အောင်ပန်းမြို့ ကိုဗစ်ကူးစက်ခံထားရသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်း တွေ့ရှိ

သျှမ်းပြည် တောင်ပိုင်း အောင်ပန်းမြို့ ပြည်သာယာစျေးအနီးရှိ လွယ်မယ်အတက်လမ်းဘေးတွင် လဲကျပြီး သေဆုံးနေသည့် ပိုင်ရှင်မဲ့ အလောင်းမှ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သတင်းသိရသည်။

အောင်ပန်း ကိုဗစ်လူနာ

ယမန်နေ့ (နိုဝင်ဘာလ ၁) ရက်နေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် ပြည်တော်သာဈေးအနီး လဲကျသေဆုံးနေသည့် ပိုင်ရှင်မဲ့ ရုပ်အလောင်းတွေ့ရှိရကြောင်း ဒေသခံများ ဖုန်းဆက်လာသဖြင့် အောင်ပန်းမြို့ နာရေးကူညီမှုအသင်းမှ သွားရောက်သယ်ဆောင်ခဲ့ရကြောင်း သိရသည်။

“မနေ့က ၁၀ နာရီလောက်မှာ အလောင်းတစ်လောင်း တွေ့တယ်ဆိုပြီး ကျနော်တို့ကို ဖုန်းဆက်အကြောင်းကြား လာလို့ အလောင်း ကို သွားသယ်ပေးရတယ်၊ ဆေးရုံကို ပို့ပေးတဲ့အချိန် ဆေးရုံက Covid-19 ရှိမရှိ Tests/kit နဲ့ စစ်လိုက်တော့ Positive ထွက်လို့ ညတွင်းချင်းပဲ သဂြိုဟ်လိုက်တယ်” ဟု အောင်ပန်း နာရေး ကူညီမှုအသင်း တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းသေဆုံးသူ အမျိုးသားသည် အသက် ၅၀ ဝန်းကျင်ဖြစ်ပြီး နေရပ်လိပ်စာ နှင့် အမည် မသိရကြောင်း အောင်ပန်းနာရေးကူညီရေးမှ တာဝန်ရှိသူက ဆက်ပြောသည်။

လက်ရှိတွင် အောင်ပန်းမြို့နယ်အတွင်း၌ ကိုဗစ် – ၁၉ ကြောင့် သေဆုံးသူ ဦးရေ ၅ ယောက်ခန့် ရှိနေပြီး ကိုဗစ် ရောဂါပျံ့နှံ့ကူးစက်မှု တစ်ဖန်ပြန်လည် မြင့်မားလာမှာကို စိုးရိမ်ကြောင်း ၎င်းက ပြောသည်။

“အခုဆို ကိုဗစ်ကြောင့် သေဆုံးသူက ၅ / ၆ ယောက်လောက် ရှိလာပြီ၊ ပြီးတော့ အခုလို လူမသိ သူမသိထံကနေ လည်း ကိုဗစ်ပိုးတွေ့တယ်ဆိုတော့ စိတ်ပူစရာကောင်းတယ်၊ ဒါကြောင့် ပြည်သူတွေ အသွားအလာ ကျန်းမာရေး အစစအရာရာ ဂရုစိုက်ဖို့ပြောချင်ပါတယ်” ဟု နာရေးကူညီရေးအသင်းက တာဝန်ရှိသူက ဆိုသည်။

စစ်ကောင်စီ အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာလာသည့် အချိန် သျှမ်းပြည် အပါအဝင် နိုင်ငံတစ်ဝှမ်းလုံး၌ ပြီးခဲ့သည့် သြဂုတ်လအတွင်းမှ စတင်ကာ ကိုဗစ်ရောဂါ ကူးစက်မှုပြန်လည် မြင့်တက်လာကြောင်းလည်း သိရသည်။

ယခု တကကြော့ပြန် ဖြစ်ပွားလာသော ကိုဗစ်ရောဂါပိုးသည် ပြင်းထန်ရောဂါလက္ခဏာများ ခံစားရသူ နည်းပါးလျက် ရှိပြီး ရာသီတုပ်ကွေးကဲ့သို့ အဖျားရက်ရှည်သည့် ရောဂါလက္ခဏာများသာ အများစု ဖြစ်ပွားလျက်ရှိကြောင်း သိရ သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...