အောင်ပန်း လူငယ် ၁၂ ဦး ကို PDF တပ်ဖွဲ့ နှင့် ဆက်စပ်သည်ဟုဆိုပြီး စစ်ကောင်စီက ဖမ်းဆီး

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ လူငယ်များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နှင့် ပတ်သက် ဆက်စပ်မှု ရှိသည်ဟုဆိုပြီး စစ်ကောင်စီက ဖမ်းဆီးနေကြောင်း စုံစမ်းသိရှိရသည်။

အောင်ပန်းမြို့

ယခုလ (ဒီဇင်ဘာလ ၁၃ ) ရက်တွင် အောင်ပန်းမြို့ ရိုးမလမ်း ဘဏ်ရှေ့လမ်းဆုံအနီးတွင် စစ်ကောင်စီတပ်သား နှင့် ရဲတပ်ဖွဲ့များက အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အောင်ပန်းမြို့ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အများကြီးပါသွားတယ် ၁၀ ယောက်မကဘူးရှင့်။ နိုင်ငံတော်ကို တော်လှန်မှုဆိုပြီး ဖမ်းတယ်။ PDF နဲ့ပတ်သက်တယ် ဆိုပြီး ဖမ်းတယ်။ မြို့ဟောင်း နဲ့ မင်္ဂလာရပ်ကွက်က လူငယ်တွေ တော်တော်များများ ဖမ်းခံရတယ်။ တစ်ရပ်ကွက်ထဲကို ဖမ်းတာလည်းမဟုတ်ဘူး ရပ်ကွက်တိုင်းကိုရှာပြီး ဖမ်းသွားတယ် “ ဟု ၎င်း အမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးခြင်းခံရသည့် လူငယ်များသည် အသက် ၁၆ နှင့် ၂၅ နှစ်ကြား လူငယ်များဖြစ်ကြပြီး လက်ရှိ ဖမ်းဆီးသွားသည့် လူငယ်များကို မည်သည့် နေရာတွင် ချုပ်နှောင်ထားခြင်း မသိရသေးပေ။

“ ကျမတို့ အိမ်ဘေးက ကောင်းလေးတစ်ယောက် အခုထိ ပြန်မလွှတ်လာသေးဘူး။ PDF နဲ့ ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရတယ်။ ဟိုတခေါက်က ဖမ်းခံရတဲ့ အဘိုးကြီး တစ်ယောက်ဆိုလည်း အခု တောင်လေးလုံးမှာ ၇ နှစ် ထောင်ဒဏ်ချမှတ်ထားရတယ်။ အခုတော့ ထောင်ဝင်စာတွေဘဲ ပို့ပေးနေရတယ် လူတွေ့တော့ တွေ့ခွင့်မရှိဘူး “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက် ည ၅ နာရီဝန်းကျင်တွင် အောင်ပန်းမြို့ သွေးအလှူရှင် အသင်းခေါင်းဆောင် ကိုတရုတ်ကြီး နှင့် အတူ ၎င်း၏ အဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် နိုဝင်ဘာလ ပထမအပတ်တွင် တောင်လေးလုံး သို့ ပို့ဆောင်လိုက်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ (၂,၅၈၉) ဦး သတ်ဖြတ်ခံရပြီး (၁၆,၅၅၅) ဦး ဖမ်းဆီးခံနေရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ယမန်နေ့ (ဒီဇင်ဘာ ၁၄ ) ရက်၏ ထုတ်ပြန်ချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

အောင်ပန်းမြို့ ပြည်သူကို ဒုက္ခပေးနေတဲ့ KTV ထဲက  HI ခန်းများ

0
အောင်ပန်းမြို့ဟာ စိုက်ပျိုးရေး ၊ပွဲစားမြို့တော်လို့ လူသိများတဲ့မြို့ဖြစ်ပြီး၊ နေ့စဉ်နဲ့အမျှ ရာသီသီနှံတွေ ကုန်စိမ်းတွေ ကို မြန်မာပြည်တဝှမ်းပို့ဆောင်ရန် အတွက် အလွန်စည်းကားတဲ့မြို့တခုဖြစ်ပါတယ်။ လူမျိုးစုံ၊ ဒေသစုံကလာရောက်ပြီး ဝမ်းရေးရှာဖွေ စားသောက်တဲ့နယ်မြေလည်းဖြစ်ပါတယ်။  စစ်အာဏာမသိမ်းခင်မှာတော့ ရာသီဉတု နဲ့ သန့်ရှင်းလတ်ဆတ်တဲ့ သီးနှံ တွေရရှိတဲ့အတွက် အလွန်နေချင်စဖွယ်ကောင်းတဲ့မြို့ဖြစ်ပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းပြီး ၅နှစ်ကျော်ကာလမှာတော့ အောင်ပန်းမြို့ဟာ...