လောက်ကိုင်မြို့မှ ထွက်လာသည့် ခရီးသည်များကို စစ်ကောင်စီက တစ်ဦးလျှင် တစ်သောင်းကျပ်တောင်းယူ

သျှမ်းပြည် မြောက်ပိုင်း လောက်ကိုင်မြို့မှ ထွက်သည့် လုပ်သားခရီးသည်များကို စစ်ကောင်စီ စစ်ဆေးရေး ဂိတ်မှ တစ်ဦးလျှင် တစ်သောင်း တောင်းယူကြောင်း သတင်းသိရသည်။

လောက်ကိုင်မှ ထွက်သည့် ခရီးသည်

ယမန်နေ့ (ဒီဇင်ဘာလ ၆) ရက်တွင် လောက်ကိုင်မြို့ထဲ အထိ တိုက်ပွဲဖြစ်ပွားမည့် သတင်းပျံ့နှံ့မှုတွေကြောင့် လောက်ကိုင်မြို့မှ ထွက်လာသည့် ခရီးသည်များသည် လမ်းတစ်လျှောက် စစ်ကောင်စီ စစ်ဆေးရေးဂိတ် ကို တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်း တောင်းယူကြောင်း လားရှိုး – လောက်ကိုင် ကားဆရာတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လောက်ကိုင်ကနေ လားရှိုးဘက် ထွက်လာတဲ့ ကွမ်လုံ သတင်းရဲ့ ဟိုဘက် ဒီဘက် စစ်ဆေးရေးဂိတ်တွေမှာ ခရီးသည်တွေက တစ်ယောက်တစ်သောင်းပေးပြီး ဖြတ်ရတယ်၊ ကားခက ၆ သောင်းကျပ်ပဲ ပေးရရင်တောင်မှ စစ်ကောင်စီတွေကို ပေးရတာလည်း ၅ သောင်းထက်မနည်း ရှိနေမှာ၊ ဒါကြောင့် ပိုက်ဆံတော်တော်ကုန်တယ်” ဟု လားရှိုး – လောက်ကိုင် ကားဆရာက ဆိုသည်။

ယင်းကဲ့သို့ ပိုက်ဆံတောင်းယူသည့် စစ်ကောင်စီ တပ်သားများသည် အရက်မူးနေသည့်အပြင် အမျိုးသမီးငယ်များ ကိုလည်း ထိကပါး ရိကပါးလည်း လုပ်ဆောင်ကြောင်း ကားသမားများက ပြောပြသည်။

ယမန်နေ့ ဒီဇင်ဘာ ၆ ရက် ညနေ အချိန်တွင် မြို့ထဲအထိ တိုက်ပွဲဖြစ်ပွားမည့် သတင်းပျံ့နှံလာခြင်းကြောင့် လောက်ကိုင်ရောက် အလုပ်သမားများသည် စိုးရိမ်စိတ်ဖြင့် လိုင်းကားများ အလုအယက် ကားငှားကြရာ ကားငှားခ ဈေးနှုန်းသည် မူရင်း ဈေး ထက် တစ်ဆ မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် လောက်ကိုင်မြို့တွင်း၌ မီး ၇ ရက်ဖြတ်မည်ဟုလည်း သတင်းထွက်လာသည့်အတွက် ပြည်သူများက စိုးရိမ်မှုပိုနေခြင်းဖြစ်ကြောင်းလည်း သတင်းသိရသည်။

“တိုက်ပွဲ သတင်းလည်း ထွက်လာရော၊ မီးဖြတ်မယ့် သတင်းလည်း ထွက်လာလို့ ပြည်သူတွေက ပိုစိုးရိမ်ကြပြီး ဇာတိမြေကို ပြန်ချင်ကြတာ၊ ဒါပေမဲ့ မီးဖျက်မယ့် ကိစ္စက ကေဘလ်ကြိုးလှဲဖို့ အတွက်ဆိုတာ EPC က ထုန်ပြန်ထားတယ်၊ တိုက်ပွဲနဲ့ မဆိုင်ပါဘူး” ဟု လောက်ကိုင် ဒေသခံ အသက် ၄၀ ဝန်းကျင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တိုက်ပွဲသတင်းများကြောင့် ပြည်သူများ အလုပ်သမားများ စိုးရိမ်ကြောက်လန့်ပြီး နေရပ်ပြန်ကြ ခြင်းနှင့် ပတ်သက် ပြီး မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့က တိုက်ပွဲသတင်းသည် ကောလဟလသာ ဖြစ်ကြောင်း မယုံကြည်ကြရန် ထုတ်ပြန် ပြောဆိုထားသည်။

အဆိုပါ ထုတ်ပြန်ချက် ထွက်ပြီးနောက် ယနေ့ (ဒီဇင်ဘာလ ၇) ရက်တွင် လောက်ကိုင်မြို့မှ ထွက်လာရန် ပြင်ဆင်သည့် အချို့အလုပ်သမားများက နောက်ပြန်လှည့်ပြီး လောက်ကိုင်မြို့သို့ သွားရောက်အလုပ်လုပ် သည့် ခရီးသည်လည်း ဆက်ရှိနေသေးကြောင့် အမည်မဖော်လိုသူ ကားသမားတစ်ဦးက ဆက်ပြောသည်။

“ဒီနေ့မှ လောက်ကိုင်က အထွက် ရှိပေမဲ့ မနေ့ကလောက် မများတော့ဘူး၊ ပြန်ဝင်တဲ့သူလည်း ရှိသလို တခြားက အလုပ်လုပ်ဖို့ လာတဲ့သူတွေလည်း ရှိတယ်၊ အုပ်ချုပ်ရေးပိုင်းက စာထွက်လာတော့ ပြည်သူတွေ က အားရှိသွားတယ်ပြောရမယ်ပေါ့၊ တကယ်တော့လည်း တိုက်ပွဲက ဖြစ်မယ်မှန်းကို မသေချာတာ” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး ထိုလောက်ကိုင်မြို့ထဲအထိ တိုက်ပွဲ ဖြစ်လာနိုင်သည့် သတင်းကြောင့် လောက်ကိုင်ရောက် အလုပ်သမားများက စိုးရိမ်မှုမြင့်တက်ကာ နေရပ်ပြန်ကြခြင်း ဖြစ်သည်။

လောက်ကိုင်မြို့နယ်ထဲတွင် လောင်းကစားဝိုင်း အများအပြားရှိပြီး ရွှေ့ပြောင်းအလုပ်သမားများက လောင်းကစားဝိုင်းများ နှင့် အွန်လိုင်းဂိမ်း၊ ဘာသာပြန် အလုပ်အကိုင်များ သွားရောက် လုပ်ကိုင်ကြသည့် နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ချင်းရွှေဟော်နယ်စပ်တွင် ဂိတ်သစ် တိုးချဲ့နေ

0
ကိုးကန့်တပ် (MNDAA) ထိန်းချုပ်ထားသည့် ချင်းရွှေဟော်မြို့တွင် တရုတ်-မြန်မာ နယ်စပ်ဂိတ်ဟောင်းကို ပြန်လည်ပြုပြင်ချဲ့ထွင်နေပြီး ဂိတ်သစ်တစ်ခုကိုလည်း မကြာမီဖွင့်လှစ်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဂိတ်ဟောင်းကို ကုန်တင်ကားကြီးများ အဆင်ပြေစွာ သွားလာနိုင်ရန် ကွင်းပြင်ပုံစံ တိုးချဲ့နေပြီး ခြံစည်းရိုးအသစ်များကိုလည်း ပြန်လည်တည်ဆောက်နေကြောင်း “ဝ”ဒေသတွင်း မီဒီယာတစ်ခုဖြစ်သော Wa News Land...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

လောက်ကိုင်တွင် လူသတ်မှုကျူးလွန်သူ အမျိုးသား ၄ ဦးကို MNDAA သေဒဏ်စီရင်

0
ထိုင်း-မြန်မာနယ်စပ် လောက်ကိုင်မြို့တွင် လူသတ်မှုအပါအဝင် ရာဇဝတ်မှုများ ကျူးလွန်သည်ဟုဆိုကာ အမျိုးသား ၄ ဦးကို ကိုးကန့်တပ် (MNDAA) က ဇွန်လ ၁၃ ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း MNDAA ၏ ထုတ်ပြန်ချက်အရ သိရသည်။ လောက်ကိုင်မြို့ တုံချိန်ရပ်ကွက်ရှိ အားကစားကွင်းတွင် ကျင်းပသည့် အဆိုပါတရားစီရင်ရေး...