ရပ်စောက်မြို့နယ်အတွင်း PNO အမည်ခံလူတစ်စု ပြည်သူများကို အနိုင်ကျင့်နေ

သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် မြို့ဆိုးကျေးရွာထဲတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO အမည်ခံထားသည့် လူတစ်စုက ကျေးရွာပြည်သူများကို နှိပ်စက်နေကြောင်း စုံစမ်းသိရှိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ရပ်စောက်မြို့နယ်အတွင်း PNO တပ်ဖွဲ့က လှုပ်ရှားနေပြီး ၎င်းတို့ကို အမည်ခံပြီး လက်နက်ကိုင်ထားသည့် ဦးဇော်လွင်တို့အဖွဲ့က ပြည်သူများကို နှိပ်စက်နေကြောင်း သိရသည်။

“ဦးဇော်လွင်က ပြည်သူတွေကို နှိပ်စက်နေတာ။ သူက လက်နက်အားကိုးပြီးတော့ ရွာထဲမှာ လုပ်ချင်တာလုပ်နေတာ။ ဦးဇော်လွင်က သူ့အဖွဲ့က လူတွေ ၅ ယောက်လောက်ရှိတယ်။ သူက PNO နာမည်ခံပြီးတော့လုပ်တယ်။ ပြီးတော့ PNO တပ်ဖွဲ့တွေနဲ့ ပေါင်းပြီး လုပ်နေတာ” ဟု ဒေသခံ အမျိုးသားက ပြောသည်။

PNO တပ်သား

ဦးဇော်လွင်သည် မြို့ဆိုးကျေးရွာထဲနေထိုင်ပြီး မြို့ဆိုးကျေးရွာပတ်ဝန်းကျင်ရှိ ကျေးရွာဒေသခံများကိုလည်း ခေါ်ယူပြီး စစ်ဆေး နှိပ်စက်ခဲ့ကြောင်း ဒေသခံ များပြောပြချက်အရသိရသည်။

“ရွာကလူနဲ့ တခြားကျေးရွာကလူတွေကို သူဖမ်းခေါ်တယ်။ ပြီးတော့ ကြိုးတုတ်ပြီး ရိုက်တာတွေလုပ်တယ်။ စစ်ဆေးတယ်ဆိုပြီး ရိုက်စစ်တာပဲ။ ဘာမှ မဟုတ်ဘဲ နှိပ်စက်နေတာ” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောပြသည်။

ထိုအပြင် အောက်တိုဘာ ၁၃ ရက်နေ့က PNO က သတ်ဖြတ်လိုက်သည့် သိန်းကျော်ထွန်းကိုလည်း ဦးဇော်လွင်က ဦးဆောင်ပြီး လုပ်ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

လက်ရှိမှာ ၎င်းသည် ကျေးရွာမှ ထွက်ပြေးနေကြောင်း သိရသည်။

“ ဦးဇော်လွင်က အခုထွက်ပြေးနေပြီ။ သိန်းကျော်ထွန်းကို သေတာ သူလည်း အဲထဲပတ်သက်တယ်လေ။ သူက PNO နဲ့ ပေါင်းပြီးတော့ ဦးဆောင်လုပ်တာ။ ပြီးတော့ ကျနော်တို့ ပတ်ဝန်းကျင်ရွာက ရွာသားတွေကိုလည်း ခေါ်ယူလာပြီး စစ်ဆေးရိုက်နှိက်ပြတာ” ဟု ဒေသခံ အမျိုသားတစ်ဦးက ပြောသည်။

ထိုသို့ PNO နာမည်ခံပြီး လက်နက်ပေးကိုင်နေသည့် လူ့အဖွဲ့စည်းမရှိကြောင်း ၊ အကယ်၍ ရှိခဲ့ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသန်းကြွယ်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ကျနော်တို့မှာ ဘယ်သူကိုမှ လက်နက်ပေးတာလည်းမရှိဘူး။ ရှေ့တန်းသွားတဲ့ သူတွေကိုတော့ ပေးထားတယ်။ ပြန်လာရင်တောင် အပ်ခိုင်းပါတယ်။ တကယ်လို့ ကျနော်တို့နာမည်နဲ့ အသုံးပြုပြီးလုပ်နေတာရှိရင် အရေးယူသွားပါမယ်။ ကျနော်တို့လည်း ပြန်စုံစမ်းကြည့်” ဟု ဗိုလ်မှူးသန်းကြွယ်က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်နေ့က PNO တပ်ဖွဲ့သည် တောသွားလည်လာသည့် ဒေသခံ ၃ ဦးကို ဖမ်းဆီးနှိက်စက်ပြီး ၁၀ ရက်နေ့က ပြန်လွတ်ပေးခဲ့ကာ ၁၃ ရက်နေ့တွင် နှိပ်စက်ခံရသူတစ်ဦး သေဆုံးသွားခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...