သျှမ်းပြည်သား ကျိုက်ထို လျှပ်စစ်အင်ဂျင်နီယာ မိုင်းအောင်နေထွန်း ပစ်သတ်ခံရ

သျှမ်းပြည် မှတ်ပုံတင်ကိုင်ဆောင်ထားသည့် တအာင်း (ပလောင်) လူမျိုး မိုင်းအောင်နေထွန်း (ခ) ရှမ်းလေးသည် ကျိုက်ထို မြို့နယ် လျှပ်စစ်အင်ဂျင်နီယာ အဖြစ် တာဝန်ထမ်းဆောင်စဥ် ပစ်သတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

မိုင်းအောင်နေထွန်း

ပြီးခဲ့သည့် နိုဝင်ဘာ ၂၉ ရက်တွင် မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး နေအိမ်ကို မီးပြင်ဖို့သွားနေစဉ် အမည်မသိ လက်နက်ကိုင် ၂ ဦးက ဆိုင်ကယ် နှင့် လိုက်လာပြီး ပစ်ခတ်ခံခဲ့ရကြောင်း သိရှိရသည်။

အဆိုပါ မိုင်းအောင်နေထွန်း (ခ) ရှမ်းလေးသည် ဒေသတွင်း မီတာခ မဆောင်သည့် အိမ်များကို မီဖြတ်ခိုင်းသူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားသူဟုဆိုပြီး လာရောက်ပစ်ခတ်ခဲ့ရာ လက်ရှိအချိန်ထိ မည်သည့် အဖွဲ့မှ လာရောက်ပစ်ခတ် သွားသည်ကို မသိရှိသေးပေ။

မိုင်းအောင်နေထွန်းသည် ကိုဗစ် – ၁၉ ကာလအတွင်း ရပ်ရွာအတွင်း လိုလေသေးမရှိ ဆောင်ရွက်ပေးခဲ့သူ ထောက်ပံ့ကြေးငွေရှာပေးခဲ့သူ၊ စားဝတ်နေရေး အဆင်ပြေအောင် အမြဲလုပ်ဆောင်ပေးခဲ့သူ တစ်ဦးဖြစ်သည်ဟု မိုင်းအောင်နေထွန်း၏ မွန်ပြည်နယ် ပေါင် လူထုများက လူမှုကွန်ယက်ပေါ်တွင် ရေးသားထားသည်။

အလားတူ Paung Daily လူမှုကွန်ယက် စာမျက်နှာပေါ်တွင်လည်း ပေါက်မြို့နယ်သို့ တာဝန်ကျရောက်လာချိန်တွင် ကျေးရွာပေါင်း ၉၀ ဝန်းကျင်ကို လျှပ်စစ်မီးရရှိအောင် လုပ်ဆောင်ပေးခဲ့သူဖြစ်ကြောင်း ရေးသားထားသည်။

ထို့အပြင် ကိုဗစ် – ၁၉ ကာလအတွင်းတွင်လည်း ပေါင်မြို့နယ်အတွက် လိုလေသေးမရှိ ကူညီပေးခဲ့သူဖြစ်ကြောင်း၊ ယခုလို လုပ်ကြံသတ်ဖြတ်ခံရသည့် အတွက်ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားသည်။

မိုင်းအောင်နေထွန်းတွင် သေနတ်ပစ်သတ်ခံရပြီးနောက်ပိုင်း ၎င်း၏ ဇနီး နှင့် သားတစ်ဦး၊ သမီးတစ်ဦး ကျန်ရစ်ခဲ့ ကြောင်းသိရသည်။

ကျိုက်ထိုမြို့နယ် လျှပ်စစ်ရုံးကိုလည်း ဒေသတွင်း လှုပ်ရှားသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှ ဗုံးမကြာခဏ ဖောက်ခွဲလေ့ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

၂၀၂၆ နဲ့ ၂၀၁၀ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုက ဘာတွေကွာခြားလဲ

0
အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်ပေါ်ပေါက်လာပြီးနောက် စစ်ကော်မရှင်ဘက်က စစ်ယူနီဖောင်းချွတ် စစ်အစိုးရ အသွင်ပြောင်းလဲကာ အများမျှော်လင့်ထားသည့်အတိုင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသည်။ အလားတူ တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို ဖွဲ့စည်းပြီး နိုင်ငံရေးဦးတည်ချက် (၆)...