၀င်ခွင့်ပိတ်လည်းအပြင်ကနေလုပ်နေမှာဘဲ …… ( မြန်မာ့ငြိမ်းချမ်းရေးအကျိုးတော်ဆောင်၊ ဥရောပ-မြန်မာရုံးက စဝ်ဟန်ယောင်ဟွေအား သျှမ်းသံတော်ဆင့်မှ တွေ့ဆုံမေးမြန်း)

မြန်မာ့ဒီမိုကရေစီအတွက် ဆယ်စုနှစ်ပေါင်း မြောက်များစွာကတည်းက ပြည်ပမှာနေထိုင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့သူ ၊ ဦးသိန်းစိန်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကြား အပစ်ရပ်ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပေါင်းကူးဆက်သွယ်ပေးတဲ့ ငြိမ်းချမ်းရေးမြတ်နိုးသူ စဝ်ဟန်ယောင်ဟွေဟာ လက်ရှိအစိုးရလက်ထက်မှာ ပြည်ဝင်ခွင့်ဗီဇာပိတ်ခံထားရတယ်လို့သိရပါတယ်။ ဘာကြောင့်ပါလဲ။ငြိမ်းချမ်းရေးအကျိုးတော်ဆောင်ကို ပြည်ဝင်ခွင့်ဗီဇာပိတ်ရင် မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ ဘယ်လိုအခြေအနေဖြစ်သွားနိုင်မလဲ။ စဝ်ဟန်ယောင်ဟွေကို သျှမ်းသံတော်ဆင့်ကနေ ဆက်သွယ်မြေးမြန်းထားပါတယ်။

မေး – မြန်မာအစိုးရဘက်က စဝ်ဟန်ယောင်ဟွေ့ကို ပြည်ဝင်ခွင့် ဗီဇာမပေးဘူးလို့ သတင်းတွေ ထွက်နေတယ် ၊ ဒါပေမယ့် ကနေဒါမှာရှိတဲ့ မြန်မာသံရုံးက သတင်းအစစ်မှန်မဟုတ်ဘူးလို့ ပြန်ပြောတာတွေရှိတယ် အဲ့ဒါနဲ့ ပတ်သက်ပြီး ဗီဇာ အခြေနေဘယ်လိုရှိပါသလဲ။

ဖြေ – ဦးသိန်းစိန် အစိုးရလက်ထပ်တုန်းက ပြည်ဝင်ခွင့်ဗီဇာကို မြန်မာအစိုးရ နဲ့ MPC တွေ ပြီးတော့ ဗီဇာရဖို့နဲ့ ပတ်သက်တဲ့ အဖွဲ့တွေ သူတို့ နှစ်တိုင်းကူညီပေးတယ်။ သူတို့အဖွဲ့တွေက Business ဗီဇာရအောင်လုပ်ပေးတယ်။ Business ဗီဇာက တစ်နှစ်ရတယ် ၊ အမြဲတမ်း ဝင်ထွက်လို့ရတယ် ၊ ခု အစိုးရသစ် တက်လာတော့ ပြီးခဲ့တဲ့နှစ်က MPC လည်းမရှိတော့ဘူး ဆိုတော့ ကျနော်တို့လည်း ၊ ကနေဒါမှာ ရှိတဲ့ မြန်မာသံရုံးကိုသွားပြီး ပြည်ဝင်ခွင့်ဗီဇာသွားတောင်းတယ်။ သူတို့ကူညီပေးလို့ နောက်ထပ်တစ်နှစ်အဝင်အထွက် လုပ်လို့ရတယ် ။ ဒီနှစ်လည်း အရင်နှစ်လိုလုပ်တဲ့အတိုင်း မြန်မာသံရုံးသွားပြီး ဗီဇာသွားတောင်းတယ်။ ဒါပေမယ့် ဒီတစ်ခေါက် သူတို့ပြောတာက နေပြည်တော်က ဗီဇာပေး ခွင့်မပေးဘူးတဲ့။ ဒါကြောင့် ပေးလို့မရဘူးတဲ့။ အဲ့ချိန်တုန်းကတော့ ကျနော်အနေနဲ့ သေသေချာချာမသိရဘူး။ ဘာကြောင့်မရတာလဲဆိုတာ နောက်ပိုင်းမှာတော့ ဦးဇော်ဌေး ပြောလာတာကတော့ သူတို့ ပိတ်တာမဟုတ်ဘူးပေါ့ ။ ဘယ်ချိန်မဆို ဗီဇာလိုအပ်ရင် သွားတောင်းလို့ရတယ်။ ဗီဇာရဖို့အတွက် သံရုံးအားလုံးပြောထားပြီးပြီပေါ့။ ဒါပေမယ့် ကျနော်တို့ သံရုံးကို သေချာပြန်သွားမေးတယ်။ ဘယ်လိုရှိလဲဆိုတာ သူတို့ပြောတာတော့ နေပြည်တော်က အစိုးရပြောလာတာကတော့ စဝ်ဟန်ယောင်ဟွေ့ နဲ့ နောက်တစ်ယောက် မြန်မာနိုင်ငံတွင်း အလုပ်လာလုပ်ဖို့ ဒီငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ ဗီဇာလာတောင်းရင် social ဗီဇာဘဲပေးဖို့ ပြောတယ်၊ သိတဲ့အတိုင်းဘဲ social ဗီဇာက အလုပ်လုပ်ဖို့ ဗီဇာမဟုတ်ဘူး ပြီးတော့ တစ်ခါဘဲ ပြည်ဝင်ခွင့်ရတယ် ၊ တစ်နှစ်အတွင်း အဝင်အထွက်လုပ်လို့မရဘူး ဒါကြောင့် သူတို့ပြောတာတော့ ဗီဇာပိတ်ပင်ခြင်းမရှိဘူး ဆိုပေမယ့် တကယ်တမ်း သူတို့ ပိတ်ထားတယ်၊ သူတို့မပိတ်ဘူးဆိုတာက အလည်အပတ်လာရင်ရတယ် ဒါပေမယ့် အလုပ်လာလုပ်ရင်မရဘူး ။

မေး – သဘောက အလည်အပတ်လာလို့ရတယ်။ ဒါပေမယ့် အလုပ်လာလုပ်လို့မရဘူး။ အဲ့လိုဟုတ်ပါသလား။

ဖြေ – ဟုတ်တယ်၊ မှန်တယ်။

မေး – အရင်လို Business ဗီဇာရဖို့ ခုလက်ရှိ အခြေနေ ဘယ်လိုပြင်ဆင်ထားလဲ။

ဖြေ – တကယ်တမ်းပြောရမယ််ဆိုရင် မြန်မာစစ်တပ်ဘက်က ကျနော်တို့ကို ပြည်ဝင်ခွင့်မပေးတာ ပိတ်ထားတာ ၄၈ နှစ်ပိတ်ထားတယ် ၊ ၂၀၁၁ ကမှ မြန်မာနိုင်ငံထဲကို ပြန်ဝင်ခွင့်ရတယ် ၂၀၁၁ ကနေ ၂၀၁၇ ထိ ဝင်လို့ရတယ် ။ အခု သူတို့လာပိတ်တယ်ဆိုတာ သိပ်မခက်ခဲဘူး အရင်လို အလုပ်လုပ်လို့ရတယ်။

မေး – ပြောချင်တာက ပြည်ဝင်ခွင့်မရတုန်းကလည်း ဒီအလုပ်ကို လုပ်တယ် ။ ပြန်မပေးဝင်လည်း အရင်အတိုင်းဘဲ အလုပ်က ဆက်လုပ်သွားမယ် ဟုတ်ပါသလား။

ဖြေ – ဟုတ်တယ်၊သိပ်မခက်ခဲပါဘူး။

မေး – ဦးသိန်းစိန် အစိုးရ လက်ထက်တုန်းက စဝ်ဟန်ကို်ယ်တိုင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တိုးတက်ဖို့ ဝင်ရောက်ကူညီခဲ့တယ် ၊ တစ်ဖက်မှာလည်း ဆက်ဆံရေးရုံးတွေကို ကူညီထောက်ပံ့ပေးတယ် ၊ ထောက်ပံ့ပေးတဲ့အဖွဲ့အစည်းအားလုံးက ၄၀ ကျော်လောက်ရှိတယ် ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး စဝ်ဟန်ကို်ယ်တိုင်က ပြည်တွင်းထဲ ဝင်ခွင့်မရရင် ထိခိုက်မှုတွေ ရှိလာနိုင်မလား။

ဖြေ – မထိခိုက်ဘူး၊ ဘာလို့လဲဆိုတော့ ဒီထောက်ပံ့မှု က ကျနော်တစ်ယောက်တည်း လုပ်တာမဟုတ်ဘူး ၊ အဖွဲ့အစည်းနဲ့ အလုပ်လုပ်တယ် ၊ ဒါကြောင့် ဒီဆက်ဆံရေးရုံးတွေက ကျနော့် တာဝန်မဟုတ်ဘူး ကျနော်က management လုပ်တာဘဲ ၊ ထဲထဲဝင်ဝင် လုပ်တဲ့ သူတစ်ယောက်ရှိတယ်၊ အခုချိန်ထိလည်း ရှိတယ် ။ သူတို့့လည်း လုပ်နေတယ် ၊ ပြည်တွင်းထဲက လူပါဘဲ ဒါတွေက မခက်ခဲပါဘူး။ ဘာတွေ ခက်ခဲမလဲ ဆိုတော့ အစိုးရဘက်က ဘတ်ဂျတ်လာပိတ်တဲ့ခါမျိုး၊ အခုက ကျနော်တို့က တစ်ခြားနိုင်ငံတွေဆီက ထောက်ပံ့ငွေဘဲယူရတယ် ၊ အစိုးရဘက်က ဘတ်ဂျတ်မပိတ်ရင် တစ်ခြားနိုင်ငံကတော့ တောက်လျှောက်ကူညီနေမှာဘဲ။ ဒါကြောင့် ကျနော်တို့အဖွဲ့အနေနဲ့လည်း အလုပ်တွေ ဆက်လုပ်သွားလို့ရတယ်၊ အစိုးရဘက်က လာပိတ်ရင်တော့ ခက်ခဲမယ်။

မေး – EPO ကို ထောက်ပံ့တဲ့ အလှူရှင်က အနောက်နိုင်ငံ အများဆုံးဖြစ်တယ်လို့ သိရတယ် ၊ ဒါကြောင့် အစိုးရက ဘယ်လိုလုပ် သူတို့ကို လာပြီး ဟန့်တားလို့ရနိုင်မှာလဲ။

ဖြေ – အစိုးရတွေဘက်က ပြောတာတော့ သူတို့ ဘက်က အားလုံး ဆုံးဖြတ်ချင်တယ် ဘယ်အဖွဲ့အစည်းက လက်ခံလို့ရမယ်၊ ဘယ်အဖွဲ့အစည်းက လက်ခံလို့မရဘူးဆိုတာ သူတို့အဲ့လိုဖြစ်ချင်တယ်၊ ဒါပေမယ့် အနောက်နို်င်ငံ အစိုးရတွေက (မြန်မာ) သူတို့ဖြစ်ချင်တဲ့အတိုင်းကို လက်မခံဘူး ၊ သူတို့ပြောတာတော့ ဘယ်အဖွဲ့ကို ကူညီသင့်တာကို သူတို့ ကူညီမယ်လို့ပြောတယ် ဒါပေမယ့် ဒါက ခုထိ ဆွေးနွေးနေတုန်း သေချာမပြောနိုင်သေးဘူး ၊ မြန်မာအစိုးရဘက်က ဆွေးနွေးနို်င်ရင်တော့ အနောက်နိုင်ငံက မကူညီနိုင်တော့ဘူးပေါ့ ။

မေး – ခုလက်ရှိ အခြေနေကို ကြည့်မယ်ဆိုရင် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အနောက်နို်င်ငံတွေနဲ့ ချစ်ခင်ရင်းနှီးတယ် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်လည်းဖြစ်တယ် ဒါကြောင့် သူမ ကိုယ်တိုင် တိုက်ရိုက် အမိ်န့်သွားပေးလို့ရလား မကူညီတော့နဲ့ဆိုပြီး။

ဖြေ – ဒါတွေက အစိုးရတွေမှာ ရှိတယ်၊ ဘယ်အစိုးရက သူ့စကားကို နားထောင်မလဲ ပေါ့ ၊ ဒါပေမယ့် အရင်တုန်းက ပြည်တွင်းထဲ ဝင်ခွင့်ရတာ အဲ့ချိန်တုန်းက စစ်အစိုးရ ကျနော်တို့ က ဒီမိုကရေစီအတွက် တိုက်ပွဲဝင်တယ် ။ သူများလည်း ကူညီလာတယ်။ မြန်မာနိုင်ငံတွင်း ဒီမိုကရေစီရအောင် ၊ အခု သူမ သွားပိတ်မယ်ဆိုရင် ကျနော်တို့ ပြောလို့ရမှာက သူမ လာပိတ်တာဟာ ဒီမိုကရေစီလမ်းကြောင်းနဲ့ မညီဘူးလို့ပြောလို့ရတယ် ။ တကယ့် ဒီမိုကရေစီ လမ်းကြောင်းသွားချင်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကူညီထောက်ပံ့တဲ့အဖွဲ့တွေကို အလုပ်ဝင်လုပ်ဖို့ ပေးသင့်တယ် ။ သူမ ဒီလို ပိတ်ရင် ဒီမိုကရေစီလမ်းကြောင်း နဲ့ မညီတော့ဘူး ။ ပြည်သူလူထုက ရွေးကောက်တင်မြောက်ထားတဲ့ ဒီမိုကရေစီ နည်းစနစ်ဆိုပေမယ့် သူမဘက်က ဒီမိုကရေစီ မကျင့်သုံးရင် ကျနော်တို့ ထောက်ပြလို့ရတယ်။

မေး – နောက်တစ်ပိုင်း က အခု အစိုးရက တို်က်ပွဲတွေ အရမ်းများလာတယ် ၊ စဝ်ဟန်အနေနဲ့က တိုက်ပွဲတွေကိုမလိုလားဘူး။ ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်ချင်တဲ့လူ ဖြစ်တယ်။ ဒါကြောင့် အခုတိုက်ပွဲ တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်ပါသလဲ။

ဖြေ – ၂၀၀၈ အခြေခံ ဥပဒေကို လာကြည့်မယ်ဆိုရင် နိုင်ငံရေးမှာဆို သမ္မတ တာဝန်ဖြစ်တယ် ၊ လုံခြုံရေးမှာဆို တပ်မတော် ဖြစ်တယ်၊ ဦးသိန်းစိန် အစိုးရ လက်ထပ်တုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ လုပ်တုန်းက စစ်တပ်မှာပြောတယ် ငြိမ်းချမ်းရေးဖြစ်စဉ်က နို်င်ငံရေးပိုင်းမှာ ဆွေးနွေးအဖြေရှာမယ် ၊ စစ်တပ် ဘက်က လုပ်လို့မရဘူး။ ဒါကြောင့် အဲ့လောက်ထိ စစ်မတိုက်နဲ့ ။ ကျနော်တို့နည်းလမ်းရှာနေတယ် ။ ဒါပေမယ့် ခုအစိုးရလက်ထပ်မှာ တပ်မတော်ဘက်က ဒေါ်အောင်ဆန်းစုကြည်ကိုပြောလာတယ် ။ သူတို့ ယုံကြည်တာက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လုံခြံုရေး ဖြစ်တယ်လို့ သူတို့ယုံကြည်တယ်။ နိုင်ငံရေးကြောင့် မဟုတ်ဘူးလို့ ပြောတယ် ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာမှ သိပ်မပြောဘူး လုံခြံုရေး စစ်တပ်ကိုဘဲ ပေးလုပ်တယ်။ ဒါကြောင့် တိုက်ပွဲတွေလည်း အရင်ကထက် ပိုများလာတယ်လို့ ကျနော်မြင်တယ် ၊ တကယ်တမ်းတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးကို လုံခြံုရေးအောက်မှာ သွားနေမယ်ဆိုရင် ထွက်လမ်းမဟုတ်ဘူးလို့ မြင်တယ်။ ဘာကြောင့်လဲဆိုတာ စစ်တပ်ဘက်က နှစ်ပေါင်း ၆၀ လောက် လုပ်လာပြီ ထွက်ပေါက်မဟုတ်ဘူး ၊ ဦးသိန်းစိန် တို့လာလုပ်တုန်းက ငြိမ်းချမ်းရေးဖြစ်စဉ်ကို နိုင်ငံရေးနဲ့ လုပ်သွားမယ်။ နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းသွားမယ်ဆိုပြီး လုပ်လာတာ အလုပ်ဖြစ်လာတယ်။

မေး – ဟုတ်ကဲ့ပါ တစ်ဖက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေး နိုဗယ်ဆု ရထားသူ တစ်ယောက်ဖြစ်တယ် ၊ ဒါပေမယ့် ကျနော်တို့ နိုင်ငံက တိုက်ပွဲတွေ ဖြစ်နေတုန်း ။ ဘာကြောင့် သူမ က တိုက်ပွဲရပ်တန့်ဖို့ မလုပ်ပေးတာလဲ။ သူမ မှာ အာဏာတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်ပေးပါခင်ဗျား။

ဖြေ – ကျနော်တို့ အမြင်မှာတော့ သူမက နို်င်ငံရေးအပေါ်မှာ သိပ်နားမလည်လို့ဖြစ်မယ် ထင်တယ်။ တကယ်တမ်း သူမ ပြောတာတော့ စစ်တပ်ဘက်က နားလည်မှုယူမယ် ။ စစ်တပ်ဘက်ကို သိပ်မပတ်သက်ချင်ဘူး။ လုံခြံုရေးကို စစ်တပ်ကိုဘဲ တာဝန်ပေးတယ်။ တကယ် ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်။ ဦးသိန်းစိန်လို သူမ မြင်မယ်ဆိုရင် လုပ်နိုင်တယ် ဘယ်လိုလုပ်နိုင်လဲဆိုတော့ ပြည်သူလူထုတွေ သူမကိုရွေးကောက်တင်မြောက်ထားတာ ပြည်သူလူထု အင်အားနဲ့ စစ်တပ်ကို ပြန်ကိုင်လို့ရတယ်။ ကျနော်မြင်တာကတော့ သူမ အဲ့လို မမြင်ဘူး ၊ သူမ အစိုးရဖြစ်လာတာ နှစ်နှစ် ရှိတော့မယ်။ ပြည်သူလူထု ဆန္ဒမယူဘူး ၊ စစ်တပ်ကိုဘဲ တစ်ဘက်သတ် စကားသွားပြောနေတယ် ဒီလိုလုပ်တာ အလုပ်မဖြစ်ဘူး ။

မေး – ဟုတ်ကဲ့ ။ အခုအခြေအနေကို ကြည့်မယ်ဆိုရင် ကျနော်တို့ တိုင်းပြည်ရဲ့ ပြသနာက လူမျု်ိးရေး နဲ့ ဒီမိုကရေစီအရေး ပြသနာတွေ ဖက်ဒရယ် ပြသနာတွေ တစ်ချို့ကပြောတယ်။ လူမျိုးရေးပြသနာဆိုရင် ပြီးခဲ့တဲ့ အစိုးရဖြစ်ဖြစ် အခုတက်တဲ့ အစိုးရဖြစ်ဖြစ် တပ်မတော်ဘဲဖြစ်ဖြစ် သူတို့တွေ ပေါင်းပြီး တို်င်းရင်းသားတွေကို ဖွင့်ပေးတယ်။ ဒီမိုကရေစီဘက်ဆိုရင် သူတို့ အာဏာတွေ လုတယ် ။ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို သုံးသပ်ချင်ပါသလဲ ။

ဖြေ – ပြည်ထောင်စုမြန်မာနိုင်ငံက အာဏာတွေ လုကြတယ် ၊ သူတို့ တို်င်းရင်းသားဘက်တွေကို သိပ်ပြီး ဂရုမစိုက်ဘူး။ သူတို့က တို်င်းရင်းသား အရေးကြီးတယ်ဆိုတာ မမြင်ဘူး ၊ ပင်လုံကတိ ကို ပြန်ကြည့်မယ် ဆိုရင် ပြည်ထောင်စုဆိုတာ ပင်လုံကြောင့် ဖြစ်လာတယ်။ တိုင်းရင်းသားတွေ လာစုပေါင်းပြီး ပြည်မ နဲ့ ပူးပေါင်းတယ်။ သူတို့ ဒီလိုမြင်ရင် တို်င်းရင်းသားအရေးကို အာဏာလုတာထက် အရေးပေးသင့်တယ် ၊ ဒါပေမယ့် သူတို့ ဒီလိုမမြင်ဘူး။ ဘယ်သူအာဏာရမလဲဆိုတာကို သူတို့မြင်ရတယ်။ အဏာက အရေးကြီးနေတယ် ဒီလိုခက်နေတယ် ။

မေး – ဦးသိန်းစိန်အစိုးရ လက်ထပ် ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ ဒီမိုကရေစီအစိုးရလက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းက ဘယ်ဟာကပိုလွယ်ပြီး ဘယ်ဟာက ပိုပြီး ခက်ခဲ ပါသလဲ။

ဖြေ- အခု အစိုးရက သူများအမြင်မှာတော့ ဒီမိုကရေစီ အစိုးရဆိုပေမယ့် ဒီမိုကရေစီလမ်းစဉ်အတိုင်း မကျင့်သုံးဘူး ၊ အများစု ဆုံးဖြတ်တာက တစ်ဦးတစ်ယောက် ဆုံးဖြတ်တာဘဲ ဒါကြောင့် ခက်ခဲတယ်၊ ၂ အချက်က တိုင်းရင်းသား ပြသနာက နိုင်ငံရေးနည်းနဲ့ဖြေရှင်းရမယ်၊ စစ်ဘက်နဲ့လာဖြေရှင်းလို့ မရနိုင်ဘူး ။ စစ်တပ်ဘက်က ဘယ်လောက် အင်အားကြီးနေပါစေ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး ၊ ရေရှည်သွားမှာ တစ်ခုဘဲ ၊ ဒါကြောင့် အစိုးရဘက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကြီးမှာ နိုင်ငံရေးနည်း နဲ့ မဖြေရှင်းရင် ပိုပြီး ခက်ခဲသွားမယ် ၊ ဒါကြောင့် ငြိမ်းချမ်းရေး အမှန် တကယ်လိုအပ်ရင် ဘယ်သူမဆို လက်နက်ကိုင်အဖွဲ့အစည်းကော၊ ပြည်သူလူထုကော ၊ တပ်မတော်ကော သူတို့တွေ တကယ့် ငြိမ်းချမ်းရေး လိုချင်ရင် ဘယ်လို လုပ်သင့်သလဲဆိုတာ ပြန်လည်သုံးသပ်ရမယ် ဒီမိုကရေစီ အစိုးရကိုဘဲ စောင့်နေမယ်ဆိုရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းမရှိဘူး။

မေး – သျှမ်းပြည်တွင်းရှိ ပြည်သူလူထုကော မြန်မာနိုင်ငံတွင်းရှိ ပြည်သူတွေကော ဘာများ မှာချင်ပါသလဲ နောက်ဆုံးအနေနဲ့။

ဖြေ – ပြောချင်တာကတော့ အားမငယ်နဲ့ ဘာလို့လဲဆိုတော့ ကျနော်တို့ လုပ်လာတာ နှစ်နဲ့ချီပြီ ခုလက်ရှိ အခြေအနေကို လာကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ၁၀ နှစ်နဲ့ နှိုင်းယှဉ်ရင်တော့ ပိုကောင်းလာပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်က ဒီထက် ကောင်းတယ်။

ဒါပေမယ့် ၁၀ နှစ်ထက်တော့ ကောင်းလာတယ် ။ ဘာဘဲ ဖြစ်ဖြစ် ဒီငြိမ်းချမ်းရေး ဆွေးနွေးမှု လုပ်ငန်းစဉ်ကြီးမှာ မပျက်စီးစေချင်ဘူး ၊ နိုင်ငံရေး နည်းလမ်း ဖြေရှင်းမယ့် နည်းကို ရှာရမယ် ဒါက လုပ်နိုင်တယ်လို့ ကျနော်မြင်တယ် ၊ ဘယ်လို နည်းလမ်းနဲ့ ဖြေရှင်းချင် တယ်ဆိုတာဘဲ ရှိတယ်၊ နိုင်ငံရေးသမားတွေ ပြည်သူလူထုတွေ တိုင်းရင်းသား လက်နက်ကိုင်တွေ အားလုံး စည်းရုံးပြီး အတူတကွ နည်းလမ်းရှာရမယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ ဦးဟန်ယောင်ဟွေဟာ ညောင်ရွှေစော်ဘွား ၊ မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသမတ စဝ်ရွှေသိုက်နဲ့ သျှမ်းပြည်တပ်မတော် SSA ကိုစတင်တည်ထောင်သူ စဝ်မယ့်နန်းဟိန်းခမ်းတို့ရဲ့ သားတော် ဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တာ့ခ်ခရိုင် ဒေသခံများကို လုယက်နေသည့် တရုတ်အဖွဲ့ ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရာ (Phop Phra) နယ်မြေ အတွင်းရှိ ကျေးလက်လမ်းမများပေါ်တွင် ခရီးသွားပြည်သူများကို လုယက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် တရုတ်အမျိုးသားအဖွဲ့တဖွဲ့သည် အခြေအနေကို လာရောက်စစ်ဆေးသည့် ရဲကင်းလှည့်ကားကို မှားယွင်းတိုက်ခိုက်မိရာမှ အဖွဲ့လိုက် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ယမန်နေ့( ဇွန်လ ၄) ရက် နံနက် ၁၀ နာရီခွဲခန့်တွင်...

သက်ငယ်မုဒိမ်းကျူးလွန်သည့် ရွာငံအမျိုးသားတစ်ဉီး လွတ်မြောက်နေဆဲ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် အသက်မပြည့်သေးသည့် မိန်းကလေးငယ်တစ်ဉီးကို  မုဒိမ်းမှုကျူးလွန်ခဲ့သော အမျိုးသားတစ်ဦးကို တစ်လနီးပါးကြာသည်အထိ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ လက်ထိတ်တန်းလန်းဖြင့်...

ပင်လောင်း ခရမ်းချဉ်သီးစိုက်သူ အရှုံးပေါ်

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် ခရမ်းချဉ်သီးဈေးနှုန်း ကျဆင်းမှုကြောင့် အရင်းအနှီးပြန်မရသည့်အထိ ဆုံးရှုံးမှုများ နေကြောင်း စုံစမ်းသိရသသည်။ မြန်မာနိုင်ငံအတွင်း နေ့စဉ်နှင့်အမျှ ကုန်ဈေးနှုန်းများ မြှင့်တက်လာသည့်အလျောက် ပင်လောင်းမြို့နယ်တွင် ပြီးခဲ့သည့် မေလ နောက်ဆုံးပတ်မှ စပြီး ခရမ်းချဉ်သီးဈေးနှုန်း ဆက်တိုက်ကျဆင်းနေကြောင်း စိုက်ပျိုးရေးသမား ကိုချမ်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ပြီးခဲ့တဲ့ပတ်က တစ်ပိဿကို...

မြန်မာ-ထိုင်းနယ်စပ်ရှိ အဖြိုက်နက်သိုက်များ တရုတ်နှင့် ရုရှား အပြိုင်လုနေ

0
မြန်မာ-ထိုင်းနယ်စပ်အနီး မိုင်းတုံမြို့နယ်ရှိ လွယ်ချီလိတ်တောင်တန်းတွင် တရုတ်နှင့် ရုရှားနိုင်ငံတို့မှ ကုမ္ပဏီများက အဖြိုက်နက်သတ္တုသိုက်များကို အပြိုင်အဆိုင် တူးဖော်ရန် ကြိုးပမ်းနေကြကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က ထုတ်ပြန်သည်။ လွယ်ချီလိတ်တောင်၏ တောင်ဘက်ခြမ်းတွင် တရုတ်ကုမ္ပဏီတစ်ခုသည် 'ဝ'ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် ပူးပေါင်းကာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစ၍...

“တရုတ်မယားအဖြစ် ရောင်းစားခံရမှုက မြန်မာနိုင်ငံ တစ်နိုင်ငံလုံးကို ခြိမ်းခြောက်လာနေပြီ”

0
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း လူကုန်ကူးမှုပုံစံသည် နယ်စပ်ဂိတ်များ ပိတ်သွားခြင်းကြောင့် တရားမဝင် ခိုးပေါက်များနှင့် ဆိုရှယ်မီဒီယာမှတစ်ဆင့် လှည့်ဖြားသည့် နည်းလမ်းများ ပြောင်းလဲလာသည်။  အထူးသဖြင့် အသက် ၁၈ နှစ်မှ ၄၀ နှစ်ကြား အမျိုးသမီးများသည် တရုတ်မယားအဖြစ်နှင့် ကလေးမွေးရန် ကုန်စည်သဖွယ် ထပ်ခါတလဲလဲ ရောင်းစားခံနေရသည့်အပြင် ပြည်တွင်းရှိ...