Wednesday, January 28, 2026

ဆိုင်ကယ်တစ်စီး သေနတ်ပစ်တားသည့် စစ်ကောင်စီ တပ်ဖွဲ့ အချင်းချင်း ကျည်ထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဆိုင်ကယ် တစ်စီးကို သေနတ်ပစ်တားလိုက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချင်းချင်း ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီကျော် ဝန်းကျင်တွင် ကွတ်ခိုင်မြို့ ပြည်ထောင်စုလမ်းမကြီးမှ အောက်လမ်းဆုံ (ကမ္ဘောဇသွားသည့်လမ်း) ဘက်တွင် ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ အရှိန်နှင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို သေနတ်ပစ်တားရာ အချင်းချင်း သေနတ်ထိမှန် သွားကြောင်း သိရသည်။

“လူငယ်သုံးယောက်က ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းလာလို့ သူတို့က မီးပြပြီး တားတယ်၊ ဒါပေမယ့် မရပ်လို့ သေနတ်နဲ့ အချက် ၂၀ ကျော် ပစ်လိုက်တာ၊ ကျည်ဆံက ဆိုင်ကယ် မောင်းတဲ့ လူငယ်တွေအပြင် ရဲတွေကိုပါ ထိတယ်၊ လူငယ်နှစ်ယောက်ကို သေနတ်ယှက်ထိပြီး ရဲ နဲ့ စစ်သား ၅ ယောက်လောက်ကလည်း သေနတ်ထိမှန် တယ်လို့ သတင်းသိရတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင် ရဲတပ်သားများ (ယခင်ကပုံ)

အဆိုပါ ဆိုင်ကယ်မောင်းလာသည့် လူငယ် ၃ ဦး အနက် ၁ ဦးသည် ရင်ဘတ်ထိမှန်ပြီး၊ ကျန် ၁ ဦးသည် နှဖူးထိမှန်ခြင်း နှင့် ကျန် ၁ ဦးသည် ဆိုင်ကယ်လှဲသည့် ဒဏ်ရာများ ရသွား ပြီး လက်ရှိတွင် ကွတ်ခိုင်မြို့ ရှိ ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သတင်းသိရသည်။

“ဒီလူငယ် သုံးယောက်က အသက် ၂၀ ကျော် ဝန်းကျင်လောက်ပဲ ရှိအုံးမယ်လို့ သိရပါတယ်၊ အခုတော့ သူတို့ကော ကျည်ထိတဲ့ စစ်သား နဲ့ ရဲသားတွေလည်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်၊ ပြီးတော့ အဲ့ဒီ လူငယ်တွေက စစ်သား /ရဲသား မိသားစုက သားသမီးတွေ ဖြစ်တယ်လို့လည်း ကြားတယ်” ဟု ကွတ်ခိုင် မြို့ခံ အမျိုးသမီးက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း လှုပ်ရှားမှုများ မကြာခဏ လှုပ်ရှားမှု ရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့်လည်း ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...