မိုင်းရယ်မြို့နယ် လူတစ်စု အိမ်ဆေးသုတ်ပေးပြီး ပိုက်ဆံ လိမ်လည်တောင်း

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်အတွင်းတွင် အမည်မသိသည့် အမျိုးသား ၆ ဦး တို့သည် အိမ်ဆေးသုတ်ပေးမည်ဟု အကြောင်းပြချက်ဖြင့် ဒေသခံများထံ ပိုက်ဆံ လိမ်လည်တောင်းယူသွားကြောင်း စုံစမ်း သိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့ မနက် ၁၀ နာရီ ဝန်းကျင်တွင် မန်ပုံကျေးရွာသို့ အမျိုးသား ၆ ဦး၊ ဆိုင်ကယ် ၃ စီးဖြင့် ရောက်လာပြီး မန်ကောင်းရပ်ရှိ ရွာလူကြီး လုံးစိုင်း ၏အိမ်ကို ဆေးသုတ်ပေးမည် ဟု ပြောကာ ပိုက်ဆံများ လိမ်ယူသွားကြောင်း သိရသည်။

“လုံးစိုင်းတို့ အိမ်က နှစ်ထပ်ဖြစ်တယ်၊ အောက်ထပ်က အုတ် နဲ့ အပေါ်က ပျဥ်ကာအိမ်ပေါ့၊ ဗမာစကားပြော ၆ ယောက်က အိမ်ဆေးသုတ်ပေးမယ်တဲ့၊ လုံးစိုင်းက ခွင့်မပြုသေးဘူး၊ သူတို့က ဆေးတွေ ဖြန်းပြီး အိမ်အောက်ထပ် ကို ဆေးသုတ်သွားတာ၊ အိမ်ရှင်ကလည်း ဆေးနံ့ နဲ့ တို့ဆေးမိသလိုမျိုး ကြောင်တောင်တောင်ဖြစ်ပြီး ဘာစကားမှ မပြောနိုင်ခဲ့ဘူး၊ သူတို့ ဆေးသုတ်ပြီး ပိုက်ဆံကို ၂ သိန်းခွဲ တောင်းတယ်၊ အိမ်ရှင် လက်ထဲမှာ ပိုက်ဆံ ၂ သိန်းပဲ ရှိနေတော့ အဲ့ ၂ သိန်းလုံးကို သူတို့ ယူသွားတယ်” ဟု လုံးစိုင်း၏ ဆွေမျိုးတော်စပ်သူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အိမ်ဆေးသုတ်ထားသည့်မြင်ကွင်း

အဆိုပါ အမျိုးသား ၆ ဦးတို့ အိမ်ကို သုတ်သွားသည့် ဆေးသည် အပြာရောင်ဖြစ်ပြီး ပြင်းရှရှ အနံ့ရှိကြောင်း နှင့် အဆိုပါ ရနံ့ကြောင့် အိမ်ရှင် တစ်မိသားစုလုံးက တို့ဆေးမိသလို ဖြစ်ပြီး အသိစိတ်လွတ်ကာ ၎င်းတို့ ပြောသမျှ လိုက်လုပ်ပေးလိုက်ရကြောင်း လုံးစိုင်း၏ ဆွေမျိုး တော်စပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယခုလ အောက်တိုဘာလ တတိယပတ်အတွင်းမှာ မိုင်းရယ်မြို့နယ် နားဖျိုင်းကျေးရွာတွင်လည်း ယင်းဖြစ်စဥ်လို မျိုး ကြုံတွေ့ ရပြီး ပိုက်ဆံ ၈ သိန်း ဆုံးရှုံး လိုက်ရကြောင်း စုံစမ်းသိရသည်။

“နားဖျိုင်းရွာမှာလည်း အိမ်ကို ဆေးသုတ်ပေးမယ်ဆိုပြီးတော့ တစ်အိမ်လုံးကို အပြာရောင် ဆေးသုတ်သွားတာ၊ အနံ့ ကလည်း အရမ်းပြင်းပြီး အိမ်ရှင်တွေက တို့ဆေးမိသလိုဖြစ်ပြီး သူတို့ပိုက်ဆံ တောင်းတဲ့အချိန် သေတ္တာထဲ ရှိတဲ့ ပိုက်ဆံ ၈ သိန်းလုံး ကို ထုတ်ပေးရတာ၊ သူတို့က ပိုက်ဆံယူပြီး ထွက်သွားတာ ခဏအကြာမှ အိမ်ရှင်တွေ အသိဝင်လာပြီး လိုက်ပေမဲ့ မမှီတော့ဘူး” ဟု ဖြစ်စဥ်ကို သိသည့်အမျိုးသမီးတစ်ဦးက ပြောသည်။

အိမ်ဆေးသုတ်ထားသည့် မြင်ကွင်း

လက်ရှိတွင် အဆိုပါ ဆေးလိုက်သုတ်ပေးနေသည့် အဖွဲ့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှာဖွေနေပြီး အနယ်နယ် အရပ်ရပ်မှ ပြည်သူများ သတိထား နေထိုင်ကြရန် လိုအပ်ကြောင်း မန်ပုံကျေးရွာအုပ်စု ဥက္ကဌ လုံးဆောက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီလိုမျိုး ကိစ္စက ရွာသားတွေ ခက်ခက်ခဲခဲရှာလာတဲ့ ငွေကြေးကို မတရားတဲ့ နည်း နဲ့ အတင်းယူသွားသလို ဖြစ်နေတယ်၊ ဒါကြောင့် ထပ်မဖြစ်ရအောင် အနယ်နယ် အရပ်ရပ်က ပြည်သူတွေ သတိထားပါ၊ သူတို့အုပ်စု နဲ့ အတွေ့မခံပါနဲ့၊ ကျနော်တို့ သက်ဆိုင်ရာကလည်း သူတို့ကို ရှာဖွေနေပါတယ်” ဟု လုံးဆောက ပြောသည်။

ယခုလို ဖြစ်စဥ်မျိုးသည် မိုင်းရယ်မြို့နယ် အပြင် သျှမ်းပြည်မြောက်ပိုင်းရှိ ကွတ်ခိုင်မြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် နှင့် ပြီးခဲ့သည့် စက်တင်ဘာလတွင်လည်း သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် လူစုတစ်ဖွဲ့က နေအိမ်ထဲဝင်လာပြီး ဆေးအတင်းလာရောက် သုတ်ပေးကာ ငွေတောင်းခံမှုလည်း ရှိခဲ့ကြောင်း သိရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူများ စားဝတ်နေရေး နှင့် ဝမ်းစာရှာဖွေ စားသောက်ရေးလည်း ခက်ခဲလာပြီး လောင်းကစားဝိုင်းများ၊ မူးယစ်ဆေးဝါးများ၊ သူခိုးများ၊ ဓားပြများ ပိုမို များပြားလာသော်လည်း တာဝန်ရှိ ရဲများက ဖမ်းဆီး အရေးယူမှုများလည်း မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...