CSSU,NCA,TNLA,UWSA, DDR/SSR နှင့် ပတ်သက်ပြီး ဗိုလ်ချုပ်ကြီးယွက်စစ်မှ သတင်းထောက်များ အားဖြေကြားချက်

တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်သည် စက်တင်ဘာ ၁၀ ရက်နေ့က စ၍ ယနေ့ အထိ နေပြည်တော် ရန်ကုန် သို့ ခရီးထွက်နေကာ တန်းတူညီမှု တရားမျှတမှု ရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး အတွက် နိုင်ငံတော် အကြီးအကဲများ၊ တပ်မတော်အကြီးအကဲများ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံခြားသံသမာန်များ နှင့် တွေ့ဆုံပြီးဆွေးနွေးခဲ့ပါသည်။

ဤခရီးစဉ်နဲ့ ပတ်သက်ပြီး ယနေ့ စက်တင်ဘာ ၁၅ ရန်ကုန်မြို့တွင် သတင်းထောက် များနှင့်တွေ့ဆုံကာ  သတင်းစာရှင်းလင်းပွဲတရပ်ကျင်းပါခဲ့ပါသည်။ ထိုသတင်းစာရှင်းလင်းပွဲမှ သတင်းထောက်များ မေးမြန်းချက်များအနက် CSSU,NCA,TNLA,UWSA, နှင့် DDR/SSR ဆိုင်ရာ ကိစ္စရပ်များအားကောက်နှုတ်ဖေါ်ပြထားခြင်းဖြစ်ပါသည်။

သတင်းထောက်။ ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အဖွဲ့က အစိုးရဖြစ်လာတဲ့ နောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းဟာ သူမရဲ့အဓိကလုပ်ငန်းတခုဖြစ်တယ်လို့ကြေငြာခဲ့ပါတတယ်။ ဒီတနှစ်တာကာလအတွင်း သူမရဲ့လုပ်ဆောင်ချက်တွေကဘာတွေရှိပါသလဲ။ အားရကျေနပ်မှုရှိတယ်လို့မြင်ပါသလား။ဘာတွေလိုအပ်ချက်တွေရှိသလဲဆိုတာပြောပြပေးပါ။

ဗခက ယွက်စစ် ။ ။ဟုတ်ကဲ့ပါ။ အားရကျေနပ်မှုရှိပါသလားလို့မေးလာရင်တော့  အားရ ကျေနပ်မှုတော့မရှိခဲ့ပါဘူး။ ဒါပေမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ အခက်အခဲ ကိုလည်း ကျနော်တို့နားလည်ပါတယ်။

သတင်းထောက်။ ။ ချင်းမိုင်မှာပြုလုပ်မယ့် CSSU အစည်းအဝေးကို တားမြစ်ခံရတယ်လို့ကြားသိရပါတယ်။ အခုလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ပြီးနောက်ပိုင်း CSSU အစည်းအဝေး ဆက်လက်ကျင်းပဖို့ရှိပါသလား။

ဗခက ယွက်စစ် ။ ။ကျနော်တို့  စုစည်းမှုအတိုင်း စီမံချက်အတိုင်းဆက်လက်ပြီး ပုံမှန်လုပ် ဆောင်သွားမယ်။  အခက်အခဲတွေကို ကြုံတွေ့ရပေမယ့် အခက်အခဲတွေကိုဖြေရှင်းပြီးဖြစ်ပါတယ်။

သတင်းထောက်။ ။ တပ်မတော်ဘက်ကပိတ်ခိုင်းတာလို့သိထားရတော့ ကာကွယ်ရေးဦးစီးချုပ် နဲ့တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးဖြစ်သလဲ။

ဗခက ယွက်စစ် ။ ။တပ်မတော်နဲ့တွေ့တုန်းက ဒီကိစ္စကိုမဆွေးနွေးဖြစ်ပါဘူး။ ကျနော်တို့ NRPC ကိုစာရေးအကြောင်းကြားပြီဖြစ်လို့ ပြသနာက သူတို့ဖြေရှင်းပေးလိမ့်မယ်လို့ယုံကြည်လို့ပါ။

သတင်းထောက်။ ။ TNLA နဲ့ဆက်ဆံရေးအခြေအနေကကော် ဘယ်လိုရှိပါသလဲ။

ဗခက ယွက်စစ် ။ ။ဘယ်လိုမှမရှိပါဘူး။ခုချိန်အထိကျနော်တို့ တိုက်ပွဲတွေကြိုကြားဖြစ်နေတုန်းပါဘဲ။

သတင်းထောက်။ ။ မကြာသေးခင်တုန်းက RCSS  ကိုယ်စားလှယ်နဲ့ UWSA တို့တွေ့ဆုံခဲ့တယ် လို့ကြားသိရပါတယ်။TNLA နဲ့ ပဋိပက္ခဖြစ်နေတဲ့ကိစ္စ  UWSA ကနေကြားဝင်ဆောင်ရွက် ပေးဖို့ဖြစ်တယ်လို့ကြားသိရပါတယ်။

ဗခက ယွက်စစ် ။ ။ဒါကတော့အမြင်လွဲမှားမှုဘဲဖြစ်ပါလိမ့်မယ်။ ကျနော်တို့ကပန်ဆန်းအထိမသွားရပါဘူး။UWSA နဲ့ကျနော်တို့က နယ်မြေချင်းထိစက်နေတော့ ကျနော်တို့အမြဲတမ်း အဆက်အသွယ်ရှိနေပါတယ်။ ကျနော်တို့ ပဋိပက္ခတွေရှိပြီးတဲ့နောက်ပိုင်းကျနော်တို့အမြဲတွေ့ဆုံပြီးပြသနာတွေဖြေရှင်းကြပါတယ်။

သတင်းထောက်။ ။ အခု ခရီးစဉ်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နဲ့ ပတ်သက်ပြီး ဘယ်လိုသုံးသပ်ပြလိုပါသလဲ။

ဗခက ယွက်စစ် ။ ။ကျနော်တို့ မီဒီယာတွေကိုတခုတောင်းဆိုချင်ပါတယ်။ ကျနော်တို့ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့နေရာမှာ ငြိမ်းချမ်းရေးလိုလားမှုက တယောက်နဲ့တယောက်မတူကြပါဘူး။ တပ်မတော်ဘက်က အမြင်ကတော့ လက်နက်ချပြီးမှ   DDR/SSR လုပ်ပြီးမှ ငြိမ်းချမ်းရေးကိုဖော်ဆောင်ချင်ကြတယ်။ ကျနော်တို့ဘက်ကတော့ ကျနော်တို့တွေ လက်တွဲပြီး တရားမျှတမှုရှိအောင် ၊ စစ်မှန်တဲ့ဒီမိုကရေစီ ဖက်ဒရယ် ပုံစံဖြစ်အောင်လုပ်ပြီးမှ ငြိမ်းချမ်းရေးလုပ်ပြီးမှဘဲ လက်နက်ဖြုတ်သိမ်းရေးကိစ္စ ဆွေးနွေးကြရမယ်လို့မြင်တယ်။

သျှမ်းပြည်တပ်မတော် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ် နှင့်အဖွဲ့ဟာ စက်တင်ဘာ ၁၁ ရက်နေ့စပြီး နိုင်ငံတော်အတိုင်အပင်ခံဒေါ်ဆောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး ၁၂ ရက်နေ့က တပ်မတော်ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံမှုတွင် နိုင်ငံတော် အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး နှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးမှာ အမျိုးသမီးတွေ ပါ၀င်ဖို့လိုသည်ဟု ပြောပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက NCA စာချုပ်ပါအတိုင်းအတူ လျှောက်လှမ်းဖို့ ပြောကြားသည်ဟုဆိုသည်။

တနိုင်ငံလုံးအပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရတပ်မတော် နယ်မြေစိုးမိုးရေး လှုပ်ရှားမှုများကြောင့် အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးထားသော်လည်း ယခုနှစ်အတွင်း တိုက်ပွဲပြန်စိတ်လာသည့် နောက်ပိုင်း တပ်မတော် ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံသကဲ့သို့ NLD ပါတီအာဏာရလာသည့် နောက်ပိုင်း နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည် နှင့်လည်း ပထမ ဆုံး တွေ့ဆုံ သည့်ခရီးစဉ်ပဲဖြစ်သည်။

Photo by Hsen Pai

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မူကြမ်းကို ကျော်လွန်၍ – စစ်မှန်သောညီညွတ်ရေးကို သင်ယူရမည့် ဗမာခေါင်းဆောင်ပိုင်း

0
မကြာသေးမီက အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် စစ်ကိုင်း၊ မကွေး အပါအဝင် တိုင်းဒေသကြီး အကောင်အထည် ဖော်ရေး ကောင်စီများက “ဘုံနိုင်ငံရေး သဘောတူညီချက်” (CPA) ကို ထုတ်ပြန်ကြေညာခဲ့ခြင်း သည်...

တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် တရုတ်နိုင်ငံသားများ ဖမ်းဆီးရမိ

0
စိုင်းဆိုင်အိုက်၊ ၂၀၂၆ ဩဂုတ်လ ၈ ရက် ရွှေတြိဂံဟု နာမည်ကြီးသည် မြန်မာ-ထိုင်း-လာအိုနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများကို ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ သြဂုတ် ၆ရက် မနက်ပိုင်းတွင် တာချီလိတ်မြို့နယ် မိုင်းဖုန်း(ခ)အုပ်စု၊ဝှေလေလန် ပူးပေါင်းစစ်ဆေးရေးဂိတ်အနီးရှိ ရှောင်ကွင်းလမ်းတွင် မြန်မာနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့်...

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...