အိမ်ခန်းအတွင်း အမျိုးသမီးငယ် တစ်ဦး သေဆုံး

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင်း အိမ်ခန်းငှားနေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး နေအိမ်အတွင်း သေဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

သေဆုံးသည့် အမျိုးသမီး

ယမန်နေ့ ဒီဇင်ဘာ (၄) ရက်နေ့က အသက် (၁၇) နှစ်အရွယ် နန်းအွန်ပင်းသည် သူမ ငှားရမ်းနေထိုင်သည့် အခန်းတွင်း ဦးနှောက်သွေးကြောပြတ် သေဆုံးခဲ့ကြောင်း ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်း က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“သူ့အမျိုးတွေက သူ့ကို ဆက်သွယ်လို့ မရဘူးဆိုပြီး ကျနော်တို့ သွားကြည့်လိုက်တော့ ကုတင်ပေါ် သေဆုံးနေတယ်။ သူ့ရုပ်အလောင်းကို ပို့ဆောင်စစ်ဆေးတာကတော့ ဆရာဝန်တွေဆေးစစ်ချက်အရ ပြောတာက ဦးနှောက်သွေးကြောပြတ်တဲ့ ပုံစံနဲ့ သေဆုံးသွားတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့ ၂ ရက်လောက်ကလည်း သူ နေမကောင်းလို့ဆိုပြီး အပြင်ဆေးခန်းမှာ သွားပြတယ်လို့လည်း ပြောသံကြားရတယ်” ဟု ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

အဆိုပါ အမျိုးသမီးသည် မိုင်းယောင်းမြို့ ဒေသခံဖြစ်ပြီး တာချီလိတ်မြို့ရှိ KTV ဆိုင် တစ်ဆိုင်တွင် အလုပ်လာလုပ်သည့် သူဖြစ်ကြောင်း သိရှိရသည်။

“ဆေးစစ်ချက်မှာတော့ မူးယစ်သောက်စားတာတွေတော့ မရှိဘူး။ သူက တာချီလိတ် ဒေသခံ မဟုတ်တော့ အခန်းငှားနေရင်း တစ်ယောက်တည်းနေတာ။ ဒီနေ့ နေ့လည်ပိုင်းမှာ သူ့ကို သင်္ဂြိုလ်နေပါပြီ။ သူ့မိဘတွေလည်း ရောက်လာတယ်” ဟု ဦးလှမိုး တာချီလိတ် လူမှုကူညီရေးအသင်း တာဝန်ရှိသူ တစ်ဦး ကပြောသည်။

တာချီလိတ်မြို့သည် ထိုင်း – မြန်မာ နယ်စပ်မြို့တစ်မြို့ဖြစ်ပြီး လောင်းကစားမျိုးစုံရှိခြင်း၊ KTV များ ပေါများရာနေရာဖြစ်ပြီး တခြားဒေသမှ လူငယ်များ အလုပ်လာရောက် လုပ်ကိုင်သည့် မြို့ တစ်မြို့ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်း KTV နှင့်တွဲဖွင့်ထားသည့် Hi ခန်းများ အရေးယူရန် ဒေသခံများ တောင်းဆို

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့ရှိ KTV များတွင် မူးယစ်ဆေးဝါးသုံးစွဲသည့် HI ခန်းများ ပြုလုပ်နေခြင်းနှင့် ဒုစရိုက်မှုများ များပြားလာခြင်းကြောင့် ဒေသခံပြည်သူများ အနှောင့်အယှက်ဖြစ်ကာ လုံခြုံရေးအတွက် စိုးရိမ်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။ အောင်ပန်းမြို့ပေါ်ရှိ KTV ဆိုင်အချို့တွင် HI ခန်းများပြုလုပ်ကာ အော်ဟစ်ဆူညံခြင်း၊ လှည်းရိုးရပ်ကွက်အတွင်း စားသောက်ဆိုင်အမည်ခံကာ ပြည်တန်ဆာလုပ်ငန်းများ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ် နဂါးနှစ်ကောာင် KTV မီးလောင် ၄ ဦးထိခိုက်ဒဏ်ရာရ

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယနေ့ (ဇွန်လ ၁၉ ရက်) မနက် ၉ နာရီခန့်တွင် တရုတ်-မြန်မာ မူဆယ်မြို့ဘက်ခြမ်း ဆင်ဖြူပေါက်အနီးရှိ နဂါးနှစ်ကောင် KTV ၌ မီးလောင်မှု...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...