ဆိုင်ကယ်တစ်စီး သေနတ်ပစ်တားသည့် စစ်ကောင်စီ တပ်ဖွဲ့ အချင်းချင်း ကျည်ထိမှန်

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့တွင် ဆိုင်ကယ် တစ်စီးကို သေနတ်ပစ်တားလိုက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အချင်းချင်း ကျည်ဆန်ထိမှန်ပြီး ဒဏ်ရာ ရရှိသွားကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့ ည ၈ နာရီကျော် ဝန်းကျင်တွင် ကွတ်ခိုင်မြို့ ပြည်ထောင်စုလမ်းမကြီးမှ အောက်လမ်းဆုံ (ကမ္ဘောဇသွားသည့်လမ်း) ဘက်တွင် ရှိသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ အရှိန်နှင့် မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးကို သေနတ်ပစ်တားရာ အချင်းချင်း သေနတ်ထိမှန် သွားကြောင်း သိရသည်။

“လူငယ်သုံးယောက်က ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းလာလို့ သူတို့က မီးပြပြီး တားတယ်၊ ဒါပေမယ့် မရပ်လို့ သေနတ်နဲ့ အချက် ၂၀ ကျော် ပစ်လိုက်တာ၊ ကျည်ဆံက ဆိုင်ကယ် မောင်းတဲ့ လူငယ်တွေအပြင် ရဲတွေကိုပါ ထိတယ်၊ လူငယ်နှစ်ယောက်ကို သေနတ်ယှက်ထိပြီး ရဲ နဲ့ စစ်သား ၅ ယောက်လောက်ကလည်း သေနတ်ထိမှန် တယ်လို့ သတင်းသိရတယ်” ဟု ကွတ်ခိုင်မြို့ခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကွတ်ခိုင် ရဲတပ်သားများ (ယခင်ကပုံ)

အဆိုပါ ဆိုင်ကယ်မောင်းလာသည့် လူငယ် ၃ ဦး အနက် ၁ ဦးသည် ရင်ဘတ်ထိမှန်ပြီး၊ ကျန် ၁ ဦးသည် နှဖူးထိမှန်ခြင်း နှင့် ကျန် ၁ ဦးသည် ဆိုင်ကယ်လှဲသည့် ဒဏ်ရာများ ရသွား ပြီး လက်ရှိတွင် ကွတ်ခိုင်မြို့ ရှိ ပြည်သူ့ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကြောင်းလည်း သတင်းသိရသည်။

“ဒီလူငယ် သုံးယောက်က အသက် ၂၀ ကျော် ဝန်းကျင်လောက်ပဲ ရှိအုံးမယ်လို့ သိရပါတယ်၊ အခုတော့ သူတို့ကော ကျည်ထိတဲ့ စစ်သား နဲ့ ရဲသားတွေလည်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်၊ ပြီးတော့ အဲ့ဒီ လူငယ်တွေက စစ်သား /ရဲသား မိသားစုက သားသမီးတွေ ဖြစ်တယ်လို့လည်း ကြားတယ်” ဟု ကွတ်ခိုင် မြို့ခံ အမျိုးသမီးက ပြောသည်။

ကွတ်ခိုင်မြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း လှုပ်ရှားမှုများ မကြာခဏ လှုပ်ရှားမှု ရှိသည့်အပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့နှင့်လည်း ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...