ကျောက်မဲမြို့နယ်ရှိ ကျွဲများ မကြာခဏ ပျောက်ဆုံးမှု ရှိနေ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် နမ့်မန်းကျေးရွာအုပ်စုရှိ ဒေသခံများ၏ ကျွဲများ မကြာခဏ ပျောက်ဆုံးမှု ရှိနေကြောင်း စုံစမ်း သိရှိရသည်။

ကျောက်မဲမြို့သို့ (၁) နှစ်ကျော်ကြာ စစ်ဘေးတိမ်းရှောင်နေသည့် နမ့်မန်းကျေးရွာမှ ဒေသခံ၏ ကျွဲလေးကောင် ပျောက်ဆုံးနေပြီး ယနေ့အချိန်အထိ အစအန မသိရသေးကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“၁၀ ကောင်ကျော်ရှိတဲ့ ကျွဲအုပ်ကို အသက် ၅၀ ကျော် အမျိုးသားတစ်ဦးက ထိန်းတာ၊ ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းက စပြီး စားကျက်တွေဆီကို လွတ်တဲ့ ကျွဲအုပ်က တစ်ကောင်စ နှစ်ကောင်စ ပျောက်လာတာ၊ အခုဆို ပျောက်တဲ့ ကျွဲက စုစုပေါင်း ၄ ကောင်ရှိပြီ ဘယ်လိုရှာရှာ ရှာလို့မတွေ့ဘူး” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

ကျွဲ

တိုင်းရင်းသား လက်နက်ကိုင် တိုက်ပွဲများကြောင့် နမ့်မန်းကျေးရွာမှ ဒေသခံများသည် ကျောက်မဲမြို့ ရပ်ကွက် (၇) ရှိ ၁၁ မိုင် စစ်ဘေးရှောင်စခန်းတွင် နေထိုင်ကြပြီး ကျွဲရှိသူများလည်း ကျွဲတင်းကုပ် ဆောက်လုပ်ကာ ကျွဲများကို ထိန်းကျောင်းနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ ပျောက်ဆုံးသွားသော ကျွဲများသည် တင်းကုပ်မှ စားကျက်သို့ လွတ်သည့်အချိန်တွင် ပျောက်ဆုံးသွားခြင်း ဖြစ်ပြီး ကာလတန်ဖိုးအရ ကျွဲတစ်ကောင် ကျပ်သိန်း ၂၀ ဝန်းကျင် ရှိပြီး ယနေ့ အောက်တိုဘာ (၂၅) ရက်နေ့ထိ သတင်းအချက်အလက် မသိရှိရကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

“ ၁၁ မိုင်မှာက ကျွဲကျောင်းဖို့ နေရာမရှိလို့ လယ်ကွင်းတွေဘက်မှာ လွတ်ရတာ ရှိတယ်၊ တခါတလေလည်း နမ့်မန်း ရွာဟောင်းဘက်ကို သွားတာရှိတယ်၊ အခု ပျောက်သွားတဲ့ကျွဲက အမ ၃ ကောင် အထီး ၁ ကောင်ပါ၊ လက်ရှိ တန်ဖိုး အရ ကျွဲအထီးတစ်ကောင်ကို ကျပ်သိန်း ၂၀ လောက်ပေါက်ဈေးရှိတော့ ပိုင်ရှင်ဖြစ်သူက နှမြောတာပေါ့” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ အတွင်းမှာလည်း နမ့်မန်းရွာအနီးတစ်ဝိုက်မှာ သေနတ်ဒဏ်ရာများဖြင့် လဲကျသေဆုံး နေသည့် ကျွဲများ တွေ့မြင်ခဲ့သည့် ဖြစ်စဥ်လည်း ရှိခဲ့ကြောင်း သတင်း သိရသည်။

အဆိုပါ နမ့်မန်းရွာအနီးတစ်ဝိုက်တွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ဝင်ဖြစ်သည့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ဖွဲ့ မှ သွားလာလှုပ်ရှားနေကြောင်းလည်း သတင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...