မုံးပေါ်တိုက်ပွဲကြား အမျိုးသမီး ၂ ဦး နဲ့ အမျိုးသား ၁ ဦး လက်နက်ကြီးစ ထိမှန်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးပေါ်ဒေသ တိုက်ပွဲအတွင်း စစ်ကောင်စီ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၅ ရက်နေ့ ညနေ ၇ နာရီ ဝန်းကျင်တွင် မုံးပေါ်ရှိ မိုင်ဖန် စစ်ကောင်စီတပ်ကို KIA တပ်ဖွဲ့မှ လာရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ပစ်လိုက်သည့် လက်နက်ကြီး ကျည်ဆန် ၁ လုံးက ဈေးရွာ အတွင်းသို့ ကျရောက်ပေါက်ကွဲရာ အရပ်သား ပြည်သူ ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်း မုံးပေါ်မှ အသက် ၅၀ ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မုံးပေါ်က မိုင်ဖန် စစ်ကောင်စီ တပ်စခန်းကို KIA တွေက လာတိုက်ခိုက်ခဲ့တာပါ၊ ၁၀၅ မိုင်က စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ လှမ်းပစ်ကူတာ၊ ဈေးရွာထဲကို လက်နက်ကြီး ၂ လုံးကျတာ တစ်လုံးပဲကွဲတယ်၊ ကွဲတဲ့ တစ်လုံးက အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၂ ဦး ဒဏ်ရာရတယ်၊ သိပ်တော့ မစိုးရိမ်ရဘူး” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မုံးပေါ်တိုက်နယ်

လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာ ရသူများအနက် အမျိုးသား နှင့် အမျိုးသမီးတစ်ဦးသည် ဦးခေါင်း ထိခိုက် ဒဏ်ရာရပြီး၊ ကျန်သည့် အမျိုးသမီး ၁ ဦးသည် ဝမ်းဗိုက်မှာ ထိခိုက် ဒဏ်ရာ ရရှိထားကြောင်း သတင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်ခတ်လိုက်ပြီး မပေါက်ကွဲသေးသည့် လက်နက်ကြီး တစ်လုံးသည် ဒေသခံ အိမ်ဝန်းအတွင်း ရှိနေသည့်အတွက် အိမ်ရှင်များက ကတုတ်ကျင်းအတွင်းသာ ဆက်လက်ရှိ နေကြောင်း သိရသည်။

“မနေ့က လက်နက်ကြီးတွေ ပစ်နေတုန်း ရွာသားတွေက ကြောက်ပြီး ပုန်းခိုနေကြရတယ်။ ကတုတ်ကျင်းမရှိသေး တဲ့ အိမ်တွေလည်း ဒီနေ့မှာ စတူးနေကြပြီ၊ လက်နက်ကြီး တစ်လုံးက မကွဲပေမယ့် အိမ်ဝန်းအတွင်းမှာပဲ ရှိလို့ အိမ်ရှင် မိသားစုတွေက ကတုတ်ကျင်းထဲမှာပဲ ရှိနေကြတုန်းပဲ”ဟု မုံးပေါ်မှ အသက် ၅၀ ကျော် အထက်ပါ အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ တိုက်ပွဲကြောင့် ထိခိုက်ဒဏ်ရာရသူများသည် အသက် ၃၀ ကျော် အမျိုးသား နှင့် အမျိုးသမီး ၁ ဦး၊ အသက် ၅၀ နီးပါး အမျိုးသမီးတစ်ဦး တို့ဖြစ်ကြပြီး လက်ရှိ မုံးပေါ်မှ ကျေးလက်ဆေးပေးခန်းတွင် ကုသမှုခံယူ နေလျက်ရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၃ ရက်ညတွင် ဖားကန့်မြို့မှ KIA တပ်မဟာ ၉ နယ်မြေ အတွင်း KIO တည်ထောင်ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်နေ့ ပွဲကျင်းပနေစဉ် စစ်ကောင်စီမှ ဂျက်လေယာဉ် ၃ စီးဖြင့် လာရောက် ဗုံးကြဲ တိုက်ခိုက်ခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ဖူးသည်။

ယင်းကဲ့သို့ ဖြစ်စဥ်ဖြစ်ပွားပြီးနောက် သျှမ်းပြည်မြောက်ပိုင်းရှိ မုံးပေါ်မှ မိုင်ဖန် စစ်ကောင်စီတပ်ကို KIA တပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းသိရသည်။

လက်ရှိတွင်လည်း မုံးပေါ်ဒေသအတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ နှင့် KIA တပ်ဖွဲ့တို့မှ စစ်ရေးတင်းမာမှုများ ရှိနေသေးသည့်အတွက် တိုက်ပွဲဆက်လက်ဖြစ်ပွားမည်ကို စိုးရိမ်ကြောက်လန့်ကြောင်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ကျနော်တို့က အတင်းအဓမ္မ ဖမ်းတာမျိုးတွေကတော့ မလုပ်ဖို့ တားမြစ်ထားတာ ရှိပါတယ်”

0
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းက ကချင်ပြည်နယ် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား ဖြစ်ပွားခဲ့သည့် မြို့သိမ်းတိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။ လွယ်ဂျယ်မြို့နယ်ခွဲသို့ ရောက်ရှိလာသည့် စစ်ဘေးရှောင်များကို KIA ဘက်မှ တပ်သားစုဆောင်းရေး ပြုလုပ်နေခြင်းသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ဩဂုတ်လအတွင်း ရက်ခြား ခပ်စိပ်စိပ် စောင့်ဖမ်းလာကြောင်း စစ်ဘေးရှောင်ပြောပြချက်အရ သိရသည်။ တရုတ်-မြန်မာနယ်စပ် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ မန်ဂေါ်ကောင်း၊ လွယ်ဂျယ်တောင်ပေါ် စေတီကုန်း၊ ကောင်းဆာ၊...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

မြန်မာတဝှမ်း ရေဘေးသင့်ကြုံတွေ့ချိန် စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၄ ဦးသေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေချိန် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၀ ခန့် ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ယမန်နေ့ (သြဂုတ် ၁၂)ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ မဘိမ်းမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးပတ်မှစတင်၍ တရုတ်နိုင်ငံဘက်ရှိ ရွှေလီမြစ်အထက်ပိုင်းမှ ဆည်ရေများ လွှတ်ချမှုနှင့် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရွှေလီမြစ်နှင့် နမ့်ပေါ်ချောင်းရေများ မြင့်တက်လာကာ ကျေးရွာအချို့နှင့် မြို့ပေါ်ရပ်ကွက်အချို့တွင် ရေလွှမ်းမိုးမှုများဖြစ်ပွားနေကြောင်း သိရသည်။ ထိုသို့ ရေဘေးကြုံနေရချိန်တွင် ဇူလိုင်လ ၂၈ ရက် မှ ဩဂုတ်လ ၈ ရက်အထိ စစ်ကောင်စီတပ်က မဘိမ်းမြို့နယ်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ရေဘေးကြုံနေရသည့်အချိန်တွင် အရပ်သားများကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည့်အပြင် လူသားမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “တစ်ဖက်က ပြည်သူတွေ ရေဘေးသင့်နေချိန် အချင်းချင်းကူညီရမယ့်အချိန်မှာ အခုလို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာက လူ့အခွင့်အရေးကို ချိုးဖောက်သလို တော်တော်ကို လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်ခဲ့တာပါ။ခုထိလည်း စစ်ရေးအခြေနေတွေက တင်းမာနေပါတယ်” ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောသည်။ (ဇူလိုင်လ ၂၈ ရက်) မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က Y-12 လေယာဉ်ဖြင့် မဘိမ်းမြို့ ရပ်ကွက် (၂) နှင့် (၃) ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာအရပ်သား ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးခဲ့သည်။ (ဇူလိုင်လ ၃၀ ရက်)တွင် မဘိမ်းမြို့နယ် ဘဟဲကျေးရွာနှင့် ရပ်ကွက် (၃) ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ၄ ဦး ဒဏ်ရာရရှိပြီးနေအိမ် ၅ လုံးခန့် ပျက်စီးခဲ့ကြောင်း သိရသည်။ ထို့အပြင် (ဩဂုတ်လ ၃ ရက်) ည ၁၁ နာရီခန့်တွင် မဘိမ်းမြို့ ရပ်ကွက် (၂) ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁ ဦး သေဆုံးပြီးနေအိမ် ၃ လုံးထက်မနည်း ပျက်စီးခဲ့ကြောင်း သိရသည်။ (ဩဂုတ်လ ၆ ရက်) ည ၁၁ နာရီခန့်တွင်လည်း မဘိမ်းမြို့ ရပ်ကွက် (၃) ရှိ မဘိမ်းဆေးရုံကြီးကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံအဆောက်အအုံ ၃ လုံး ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ထုတ်ပြန်ထားသည်။ လက်ရှိတွင် မဘိမ်းမြို့နယ်နှင့် မိုးမိတ်မြို့နယ်တို့၌ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာမှုဆက်လက်ရှိနေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက် မှ စတင်ပြီး မိုးမိတ်မြို့အနီးတွင် KIA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပြီးဩဂုတ်လ ၁၂ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့အနီး ၂ ရက်ဆက် တိုက်ပွဲပြန်ဖြစ်၊ စစ်ရေးဆက်လက်တင်းမာနေ

0
သျှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နင့် စစ်ကော်မရှင်တပ် တို့ အကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး စစ်ရေး ဆက်လက်တင်းမာနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (ဩဂုတ်လ ၁၁ ရက်) မွန်းလွဲ ၁ နာရီခန့်မှစတင်ကာ မိုးမိတ်မြို့နှင့် ၂ မိုင်ခန့်အကွာရှိ ညောင်နီကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ ယမန်နေ့(...