မိုးမောက်မြို့နယ် ကျေးရွာတွင်း စစ်ကောင်စီတပ်စွဲထား နေအိမ်မီးရှို့ခံရမည်ကို ဒေသခံများစိုးရိမ်

ကချင်ပြည် မိုးမောက်မြို့နယ် လုံဂျာရွာ နှင့် နောင်ပေါင်းကျေးရွာတွင်း စစ်ကောင်စီ တပ်ရင်း (၈၈) က တပ်စွဲနေထိုင်ထားခြင်းကြောင့် နေအိမ် မီးရှို့ခံရမည်ကို စစ်ရှောင်များက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။

မိုးမောက်တိုက်ပွဲ

ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်မှစပြီး ယနေ့ထိ စစ်ကောင်စီတပ်ရင်း (၈၈)က စစ်ကား၂ စီး နှင့် စစ်အင်အား ၄၀ ကျော်သည် ကျေးရွာအတွင်းရှိ ကားလမ်းမပေါ်၊ ပြည်သူ၏ နေအိမ်၊ အဆောက်အဦးထဲတွင် တပ်စွဲ နေထိုင်ခြင်းကြောင့် နေအိမ် မီးရှို့ခံရမည်ကို စိုးရိမ်နေကြောင်း အသက် (၃၀) နှစ် စစ်ရှောင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ ရွာမှာ စစ်ကောင်စီတပ်စွဲထားတာ ၃ ရက်လောက်ရှိပြီ။ စစ်ရှောင်လာတဲ့ တချို့ပြည်သူတွေက အခုအိမ်မှာ အိမ်စောင့်ပေးမယ့်သူ မရှိဘူး။ တချို့စစ်ရှောင်တွေက အိမ်မှာ ၃ ယောက်ပဲရှိရင် အကုန်ထွက်ပြေး လာရတယ်လေ။ စစ်တပ်က ညဘက်ရောက်လာပြီဆိုရင် ရွာထဲဝင်ပြီး မနက် မိုးလင်းတဲ့အချိန်ထိ နေတယ်။ နေ့ဘက်ဆိုရင်း စစ်အင်အားတွေခွဲပြီး ကားလမ်းမပေါ်မှာ စောင့်နေကြတယ်။ ကျနော် စိုးရိမ်တာတော့ စစ်တပ်တွေက အိမ်မီးရှို့တာ၊ နေအိမ်ကို ဖျက်စီးသွားမှာကို စိုးရိမ်နေတယ် “ ဟု ၎င်း ကော်မတီဝင်တစ်ဦးက ပြောသည်။

လက်ရှိ အချိန်ထိ စစ်ကောင်စီ တပ်ရင်း (၈၈) က ကျေးရွာထဲတွင် တပ်စွဲနေထိုင်ထားဆဲဖြစ်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ နှင့် နှစ်ဖက်အပြန်အလှန် တိုက်ပွဲထပ်မံ ဖြစ်ပွားမည်ကို စိုးရိမ်နေကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် တိုက်ပွဲအတွင်း ထွက်ပြေးတိမ်းရှောင်ရသော စစ်ရှောင်ဦးရေ ၆၅၀ ကျော်သည် လက်ရှိမှာ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းအချို့တွင် စစ်ရှောင်နေရပြီး နေရပ်သို့ မပြန်နိုင်သေးကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက ပြောသည်။

“ ကျနော်တို့ စစ်ရှောင်တွေက ချမ်းမြေ့ဘုန်းကြီးကျောင်း နဲ့ မြို့ပေါ်က တချို့ဘုန်းကြီးကျောင်းမှာ စစ်ရှောင်နေတယ်။ ရွာမှာက စစ်ကောင်စီ တပ်စွဲထားတယ်ဆိုတော့ ကျနော်တို့ ပြန်သွားရင် ဘာဖြစ်မယ် ဆိုတာ မသိဘူး။ တိုက်ပွဲထပ်ဖြစ်ရင်လည်း ကျနော်တို့က ထပ်ပြီး ထွက်ပြေးလာရမယ်။ အခုတော့ စစ်ရှောင်ထားပြီး စားနပ်ရိက္ခာတွေ စုဆောင်းထားရတယ်။ စားနပ်ရိက္ခာတွေက အချိန်ကြာရင်တော့ စိတ်ပူရတယ် “ဟု ၎င်း စစ်ရှောင် အမျိုးသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၀ ရက်မှစပြီး စစ်ကောင်စီ တပ်ရင်း (၈၈) နှင့် ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ကာ အမျိုးသမီး ၂ ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး ၄ ဦး ဆေးဝါး ကုသခံနေရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...