ကျောက်မဲ စစ်ရှောင် ၅ ထောင်ကျော် နေရပ်ပြန်ရန် စစ်ကောင်စီ ထပ်မံ ဖိအားပေး

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် စစ်ရှောင် ၅ ထောင်ကျော် နေရပ်ပြန်ရန် စစ်ကောင်စီမှ ဖိအားပေးနေသော်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မှ နေရပ်သို့ ပြန်ခွင့် မပြုသေးကြောင်း စုံစမ်းသိရှိရသည်။

ကျောက်မဲမြို့နယ်အတွင်း တစ်နှစ်ကျော်ခန့် စစ်ဘေးတိမ်းရှောင်လာသည့် စစ်ရှောင်ဦးရေ (၅,၀၀၀) ကျော်သည် အောက်တိုဘာလကုန်တွင် စစ်ကောင်စီဘက်မှ နေရပ်သို့ ပြန်ရန် ပြောဆိုထားသော်လည်း TNLA တပ်ဖွဲ့မှ နေရပ်သို့ ပြန်ခွင့် မပေးကြောင်း စစ်ရှောင်တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အခု ကျနော်တို့ စစ်ရှောင်တွေတော့ တွေဝေနေတယ်။ စစ်ကောင်စီဘက်ကလည်း နေရပ်ကို ပြန်ခိုင်းနေတယ်။ တဖက်ကလည်း TNLA က နေရပ်မပြန်လာဖို့ ဟန့်တားထားနေတယ်။ ကျနော်တို့ ဒေသမှာ သူတို့ မြေမြှုပ်မိုင်းတွေ အများအပြား ရှိထားတယ်။ တကယ်လို့ ကျနော်တို့ ပြန်သွားရင် လုံခြုံရေး အတွက် တာဝန်မယူပေးနိုင်ဘူးလို့ သူတို့က ပြောတယ်။ အခုတော့ ပြန်ရမလား၊ မပြန်ရဘူးလား ဖြစ်နေတယ် “ဟု စစ်ရှောင်တစ်ဦး က ပြောသည်။

ကျောက်မဲ စစ်ရှောင်

ယခု အောက်တိုဘာလကုန်ပိုင်းမှ စတင်ပြီး စစ်ရှောင်များကို လာရောက် ကူညီပေးနေသည့် အဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့များမှ စစ်ရှောင်များထံ စားနပ်ရိက္ခာ ထောက်ပံ့ခွင့် ပြုတော့မည် မဟုတ်ကြောင်း စစ်ကောင်စီ လက်အောက်ခံများက ပြောဆိုထားသည်ဟု ကျောက်မဲမြို့ စစ်ရှောင် တစ်ဦး ကပြောသည်။

“လက်ရှိ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းနေတာကို မြင်အောင် ပြချင်တာ။ တိုက်ပွဲလည်း မရှိသလို စစ်ရှောင်များလည်း မရှိဘူးဆိုတာကိုပေါ့။ အဲ့ကြောင့် ကျနော်တို့ စစ်ရှောင်တွေကို နေရပ်ပြန်ပို့ခိုင်းတယ် “ ဟု ၎င်း အထက်ပါ ပုဂ္ဂိုလ်က ထပ်လောင်းပြောသည်။

ကျောက်မဲမြို့နယ်အတွင်း ပြီးခဲ့သည့် (၂၀၂၁) ခုနှစ်တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ တို့ တိုက်ပွဲဖြစ်ပွားသဖြင့် ကျောက်မဲမြို့နယ်အတွင်းရှိ ကျေးရွာ (၂၈) ရွာခန်ံ့ နေရပ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

လက်ရှိ ကျောက်မဲမြို့နယ်အတွင်းရှိ စစ်ရှောင်များသည် ကျောက်မဲမြို့ ရှမ်းစာပေ ယဥ်ကျေးမှု မြေနေရာနှင့် သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ်ရှိ ပန်လုံကျေးရွာတွင် စစ်ဘေးတိမ်းရှောင်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

သျှမ်းတောင် စစ်ဘေးရှောင်များ ရာသီတုတ်ကွေး ဖြစ်ပွားနေ

0
သျှမ်းတောင်ရောက် စစ်ဘေးရှောင်များသည် ယခု မိုးရာသီ ကာလအတွင်း ရာသီတုတ်ကွေး နှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လတွင် သျှမ်း-ကရင်နီနယ်စပ် မိုးဗြဲ၊ ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် တော်လှန်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ဘေးရှောင်များသည် နီးစပ်ရာ စစ်ရှောင်စခန်းနှင့်...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...