လွိုင်လင်ခရိုင် အိမ်ဆောက်ရန် မြို့အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ နှစ်သိန်းပေးဆောင်ရ

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း နေထိုင်သည့် ပြည်သူများ အိမ်သစ်ဆောက်လိုပါက မြို့ အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ နှစ်သိန်း ပေးဆောင်ရကြောင်း သတင်း သိရသည်။

ဆောက်လုပ်ရေး

ယခင် အချိန်များတွင် လွိုင်လင်ခရိုင် ပြည်သူများအနေဖြင့် နေအိမ်ဆောက်လိုပါက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် စည်ပင်များကို အကြောင်းကြားပြီး ခွင့်ပြုစာ တောင်းခံရသည့်အပြင် လက်ရှိတွင် မြို့အုပ်ချုပ်ရေးမှူးထံမှ ခွင့်ပြုချက် တောင်းရကြောင်းလည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ပင်လုံမြို့မှ ပြည်သူများ အိမ်ဆောက်ရန်အတွက် မြို့အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ ၂ သိန်းပေးသွင်းပြီး ထောက်ခံစာ တောင်းရကြောင်း ဒေသခံများက ပြောသည်။

“အရင်က အိမ်ဆောက်ဖို့ဆိုရင် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးက ခွင့်ပြုပြီးရင် ၊ ဆေးရုံ၊ စည်ပင် နဲ့ မီးသတ် ထံက ခွင့်ပြုချက် တောင်းရတယ်၊ အဲ့ဒါတွေအတွက် တစ်နေရာကို ၅ ထောင်ကျပ်ပဲ ပေးရတယ်၊ အခုတော့ မြို့အုပ်ချုပ်ရေးမှူးကို ၂ သိန်း ပေးရတယ်ဆိုတော့ အရမ်းများတယ်” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အိမ်ဆောက်ရန်အတွက် အိမ်ဆောက်ပစ္စည်းများ ဈေးကြီးသည့်အပြင် ယခုလို မြို့အုပ်ချုပ်ရေးမှူးထံ ပိုက်ဆံ ၂ သိန်းကျပ် ပေးဆောင်ရခြင်းသည် အဆင်မပြေကြောင်း ပြည်သူများ က ပြောဆိုနေကြသည်။

“စားဝတ်နေရေးက တစ်ဖက်၊ အခွန်အကောက်တွေက တစ်ဖက်နဲ့မို့ ပြည်သူတွေ အတွက် ပိုက်ဆံ နှစ်သိန်းဆိုတာ နည်းတဲ့ဗမာဏ မဟုတ်ဘူးလေ၊ ဖြစ်နိုင်ရင်တော့ အရင်ကလိုပဲ အဆင်ပြေပြေ ဖြစ်စေချင်တယ်၊ အဲ့လိုဆိုရင်လည်း စားဝတ်နေရေးလည်း ပြေလည်လာမယ်” ဟု လည်း ၎င်းဒေသခံ က ဆက်ပြောသည်။

အိမ်ဆောက်သည့် ပြည်သူများထံမှ ပိုက်ဆံ နှစ်သိန်း ကောက်ယူ တောင်းခံနေသည့် မြို့အုပ်ချုပ်ရေးမှူးသည် ရာဇာအောင် ဖြစ်ပြီး ပင်လုံမြို့သို့ ပြောင်းရွှေ့ တာဝန်ကျသည်မှာ မကြာသေးကြောင်းလည်း သိရသည်။

ပင်လုံမြို့သည် စစ်တပ်မှ နိုင်ငံတော် အာဏာသိမ်းယူပြီး တစ်နှစ်ကျော် ကြာလာပြီးနောက် အာဏာပိုင်များ၏ ငွေကြေးတောင်းခံမှုများ မကြာခဏ ရှိသည့်အပြင် ညအချိန်မတော် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးမှုများကြောင့် ဖမ်းဆီးခံရသည့် လူငယ် (၃၀) ကျော်ရှိကြောင်းလည်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...