ကျောက်မဲ စစ်ရှောင်ကလေးများ ပြုစုပျိုးထောင်ရေးအတွက် သျှမ်းမူကြိုကျောင်း ဖွင့်မည်

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ဘေးရှောင်များ၏ ကလေးငယ်များ ပြုစုပျိုးထောင်ရေး အတွက် သျှမ်းမူကြိုကျောင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း သတင်း သိရသည်။

ကျောက်မဲမြို့

ကျောက်မဲမြို့နယ် ရှမ်းစာပေ နှင့် ယဥ်ကျေးမှုအသင်းမှ ဦးဆောင်ကာ လာမည့် နိုဝင်ဘာလ ၁၃ ရက်တွင် မူကြိုကျောင်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး စစ်ရှောင် ကလေးများ သိသင့်သိထိုက်သည့် အသိပညာများရရှိရန် ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှမ်း/စာယဥ် ဥက္ကဌ လုံးစိုင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မူကြိုကလေးတွေ နဲ့ သင့်လျော်တဲ့ နေထိုင်စားသောက်မှုတွေ၊ ဘာသာစကားနဲ့ဆိုင်တဲ့ ယာဥ်ကျေးမှုတွေ၊ ပြီးတော့ ရိုးရာအမွေအနှစ် နဲ့ ကဗျာတွေ၊ ဘုရားစာတွေကို စာသင်တဲ့ သဘောမျိုးမဟုတ်ပဲ သရုပ်ပြ နဲ့ နှုတ်တိုက်သင်ပေးဖို့ပါ၊ ရှမ်းစာပေယဥ်ကျေးမှုကိုပဲ အခြေခံပြီးတော့ သင်ကြားမှု ပြုမှာပါ”ဟု လုံးစိုင်းလျန်းဟန်က ဆက်ပြောသည်။

ရှမ်း စာ/ယဥ်မှ ဦးဆောင်ဖွင့်လှစ်သည့် ရှမ်းမူကြိုကျောင်းသည် အသက် ၃ နှစ်မှ ၆ နှစ်အထိ ကလေးဦးရေ ၂၅ ဦး ဝန်းကျင်ရှိပြီး ဆရာမနှစ်ဦးဖြင့် ဖွင့်လှစ်မည်ဖြစ်ကြောင်း နှင့် ယင်းကဲ့သို့ မူကြိုကျောင်းဖွင့်လှစ်ပေးနိုင်ခြင်းသည် စစ်ရှောင်စခန်းမှ မိဘများ လုပ်ကိုင်စားသောက်ရေး အဆင်ပြေရန် အတွက်လည်း အထောက်အကူပြုကြောင်း လုံးစိုင်းလျန်းဟန်က ဆက်ပြောသည်။

“ကလေးတွေကို မူကြိုကျောင်းပို့ထားရင် မိဘတွေက နေ့စားထွက်လုပ်တာတွေ၊ အပိုဝင်ငွေ ရှာတာတွေ လုပ်နိုင် တယ်၊ ကလေးတွေကို အထိန်းမရှိပဲ Camp မှာပဲ ထားထားရင် စိတ်မချရဘူးလေ၊ ဒါကြောင့် ဒီမူကြိုကျောင်းရှိ လာ ရင် ကလေးထိန်းဖို့လည်း မလိုတော့ အပြင်ထွက် ငွေရှာနိုင်တယ်၊ စားရေးသောက်ရေးအဖို့ အဆင်ပြေ လာနိုင် တယ်” ဟု လုံးစိုင်းလျန်းဟန်က ဆက်ပြောသည်။

ကျောက်မဲမြို့ရောက် စစ်ရှောင်ကလေးများသည် နိုင်ငံရေး မငြိမ်သက်မှုများကြောင့် တစ်နှစ်ကျော်နီးပါး ကျောင်း နားထား ရပြီးနောက် ယခုနှစ်တွင် အသက် ၇ နှစ်အထက် ကလေးများက ခိုအုံကျေးရွာရှိ အစိုးရမူလတန်း ကျောင်းသို့ သွားရောက် ကျောင်းတက်နေကြောင်း သိရသည်။

ရှမ်း စာ/ယဥ်မှ ဖွင့်လှစ်သည့် သျှမ်းမူကြိုကျောင်းသည် တခြား Camp မှ စစ်ရှောင်ကလေးများကိုလည်း လက်ခံနိုင် အောင် ကြိုးစားသွားမည်ဖြစ်ပြီး လက်ရှိမှာတော့ မူကြိုကျောင်း ဆရာမ ၂ ဦးအတွက် လစာအဖြစ် တစ်ယောက်စီကို တစ်လ ၁ သိန်းနှုန်းဖြင့် လစဥ်ပေးအပ်သွားနိုင်ရေးအတွက် အကူအညီလိုအပ် နေကြောင်းလည်း သတင်းသိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ပြင်းထန်လာသည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့၏ တိုက်ပွဲကြောင့် ကျောက်မဲမြို့နယ် အတွင်းမှ ကျေးရွာ ၂၈ ရွာ၊ စစ်ရှောင်ဦးရေ ၅,၀၀၀ နီးပါးတို့က နေရပ်စွန့်ခွာပြီး လက်ရှိအချိန်ထိ စစ်ဘေးရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

ကျောက်မဲမြို့တွင် စစ်လက်နက်ကျန်ပစ္စည်း ရောင်းစားရန်ကောက်ယူလာစဉ် ပေါက်ကွဲသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...