Wednesday, January 28, 2026

ဖယ်ခုံမြို့နယ် ဆောင်ကန်းလမ်းကြောင်းကို စစ်ကောင်စီမှ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် လက်နက် နှင့် ရိက္ခာ သယ်ဆောင်ရေးအတွက် အရေးပါသည့် ဆောင်ကန်း လမ်းကြောင်း ကို စစ်ကောင်စီ တပ်ဖွဲ့မှ ထိန်းချုပ်ရန် ကြိုးစားနေကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ပြီး ကရင်နီပြည် (ကယားပြည်) မှ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့ ၊ ပင်လောင်းမြို့ မှ ဖယ်ခုံ၊ မိုးဗြဲဘက်သို့ ဆက်သွယ်ရန် အရေးပါသည့် ဆောင်ကန်းလမ်းကြောင်း ကို စစ်ကောင်စီဘက်မှ ထိန်းချုပ်ရန် ကြိုးစားနေသည့်အတွက် ဒေသခံ PDF ပူးပေါင်းတပ်ဖွဲ့မှ ခုံခံတိုက်ခိုက်နေကြောင်း ဖယ်ခုံ တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီ ဆောင်ကန်းလမ်းကြောင်းက သူတို့ (စစ်ကောင်စီ) အတွက်ရော ကျနော်တို့ ရဲဘော်တို့ အတွက်ရော လက်နက် တွေ ရိက္ခာတွေ စစ်ကူအင်အားတွေ ဖြည့်ဖို့ အဓိက အရေးပါတဲ့ လမ်းကြောင်းလည်း ဖြစ်တယ်၊ ဒါကြောင့် စကစ တွေက ဒီလမ်းကြောင်းကို မရမက ယူချင်နေတာ၊ ဒီနေ့ဆို တိုက်ပွဲက ၅ ရက်ကြာခဲ့ပြီ၊ ဖြစ်နေတုန်းပဲ” ဟု ဖယ်ခုံ တပ်ရင်း ၂ မှ တပ်ဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆောင်ကန်းတိုက်ပွဲ

ဆောင်ကန်းလမ်းကြောင်းသည် ဖယ်ခုံမြို့ အရှေ့ဘက်ကမ်း နှင့် အနောက်ဘက်ကမ်းကို ဆက်သွယ်ထားသည့် အပြင်၊ ပင်လောင်းမြို့နယ် နောင်ဝိုးရွာ ဘက်မှ တစ်ဆင့် ဖယ်ခုံမြို့၊ မိုးဗြဲမြို့တို့နှင့် ဆက်သွယ်ထားသည့် အရေးပါ သည့် လမ်းကြောင်း ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်းတွင် ဖယ်ခုံ PDF တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့ဘက်မှ ကျဆုံးဒဏ်ရာရရှိခဲ့ပြီး၊ စစ်ကောင်စီ ဘက်မှလည်း အရာရှိများ အပါအဝင် ကျဆုံးဒဏ်ရာရသူ များပြားကြောင်း သတင်းသိရသည်။

ဆောင်ကန်း တိုက်ပွဲစတင်ခဲ့သည့် အောက်တိုဘာလ ၂၇ ရက်မှ ယနေ့ ၃၁ ရက် ၅ ရက်သာ ကာလအတွင်းတွင် တိုက်ပွဲတွင်း လူ၊ လက်နက်ဆုံးရှုံးထားသည့် စစ်ကောင်စီက ပြည်သူလူထုနေထိုင်သည့်ကျေးရွာ နှင့် စစ်ရှောင်စခန်း များကို ပစ်မှတ်ထားပြီး လက်နက် ကြီးဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်းလည်း ဖယ်ခုံအနောက် ဘက်ကမ်းမှ ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စစ်ကောင်စီတွေက တစ်ဖက်မှာ တိုက်ပွဲဖြစ်ရင် တဖက်မှာရှိတဲ့ စစ်ကူက လက်နက်ကြီးတွေနဲ့ ကူပစ်ပေးတယ်၊ ရမ်းပစ်ကြတာ၊ လူနေရပ်ကွက်ရော၊ စစ်ရှောင်စခန်းတွေဆီရော လက်နက်ကျတယ်၊ ဒါကြောင့် ဖယ်ခုံအနောက် ဘက်ကမ်းက ဒေသခံတွေ အားလုံးနီးပါးက စစ်ရှောင်ထွက်ပြေးနေကြရပြီ၊ လူနေမရှိသလောက်ပဲ” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်တွင် ဖယ်ခုံ အရှေ့ဘက်ကမ်းသို့ ထွက်ပြေးတိမ်းရှောင်လာသည့် လွယ်ပေါဂွင် မှ စစ်ရှောင်များ နေရပ်ပြန်လိုကြောင်း ဆင်ဖြူရှိ ကယန်းပြည်သစ်ထံ အကြောင်းကြားရာတွင် မိမိနေအိမ်ပြန် ပါကပြန်နိုင်သည်၊ ခြံယာလုပ်ချင်ပါကလုပ်နိုင်သည် စစ်ကောင်စီ လာပါက ထွက်မပြေးရန်၊ ထွက်ပြေးပြီး စစ်ကောင်စီ ကပစ်သတ်လျှင်တာဝန်မယူနိုင်ကြောင်း ကယန်းပြည်သစ်က ပြန်ပြောကြောင်း သိရသည်။

ဆောင်ကန်း လမ်းကြောင်းတိုက်ပွဲအတွင်း PDF ပူးပေါင်း တပ်ဖွဲ့ဝင် (၈) ဦး ထိခိုက်ဒဏ်ရာရရှိပြီး (၁) ဦးမှာ မျက်လုံးတစ်ဖက် ထိခိုက်ဒဏ်ရာရကာ စိုးရိမ်ရကြောင်း နှင့် ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) မှ တာဝန်ရှိသူ တစ်ဦး ထံမှ သတင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...