ဖယ်ခုံမြို့နယ် ဆောင်ကန်းလမ်းကြောင်းကို စစ်ကောင်စီမှ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လက်နက် နှင့် ရိက္ခာ သယ်ဆောင်ရေးအတွက် အရေးပါသည့် ဆောင်ကန်း လမ်းကြောင်း ကို စစ်ကောင်စီ တပ်ဖွဲ့မှ ထိန်းချုပ်ရန် ကြိုးစားနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ပြီး ကရင်နီပြည် (ကယားပြည်) မှ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ ၊ ပင်လောင်းမြို့ မှ ဖယ်ခုံ၊ မိုးဗြဲဘက်သို့ ဆက်သွယ်ရန် အရေးပါသည့် ဆောင်ကန်းလမ်းကြောင်း ကို စစ်ကောင်စီဘက်မှ ထိန်းချုပ်ရန် ကြိုးစားနေသည့်အတွက် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့မှ ခုံခံတိုက်ခိုက်နေကြောင်း ဖယ်ခုံ တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီ ဆောင်ကန်းလမ်းကြောင်းက သူတို့ (စစ်ကောင်စီ) အတွက်ရော ကျနော်တို့ ရဲဘော်တို့ အတွက်ရော လက်နက် တွေ ရိက္ခာတွေ စစ်ကူအင်အားတွေ ဖြည့်ဖို့ အဓိက အရေးပါတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်၊ ဒါကြောင့် စကစ တွေက ဒီလမ်းကြောင်းကို မရမက ယူချင်နေတာ၊ ဒီနေ့ဆို တိုက်ပွဲက ၅ ရက်ကြာခဲ့ပြီ၊ ဖြစ်နေတုန်းပဲ” ဟု ဖယ်ခုံ တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆောင်ကန်းတိုက်ပွဲ

ဆောင်ကန်းလမ်းကြောင်းသည် ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း နှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် အပြင်၊ ပင်လောင်းမြို့နယ် နောင်ဝိုးရွာ ဘက်မှ တစ်ဆင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့နှင့် ဆက်သွယ်ထားသည့် အရေးပါ သည့် လမ်းကြောင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်းတွင် ဖယ်ခုံ PDF တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး၊ စစ်ကောင်စီ ဘက်မှလည်း အရာရှိများ အပါအဝင် ကျဆုံးဒဏ်ရာရသူ များပြားကြောင်း သတင်းသိရသည်။

ဆောင်ကန်း တိုက်ပွဲစတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယနေ့ ၃၁ ရက် ၅ ရက်သာ ကာလအတွင်းတွင် တိုက်ပွဲတွင်း လူ၊ လက်နက်ဆုံးရှုံးထားသည့် စစ်ကောင်စီက ပြည်သူလူထုနေထိုင်သည့်ကျေးရွာ နှင့် စစ်ရှောင်စခန်း များကို ပစ်မှတ်ထားပြီး လက်နက် ကြီးဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်းလည်း ဖယ်ခုံအနောက် ဘက်ကမ်းမှ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေက တစ်ဖက်မှာ တိုက်ပွဲဖြစ်ရင် တဖက်မှာရှိတဲ့ စစ်ကူက လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်၊ ရမ်းပစ်ကြတာ၊ လူနေရပ်ကွက်ရော၊ စစ်ရှောင်စခန်းတွေဆီရော လက်နက်ကျတယ်၊ ဒါကြောင့် ဖယ်ခုံအနောက် ဘက်ကမ်းက ဒေသခံတွေ အားလုံးနီးပါးက စစ်ရှောင်ထွက်ပြေးနေကြရပြီ၊ လူနေမရှိသလောက်ပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် ဖယ်ခုံ အရှေ့ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လွယ်ပေါဂွင် မှ စစ်ရှောင်များ နေရပ်ပြန်လိုကြောင်း ဆင်ဖြူရှိ ကယန်းပြည်သစ်ထံ အကြောင်းကြားရာတွင် မိမိနေအိမ်ပြန် ပါကပြန်နိုင်သည်၊ ခြံယာလုပ်ချင်ပါကလုပ်နိုင်သည် စစ်ကောင်စီ လာပါက ထွက်မပြေးရန်၊ ထွက်ပြေးပြီး စစ်ကောင်စီ ကပစ်သတ်လျှင်တာဝန်မယူနိုင်ကြောင်း ကယန်းပြည်သစ်က ပြန်ပြောကြောင်း သိရသည်။

ဆောင်ကန်း လမ်းကြောင်းတိုက်ပွဲအတွင်း PDF ပူးပေါင်း တပ်ဖွဲ့ဝင် (၈) ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁) ဦးမှာ မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရကာ စိုးရိမ်ရကြောင်း နှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ တာဝန်ရှိသူ တစ်ဦး ထံမှ သတင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...