မိုးမောက် စစ်ရှောင်များနေရပ်သို့ ရိက္ခာပြန်ယူစဥ် တိုက်ပွဲထပ်မံဖြစ်ပွား

ကချင်ပြည် မိုးမောက်မြို့နယ်ရှိ စစ်ရှောင်များ နေရပ်သို့ ရိက္ခာများ ပြန်သယ်ယူနေစဉ် ကျေးရွာအတွင်းတွင် တိုက်ပွဲထပ်မံဖြစ်ပွားပြီးထွက်ပြေး တိမ်းရှောင်လာခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

ယမန်နေ့ (အောက်တိုဘာ ၃၁) ရက် နေ့လည် ၂ နာရီခွဲတွင် လုံကြာကျေးရွာ နှင့် နောင်တောင်းကျေးရွာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တို့ လက်နက်ကြီး၊ လက်နက်ငယ် ဖြင့် တိုက်ပွဲထပ်မံဖြစ်ပွားပြီး ကျေးရွာအတွင်းရှိ ပြည်သူ ၅၀ ဝန်းကျင် ထပ်မံထွက်ပြေးလာခဲ့ရကြောင်း စစ်ရှောင်ကော်မတီဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ မနေ့က ကျနော်တို့ စစ်ရှောင်တချို့ ရွာထဲမှာ စားနပ်ရိက္ခာ ပြန်သယ်နေတုန်း တိုက်ပွဲဆက်ဖြစ်တာ။ လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်နေတယ်။ စစ်ရှောင်တွေတော့ ထိခိုက်ဒဏ်ရာရတဲ့သူ မရှိဘူး။ ကျေးရွာထဲက တိုက်ပွဲရှောင် ပြည်သူ ၅၀ ကျော် နဲ့ ကျနော်တို့ စစ်ရှောင်တချို့ လမ်းတဝိုက်မှာ ကားနဲ့ ပြန်လာရတယ် “ ဟု ၎င်း ကော်မတီဝင်တစ်ဦးက ပြောသည်။

မိုးမောက် စစ်ရှောင်

တိုက်ပွဲသည် ယမန်နေ့ နေ့လည် ၂ နာရီခွဲမှ နေ့လည် ၄ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် လုံကြာကျေးရွာ နှင့် နောင်တောင်းကျေးရွာ ကြားရှိ ကားလမ်းမပေါ်တွင် တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့သော လက်နက်ကြီးတစ်လုံးမှာ မပေါက်သေးဘဲ ကျစ်ရစ်နေကြောင်း နောင်တောင်းကျေးရွာ ဒေသခံ တစ်ဦးကပြောသည်။

“ သူတို့ တိုက်ပွဲတော့ ပြင်းထန်တယ်လို့ ပြောရတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ဆက်တိုက် ပစ်နေတယ်။ ပြည်သူနေအိမ်တွေ ထိခိုက်မှု ရှိမရှိတော့ မသိရသေးဘူး။ လုံကြာနဲ့ နောင်တောင်းကြား ကားလမ်းမပေါ်မှာ လက်နက်ကြီးတစ်လုံး မပေါက်ကွဲသေးတာ တစ်လုံးရှိတယ်။ ဒီနေ့ တိုက်ပွဲဆက်မဖြစ်ရင်တော့ ရွာထဲပြန်ဝင်ကြည့်မှသိရမယ် “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်မှစပြီး ယမန်နေ့ အောက်တိုဘာ ၃၁ ရက်နေ့ထိ တိုက်ပွဲအတွင်း ထွက်ပြေးလာသော စစ်ရှောင်များသည် လူဉီးရေ (၆၅၀) ဝန်းကျင်ထိ ရှိလာပြီး ထိုထဲတွင် ကလေးငယ်များ နှင့် သက်ကြီးရွယ်အိုများဖြစ်ကြပြီး စားနပ်ရိက္ခာများအတွက် အရေးပေါ် အကူညီလိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မူဆယ်-နမ့်ခမ်းလမ်း KIA စစ်ဆေးရေးဂိတ်တွင် ကားဘီးခွန် ကောက်ခံနေ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် ( KIA ) စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ဖြတ်သန်းသွားလာနေသည့် ကားဘီးခွန် ကောက်ခံ နေကြောင်း သတင်း ရရှိသည်။ ပြီးခဲ့သည့် ဇူလိုင် ၂ ရက်တွင် မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ နမ့်လျှန်ကျေးရွာ အနီးတွင် KIA စစ်ဆေးရေးဂိတ်ကို...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...