နမ့်လန်မြို့ မီးဝန်အား လျှော့ချမှုကြောင့် လျှပ်စစ် အားကိုးသူများ ဝင်ငွေထိခိုက်လာမည်ကို စိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့တွင် လျှပ်စစ်ဝန်အားကို လျှော့ချလိုက်သောကြောင့် လျှပ်စစ်မီးကို အားကိုးပြီး အလုပ်လုပ်သည့်သူများ ဝင်ငွေထိခိုက်လာမည်ကို စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

လျှပ်စစ်မှူးရုံးမှ ထုတ်ပြန်ချက်

ယနေ့ (နိုဝင်ဘာ ၇ ရက်) မှစပြီး လကုန်အထိ လျှပ်စစ်ဝန်အားကို မနက် ၆ နာရီမှ ၉ နာရီ ၊ ည ၃ နာရီမှ ၆ နာရီ အထိ မီးပိတ်သွားမည်ဖြစ်ကြောင်း နမ့်လန်မြို့ လျှပ်စစ်မှူးရုံးက ယနေ့ ထုတ်ပြန်ခဲ့သည်။

လျှပ်စစ်မီးဖြင့် အလုပ်လုပ်သည့် ဆန်စက်၊ ကွန်ပျူတာ ဆိုင်များက အလုပ်လုပ်ရန် ခက်ခဲလာပြီး ဝင်ငွေ ထိခိုက်လာနိုင်ကြောင်း သိရသည်။

“ဝင်ငွေတော့ ထိခိုက်လာနိုင်တာပေါ့။ မီးစက်နိုးရင်လည်း ပတ်ဝန်းကျင်ကို အားနာရတယ်လေ။ ပြီးတော့ ဆီဈေးကကြီးတော့ သူများကို ဈေးအများယူတော့လည်း မရပြန်ဘူး။ အလုပ်ကို ပုံမှန်မလုပ်ရဘူး။ ပြီးချိန်တန် မပြီးတော့ဘူး” ဟု နမ့်လန်မြို့ ဓာတ်ပုံ ဆရာတစ်ဦးက ပြောသည်။

ထိုအပြင် ယခင်က NLD အစိုးရ နှင့် လက်ရှိ နိုင်ငံရေး ရှုပ်ထွေးချိန်တွင် ဝင်ငွေ ထက်ဝက်စီ ကွာခြားကြောင်း သိရသည်။

“ အခုကတော့ ဝင်ငွေကို ပုံမှန်တွက်ပြလို့မရဘူး။ အလုပ်က ပုံမှန်မလုပ်ရဘူး။ အရင်က နိုင်ငံရေးကောင်းချိန်နဲ့ အခုနိုင်ငံရေး အခြေနေနဲ့ဆိုရင် ဝင်ငွေက မိုးနဲ့ မြေကွာခြားတယ်။ အရင်က ၁ သောင်းနဲ့ဈေးဆိုရင် အခုက ၃ သောင်းလောက်မှ ရတော့တယ်” ဟု အထက်ပါ ဓာတ်ပုံဆရာက ပြောသည်။

လက်ရှိ နမ့်လန်မြို့သည်လည်း နိုဝင်ဘာလ ကစပြီး မီးပုံမှန် မလာကြောင်း သိရသည်။

“ မီးပျက်တာ ၂ ရက် ၃ ရက်ရှိနေပြီ။ ဒီနေ့မှ သူတို့ထုတ်ပြန်တာ။ မီးပျက်တော့ ကျနော်တို့ အလုပ်မဖြစ်ဘူးပေါ့။ ပြီးသင့်တဲ့ အလုပ်တွေလည်း မပြီးတော့ဘူး။ ကျနော်တို့ဆို ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာ။ အင်တာနက်တွေလည်း မီးမလာရင် မရတော့ဘူး” ဟု ရုံးဝန်ထမ်းတစ်ဦးက ပြောသည်။

အလားတူ လျှပ်စစ်အားကို အသုံးပြုပြီး အလုပ်လုပ်သည့် ဆန်စက်များသည် အလုပ်ပုံမှန်မပြီးဘဲ အချိန်ကြာနေကြောင်း သိရသည်။

“ အခုချိန်တော့ စပါးလာကြိတ်တဲ့ သူတွေ သိပ်မရှိသေးဘူး။ စပါးရိတ်နေသေးတယ်ဆိုတော့လေ။ ဒါမယ့်လည်း မီးပျက်တော့ အလုပ်မလုပ်ရဘူးပေါ့။ မီးစက်သုံးရင်လည်း ပိုက်ဆံပိုကုန်တယ်။ ဆီဈေးက တက်နေတယ်” ဟု ဆန်စက်ပိုင်ရှင်တစ်ဦးက ပြောသည်။

ယနေ့ နမ့်လန်မြို့ ဓာတ်ဆီ ကာလပေါက်စျေးမှာ တစ်လီတာကို ၂,၅၀၀ ကျပ် မှ ၂,၆၀၀ ကျပ် အထိဈေးရှိနေကြောင်းသိရသည်။

ထိုအပြင် နမ့်လန်မြို့ လျှပ်စစ်မီးသည် လျှပ်စစ်မှူးရုံးတို့ သတ်မှတ်ထားသည့် အချိန်အတိုင်း ပုံမှန်လာခြင်း မရှိကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

အဆိုပါ လျှပ်စစ်မီး ဝန်လျှော့ရခြင်းသည် ရွှေလီမြစ်မှ လျှပ်စစ်မီးထုတ်လုပ်မှု မလုံလောက်သောကြောင့် မီးဝန်အားကို လျှော့ချရကြောင်း နမ့်လန်မြို့ လျှပ်စစ်ဖြန့်ဖြူးရေး တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ သူတို့ လျှပ်စစ်မီး ထုတ်လုပ်မှု မလုံလောက်လို့ မီးကို အချိန်ပြည့် မပေးနိုင်တော့တာ။ ရွှေလီကနေ လျှပ်စစ်ထုတ်လုပ်ပေးတာက နည်းလာတာကြောင့် ကျနော်တို့ ဒီမြို့တွေကို လျှပ်စစ်ပေးမှု နဲ့လျော့ချရတာ။ အထက်က လျှော့ချခိုင်းတဲ့အတိုင်းလျှော့ချပေးရတာပါ။ ဒီလကုန်ရင်တော့ နောက်လကျရင် ပုံမှန် ပြန်ရမယ်ထင်တာပဲ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီက အာဏာသိမ်းပြီး နောက်ပိုင်း သျှမ်းပြည်အတွင်းမှာ မြို့နယ်တိုင်း အားလုံးနီးပါးကို မီးဖြတ်တောက် နေလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...