းသံတော်ဆင့်မှ ပင်လုံမြို့ ပြည်သူများ အိမ်ဆောက်ရန် အတွက် မြို့အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ ၂ သိန်းပေးသွင်းပြီး ထောက်ခံစာ တောင်းရကြောင်း ဒေသခံများ ပြောပြချက်အရ ရေးသားခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ယနေ့ ဒီဇင်ဘာလ ၂၂ ရက်တွင် ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်က ပိုက်ဆံတောင်းယူမှု မရှိကြောင်း သျှမ်းသံတော်ဆင့်ကို ပြန်လည်ပြောဆိုခဲ့သည်။

ပင်လုံမြို့ အုပ်ချုပ်ရေးမှူးမှ ပိုက်ဆံတောင်းယူသည်ဟုဆိုပါက သက်သေအထောက်အထား အချက်အလက်ဖြင့် တင်ရန်နှင့် အိမ်ဆောက်သည့် ကိစ္စသည် မြို့အုပ်ချုပ်ရေးမှူးထံ စာတင်စရာ မလိုကြောင်းလည်း ဦးရာဇာအောင်က ပြောဆိုလိုက်သည်။

“ကျနော်က ပိုက်ဆံတောင်းတယ်၊ ယူဖြစ်တယ် ဘာညာဆိုရင် ကျနော်ပြောသလို ကျနော့်ကို အချက်အလက်နဲ့တင်ပါ၊ သက်သေ သာဓက နဲ့တင်ပါ၊ ကျနော့်ရုံးကို ထောက်ခံစာ လာယူရတယ်ဆိုရင် ကျနော်က လက်မှတ်ထိုးတယ်၊ ပိုက်ဆံတောင်းတယ်၊ ဒီလိုသက်သေတွေနဲ့ တင်ပါ” ဟု ပင်လုံမြို့ အုပ်ချုပ်ရေးမှူး ဦးရာဇာအောင်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခင်အချိန်များတွင် ပင်လုံမြို့မှ ပြည်သူများအနေဖြင့် နေအိမ်ဆောက်လိုပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်များကို အကြောင်းကြားပြီး ခွင့်ပြုစာ တောင်းရသော်လည်း လက်ရှိတွင် မြို့အုပ်ချုပ်ရေး မှူးထံမှ ခွင့်ပြုချက် တောင်းရကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

“အရင်က အိမ်ဆောက်ဖို့ဆိုရင် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးက ခွင့်ပြုပြီးရင် ၊ ဆေးရုံ၊ စည်ပင် နဲ့ မီးသတ် ထံက ခွင့်ပြုချက် တောင်းရတယ်၊ အဲ့ဒါတွေအတွက် တစ်နေရာကို ၅ ထောင်ကျပ်ပဲ ပေးရတယ်၊ အခုတော့ မြို့အုပ်ချုပ်ရေးမှူးကို ၂ သိန်း ပေးရတယ်ဆိုတော့ အရမ်းများတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အိမ်ဆောက်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ ဈေးကြီးသည့်အပြင် ယခုလို မြို့အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ ၂ သိန်းကျပ် ပေးဆောင်ရခြင်းသည် အဆင်မပြေကြောင်း ပြည်သူများ က ပြောဆိုနေကြသည်။

ယင်းကဲ့သို့ ပြည်သူများ ပြောဆိုနေခြင်းသည် သတင်းမှားသာ ဖြစ်ကြောင်းလည်း ဦးရာဇာအောင်က တုံ့ပြန် ပြောဆိုထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...