စက်တင်ဘာလ ၁၉ ရက် နိုင်ငံတော်အတိုင် အပင်ခံဒေါ်အောင်ဆန်း စုကြည်ပြောသွားတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှုဆိုင်ရာ နိုင်ငံတော်အခြေပြမိန့်ခွန်းအပေါ် SNDP ပါတီဥက္ကဌ စိုင်းအိုက်ပေါင်းအမြင်

သျှမ်းအမျိုးသားအကြားမှာလည်းအမျိုးသားပြည်လည်သင့်မြတ်ရေးအတွက်လည်း အရေးကြီး တာ ပေါ့နော်။ သင့်မြတ်မှငြိမ်းချမ်းမယ်လေ။ ငြိမ်းချမ်းမှဖွံ့ဖြိုးတိုးတက်မယ်လေ။ အရေးကြီးပါတယ်သင့်မြတ်ရေး က။ လွတ်လပ် ရေးရပြီးကတည်းက အမျိုးသားပြန်လည်သင့်မြတ်ရေးမရှိလို့ဘဲ လက်နက်ကိုင်ပဋိပက္ခ တွေဖြစ်လာ တာလေ။ ပြည်ထောင်စုထဲမှာ သင့်မြတ်ရေးမရှိလို့ ဖွံ့ဖြိုးသင့်လျက်နဲ့မဖွံ့ဖြိုးဘူး။ သယံဇာတပေါကြွယ်ဝလျက်နဲ့ လူတွေက ဆင်းရဲတွင်းနက်နေသေးတယ်။

ကျနော်တို့နိုင်ငံကအရမ်းကိုကံကောင်းတယ်လို့ပြောလို့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က NLD အစိုးရဖြစ် နေ တော့ နိုင်ငံတကာဖိအားက ရှိသင့်သလောက်မရှိဘူး။ ခံသာတယ်လို့ပြောလို့ရပါတယ်။သူ့ရဲ့ အင်းမိတ်က အပြည်ပြည်ဆိုင်ရာ ပုဂ္ဂိုလ်ရေး ထင်ပေါ်ကျော်ကြားမှုက ကြီးမားတဲ့အတွက်ကြောင့်ကျနော်တို့က ကခံသာတယ်။နို့မဟုတ်လို့ရှိရင်သိပ်မလွယ်ဘူး။ဖြေရှင်းရမယ့်ပြသနာက နှစ်ပေါင်းကကြာလှပြီကိုး။ ဖြေရှင်း ရမယ့် ဟာက တဆင့်ပြီးတဆင့်သွားရမယ်။ချက်ချင်းတော့ ပြေလည်နိုင်မယ့်အခြေအနေတော့မရှိဘူး။ ဒါမယ့်ကျနော်တို့ စိတ်ရှည်သီးခံပြီးတော့တဆင့်ချင်းသွားရင်တော့ ဖြေရှင်းနိုင်မယ်လို့တော့ ကျနော်တို့ ယုံကြည်မျှော်လင့်ပါတယ်။

ရခိုင်ပြည်နယ်ဘက်က ပဋိပက္ခအလားတူ သျှမ်းပြည်နယ်ထဲမှာလည်း တိုက်ပွဲပဋိပက္ခတွေလည်း ရှိ်နေတော့ သူမအနေနဲ့ ကြိုးစားရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့သျှမ်းပြည်က နှစ်ပေါင်းကတော်တော်ကြာပြီလေ။ ပဋိပက္ခ ဖြစ်လာတာ။ အမှန်အတိုင်းသုံးသပ်မယ်ဆိုလို့ရှိရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အရင် တုန်း ကထက်စာရင် အခုက ပိုပြီးတော့အင်အားတောင့်တင်းလာတယ်။ အဲတာကြောင့်ဒီဟာကို စိတ်ရှည်ပြီး တော့မှ နိုင်ငံရေးပြသနာကို နိုင်ငံရေစာပွဲဝိုင်းမှာဖြေရှင်းမှဘဲရတော့မယ်။ လက်နက်ကိုင်နည်းလမ်းနဲ့ဖြေရှင်းလို့ မလွယ်ဘူး။ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာသူမ စွမ်းဆောင်နိုင်မယ်လို့တော့မြင်တယ်။ ဒါမယ့်သူမ အချိန်အတိုင်းအတာတော့လိုမယ်။ သူ့အစိုးရသက်တမ်းက ၃ နှစ်ကျော်ကျော်ဘဲကျန်တော့တယ်။ ဒါကြောင့် သူတို့ရဲ့အစိုးရသက်တမ်းမှာ အောင်မြင်မယ်လို့တော့ လုံးဝ မျှော်လင့်လို့တော့မရဘူးဗျ။ ဘာလို့လဲဆိုတော့ နိုင်ငံရေးစကားဝိုင်းထဲကိုအကုန်လုံးကမရောက်လာသေးဘူးလေ။ ၈ ဖွဲ့ဘဲရောက်လာသေးတယ်။ ကျန်တဲ့အဖွဲ့တွေမရောက်လာသေးဘူး။ အားလုံးရောက်လာရမယ်။

တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခ လည်းဖြေရှင်းရမယ်။ ရခိုင်ပြသနာလည်းဖြေရှင်းရမယ်။ ရခိုင်ပြသနာက အပြည်ပြည်ဆိုင်ရာ ထက်ပိုပြီးတော့ အရေးကြီးတဲ့သဘောမှာရှိနေတယ်။ နိုင်ငံတကာဖိအားပါတယ်လေ။

ရခိုင်နဲ့သျှမ်းပြည်ပြသနာဖြေရှင်းမှုကိုကြည့်မယ်ဆိုရင် သူလည်း ကြိုးစားနေပါတယ်။ ၀မ်းသာစရာတခုကောင်းတာက NCA လက်မှတ်ထိုးထားတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်တို့အဖွဲ့ RCSS/SSA က ခုရက်ပိုင်းလေးတင် ဒေါ်အောင်ဆန်းစုကြည်ကိုရော ဒုတိယကာကွယ်ရေးဦးစီးချုပ်ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ကောသွားတွေ့လိုက်တဲ့အပေါ် ရှေ့အလားအလာ ကောင်းမယ်လို့ကျနော်တို့မျှော်လင့်ထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...