Tuesday, January 27, 2026

တောင်ကြီး ဘတ္ထရီပြုပြင်ဆိုင် လျှပ်စစ်မီးဝါယာရှော့ မီးလောင်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းကမ္ဘာ့ရတနာဘဏ်အနီးရှိ ဘတ္ထရီပြုပြင်ရေးတစ်ဆိုင်သည် ယနေ့ (နိုဝင်ဘာ ၁၆)ရက် နံနက် ၈နာရီတွင် လျှပ်စစ်မီးဝါယာရှော့မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လျှပ်စစ်မီးဝါယာရှော့မှတဆင့်မီးလောင်

ယနေ့ နိုဝင်ဘာလ ၁၆ ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်မှ စတင်ပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်အတွင်းရှိ ပစ္စည်း အချို့မီးလောင်ထဲသို့ ပါသွားကြောင်း တောင်ကြီးဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဝါယာကြိုးတစ်ဆင့် ရှော့ဖြစ်ပြီး မီးလောင်တာ။ ဆိုင်ထဲက ဒိုင်နမို၊ ဘထရီတွေ တခြားအသုံးဆောင် ပစ္စည်း အချို့တွေတော့ မီးလောင်သွားတယ်။ မီးစလောင်ပြီး နာရီအတွင်းမှာဘဲ မီးငြိမ်းသွားတယ်။ ပျက်စီးဆုံးရှုံး မှုကတော့ သေချာမသိရဘူး “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

လျှပ်စစ်မီးဝါယာရှော့မှ တဆင့်မီးလောင်

အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်းမှာ ဆိုင်ထဲရှိလူများ ဘေးလွှတ်ရာသို့ ထွက်ပြေးနိုင်ခဲ့သဖြင့် လူထိခိုက်ဒဏ်ရာမရှိ ခဲ့ကြောင်း သိရသည်။

“ လျှပ်စစ်မီးဓာတ်တိုင်နဲ့ အိမ်က မီးကြိုးချိတ်တဲ့နေရာကနေ ဝါယာရှော့ဖြစ်ပြီးလောင်တာ။ အဓိတော့ လျှပ်စစ်မီးဌာနက စနစ်တကျ မလုပ်လို့ပဲ။ မီးကလည်း ခဏခဏပျက်လိုက် လာလိုက်ဖြစ်တာလဲပါမယ်” ဟု တောင်ကြီးဒေသခံ အမျိုးသားက ဆိုသည်။

လျှပ်စစ်မီးဝါယာရှော့ ဖြစ်ခြင်းသည် ချို့ယွင်းသော ပလက်ပေါက်များနှင့် လျှပ်စစ်ပစ္စည်းများ အသုံးပြုခြင်း၊ မီးခုံတွေပေါ်မှာ အများဆုံး သတ်မှတ်ထားသည့် ဝပ်အားထက် ကျော်လွန်ပြီး မီးလုံးများကို အသုံးပြုခြင်းမှ မီးလောင်မှုဖြစ်ပွားနိုင်ခြင်း၊ Extension မီးကြိုးတစ်ခုတည်းနှင့် လိုင်းများခွဲပြီး အချိန်ကြာမြင့်စွာ အသုံးပြုခြင်း၊ ဟောင်းနွမ်းနေသည့် ဝါယာကြိုးများ အသုံးပြုခြင်း စသဖြင့် လျှပ်စစ်မီးမှ တဆင့် မီးလောင်မှုဖြစ်ပွားနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်းရှိ ဆိုင်ခန်းများ ဖယ်ရှားရန် ထပ်မံသတိပေး၊ ဈေးသည်အခက်တွေ့

0
သျှမ်းပြည် တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ ဖယ်ရှားရန် ထပ်မံ သတိပေးလာခြင်းကြောင့် ဈေးသည်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့ရှိ စစ်ကော်မရှင်လက်အောက်ခံ အားကစားနှင့် ကာယပညာဦးစီးဌာန (အား/ကာ) မှ ပြည်နယ်အားကစားကွင်း ပတ်လည်တွင် တည်ဆောက်ထားသော ဆိုင်ခန်း/ တိုက်ခန်းများ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...

မူဆယ်မြို့တွင် ဆိုလာပြားဘတ္ထရီ ပေါက်ကွဲမှုကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ဆိုလာပြားဖြင့် ဘတ္ထရီ အားသွင်းရာမှ အပူလွန်ကဲပြီး ပေါက်ကွဲခဲ့ခြင်းကြောင့် နေအိမ်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၁ ရက်) ညနေ ၆ နာရီခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက်၊ သိန်းသန်းချီ အဝေးပြေးကားကြီးဝင်းနှင့် ခိုင်ဇာနန်းတော် ဟိုတယ် အနီးပတ်ဝန်းကျင်ရှိ နေအိမ်တစ်လုံးတွင်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

တောင်ကြီးမြို့သို့ အလုပ်လာရောက်သည့် အမျိုးသမီးတစ်ဉီး ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက် ဩတချောင်း နယ်မြေ (၅) ရွှေကြယ်မုန့်ဆိုင်တွင် အလုပ်လာလုပ်သည့် အသက် (၂၀) အရွယ်ရှိ မစုပြည့်အောင် ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။ အဆိုပါ မစုပြည့်အောင်သည် အင်းလေးဒေသ ညောင်ရွှေမြို့နယ် ပုံ့မှုကျေးရွာအုပ်စု ကျောင်းနားကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ဦးဝင်းဖေ၊ ဒေါ်ငွေရင်တို့၏ တစ်ဦးတည်းသော သမီးဖြစ်ကြောင်း...