အဆင်သင့်ဖြစ်နေချိန် CSSU အစည်းအဝေးအပိတ်ခံရတဲ့အပေါ် ဘယ်လိုဆက်လုပ်ဆောင်သွားဖို့ရှိပါသလဲ??

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ဂျူလိုင်လ ၂၀ ရက်ကနေ ၂၂ အထိ ကျင်းပဖို့ပြင်ဆင်နေတဲ့ CSSU သျှမ်းပြည်ညီညွတ်ရေး ကော်မတီအစည်းအဝေးကို မြန်မာစစ်သံမှူးကနေ ပိတ်ပင်တားမြစ်လိုက်ပါတယ်။ အစည်းအဝေးလုပ်ဖို့ အသင့်ဖြစ် လူစုံနေတဲ့အနေအထားမှာ အခုလိုပိတ်ပင်ခံလိုက်ရတဲ့အပေါ် CSSU အနေနဲ့ ဘာဆက်လုပ်ဖို့ရှိပါသလဲ။ ဘယ်လိုပြင်ဆင်ထားပါသလဲ။ သျှမ်းပြည်ညီညွတ်ရေးကော်မတီ ပြောခွင့်ရ ပုဂ္ဂိုလ် စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ သျှမ်းပြည်ညီညွတ်ရေးကော်မတီကနေ အ စည်းအဝေးလုပ်ဖို့ပြင်ဆင်နေတာ ကို မြန်မာစစ်သံမှူးကနေ တားမြစ်တယ်လို့သိရပါတယ်။ ဘာကြောင့်သူတို့တားမြစ်သလဲ။ ဆရာတို့ရဲ့အစည်း အဝေးပြင်ဆင်မှု ကဘယ်လိုရှိပါသလဲ။

ဖြေ။ ။ မနေ့က မြန်မာကောင်စစ်ဝန်ရုံးကနေ CSSU ဥက္ကဌ စဝ်ယွက်စစ်ကိုအကြောင်းကြားလာတယ်။ မြန်မာကောင်စစ်ဝန်ရုံးကနေပြီးတော့ CSSU အစည်းအဝေးလုပ်မယ့်ကိစ္စကို သဘောမတူတဲ့အကြောင်း ကန့်ကွက်တဲ့အကြောင်း ကြားသိရပါတယ်။ ကန့်ကွက်ရတဲ့အကြောင်းရင်းကိုကြည့်လိုက်တော့ CSSU ဟာ ငြိမ်းချမ်းရေးကိုမျက်မှောက်လုပ်နိုင်တဲ့အဖွဲ့အစည်းဖြစ်တယ်။ နောက်တခုက CSSU ထဲမှာ NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ်လက်မှတ် မထိုးရသေးတဲ့သူတွေ ပါနေတယ်ပေါ့။ အဲဒီအချက်ကြောင့်မို့လို့ CSSU အစည်းအဝေးလုပ်မယ့်အကြောင်းကိုသူတို့သဘောမတူဘူးဆိုပြီး မြန်မာကောင်စစ်ဝန်ရုံးကနေ အကြောင်းကြားလာတယ်။ အဲဒါကြောင့်မို့လို့ သူတို့အနေနဲ့ ဒီအစည်းအဝေးကို RCSS တခုတည်းအနေနဲ့လုပ်မယ်ဆိုရင်တော့ ကန့်ကွက်စရာမရှိဘူး။ CSSU အနေနဲ့လုပ်မယ်ဆိုရင်တော့ ရပ်ပါလို့တော့မပြောဘူး။ ဒါပေမယ့် ရွှေ့ဆိုင်းပေးပါလို့ အဲလိုအကြောင်းကြားလာတယ်။

အဲတော့ကျနော်တို့က ထိုင်းနိုင်ငံအစိုးရကို လေးစားသမှုပြုတဲ့အနေနဲ့ရော နောက်တခုက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုလည်းဘဲ အခြေတည်တ့ံပြီးတော့မှ အောင်မြင်မှုပန်းတိုင်ရောက်အောင် ဆိုတဲ့ရည်ရွယ်ချက်တဲ့ အခုလုပ်မယ့် CSSU အစည်းအဝေးကို မလုပ်တော့ဘဲနဲ့ဖျက်သိမ်းလိုက်ပါတယ်။ တဖက်ကတော့ ကျနော်တို့ဘက်မှာပြောစရာရှိတာက တကယ်လို့ CSSU ရဲ့လုပ်ငန်းစဉ်တွေကိုနားမလည်ဘူး။ သေချာလေ့လာချင်တယ်။ နားလည်ချင်တယ် သုံးသပ်ချင်တယ်ဆိုလို့ရှိရင် CSSU တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းမေးမြန်းလို့ရလျှက်နဲ့ အဲလိုမျိုး မေးမြန်းစုံစမ်းခြင်းမရှိ်ဘဲနဲ့ အဲလိုပိတ်လိုက်တဲ့အပေါ်မှာတော့ သိပ်မကောင်းဘူး။

တကယ်တမ်းဖြစ်စေချင်တာ ဖြစ်သင့်တာကတော့ NRPC ကနေပြီးတော့သော်လည်းကောင်း UPDJC ကနေသော်လည်းကောင်း ဒါမှမဟုတ် JICM အစရှိ အဆင့်အဆင့်သောအဖွဲ့အစည်းများ ဒါမှမဟုတ် နိုင်ငံတော်အတိုင်အပင်ခံရုံးက တာဝန်ရှိပုဂ္ဂိုလ်များ ဒါမှမဟုတ်ရင်လည်း သမတရုံး ကနေပြီးတော့ ဒီကိစအပေါ် စုံစမ်းမေးမြန်းပြီး ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းက ဒီထက်မက လွယ်လွယ်ကူကူနဲ့ပြီးမြောက်အောင်မြင်နိုင်မယ်။ ကျနော်တို့သျှမ်းအဖွဲ့အစည်းအနေနဲ့လည်းဘဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုမို ပါ၀င်ပြီးတော့ ကူညီအားဖြည့်နိုင်တာပေါ့။ အခုလိုကျနော်တို့ရဲ့ ရည်ရွယ်ချက်နဲ့လုပ်ငန်းစဉ်တွေကို စေ့စပ်သေချာမလေ့လာဘဲနဲ့ တဖက်သတ်အဲလိုမျိုးစွပ်စွဲတာမျိုး ပိတ်ပင်တာမျိုးလုပ်တဲ့အပေါ်မှာတော့ ဒါနောက်နောင်မဖြစ်ရအောင်ကျနော်တို့က NRPC နဲ့ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

မေး။ ။ ဆရာတို့အစည်းအဝေးက ဘာတွေဆွေးနွေးဖို့ပြင်ဆင်ထားပါသလဲ။

ဖြေ။ ။ ၁- CSSU ရဲ့ချာတာပေါ့။ ဖွဲ့စည်းပုံစည်းမျဉ်းကိုပြန်လည်ပြင်ဆင်ဖို့ ၊ ၂- လာမယ့် ၂၁ ရာစုပင်လုံမှာဆွေးနွေးနိုင်ဖို့ ခေါင်းစဉ်ကြီး ၅ ခုရှိတာပေါ့နော် ။ နိုင်ငံရေး၊ စီးပွါးရေး၊လူမှုရေး၊မြေယာ သဘာဝသယံဇာတနဲ့ လုံခြုံရေး အစရှိတဲ့ခောင်းစဉ်တွေမှာ သျှမ်းအမျိုးသားတွေအနေနဲ့ တသံတည်း ထွက်နိုင်အောင်လို့ စုစည်းညီညွတ်မှုရအောင်လို့ ရည်ရွယ်ချက် ၂ ခုနဲ့ကျနော်တိို့ ဒီအစည်းအဝေးကိုလုပ်ရတာဖြစ်တယ်။ နောက်တခုက နောက်တကြိမ်လုပ်မယ့် ပင်လုံအစည်းအဝေးမှာ ကျနော်တို့ထဲထဲဝင်ဝင် ပါ၀င်နိုင်အောင် ကြိုတင်ညှိနှိုင်းတဲ့ပုံစံပါ။ ငြိမ်းချမ်းရေးကိုအထောက်အကူပြုဖို့သက်သက်ပါ။ အဲ့ကြောင့်မို့ ငြိမ်းချမ်းရေးကိုဖျက်လိုဖျက်ဆီးလုပ်တာမဟုတ်ဘဲနဲ့ ဒီအစည်းအဝေးကိုကျနော်တို့က တားမြစ်ခံရတဲ့အပေါ်မှာတော့ စိတ်မကောင်းဖြစ်ရတာပေါ့နော်။

မေး။ ။ငြိမ်းချမ်းရေးအပေါ်ပ့ံပိုးဖို့ပြင်ဆင်လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းအပေါ် အစည်းအဝေးကို မြန်မာဘက်က စစ်တပ်ဘက်ကဘာကြောင့်တားမြစ်တယ်လို့မြင်ပါသလဲ။

ဖြေ။ ။ နားလည်မှုလွဲလို့ ကျနော်တို့ကိုဒီလိုတားမြစ်တယ်လို့ဘဲယူဆပါတယ်။ CSSU အဖွဲ့အစည်းမှာ ပါ၀င်လုပ်ဆောင်ကြတဲ့ အဖွဲ့အစည်း အကုန်လုံးဟာ ငြိမ်းချမ်းရေးကိုလိုချင်ကြတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ယုံကြည်တယ်။ ဥပမာ NCA လက်မှမထိုးရသေးတဲ့ SSPP/SSA ဆိုရင် ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးထားပြီးသား ။ NCA တခုဘဲကျန်တော့တယ်။ NCA ထိုးဖို့က သူ့မှာကလည်း UNFC အဖွဲ့အစည်းမှာလည်း ပါ၀င်နေတယ်။ UNFC သွားမယ့်လမ်းကြောင်းက NCA လမ်းကြောင်းဘဲ။ အဲတော့ NCA လမ်းကြောင်းကိုလျှောက်လှမ်းနိုင်အောင်သူတို့ကိုယ်တိုင်ကလည်း ကြိုးပမ်းနေတဲ့အချိန်မှာ CSSU အဖွဲ့အစည်းအပေါ် ယုံမှားသံသယဖြစ်တာမျိုးကတော့ မဖြစ်သင့်တဲ့ကိစ္စ ပေါ့နော်။ မြန်မာစစ်သံရုံးအနေနဲ့ အဲလိုမျိုး CSSU အဖွဲ့အစည်းအပေါ် သံသယမရှင်းတဲ့အနေအထားကြောင့်မို့လို့ အခုလိုပိတ်ပင်ရတာဖြစ်တယ်လို့ဘဲနားလည်ပါတယ်ခင်ဗျ။

မေး။ ။ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ်မကျင်းပခင်တုန်းက သျှမ်းပြည်အမျိုးသားအဆင့်အစည်းအဝေးလုပ်ဖို့ပြင်ထားတာတွေကိုလည်း ဟန့်တားခြင်းခံရတဲ့အခြေအနေလို့လည်းပြောလို့ရပါတယ်။ ဘာလို့လဲဆိုတော့ CSSU ကျင်းပလိုတဲ့နေရာမှ ကျင်းပခွင့်မရဘဲနဲ့ တောခေါင်တဲ့ သွားလာဆက်သွယ်ရေးခက်ခဲတဲ့နေရာမှာသွားပြီးကျင်းပခိုင်းတယ်။ အခု ထိုင်းနိုင်ငံမှာလုပ်ဖို့စီစဉ်တော့ နိုင်ငံကိုကျော်ပြီးတော့မှ ပိတ်ပင်တာတွေရှိလာတယ်။ ဆရာတို့ CSSU ကဘာဆက်လို့ဖို့စီစဉ်ထား လဲခင်ဗျ။

ဖြေ။ ။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကို ဘယ်နေရာမှာဘဲလုပ်ပါ ဘယ်နေရာမှာမလုပ်ရဘူးလို့ NCA ထဲမှာလည်းမပါဘူး။ ဒါက ညှိနှိုင်းဆွေးနွေးရင်ရတဲ့အနေအထားပေါ့နော်။ အဲ့မှှှာလည်း ကြိုတင်ပြင်ဆင်နိုင်အောင်ဆိုပြီး ဒီအစည်းအဝေးမှာသုံးသပ်ဖို့ ဆွေးနွေးညှိနှိုင်းတိုင်ပင်ဖို့အစီအစဉ်ရှိပါတယ်။ ဒါမယ့်အဲ့အစီအစဉ်အထိရောက်အောင်မသွားနိုင်တဲ့အနေအထားမျိုးဖြစ်သွားတာပေါ့နော်။ အဲတော့ ကျနော်တို့ CSSU ဘာဆက်လုပ်မလဲဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာဆက်လက်ပြီးပူးပေါင်းပါ၀င်သွားမယ်။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲပေါ်ပေါက်အောင်ဆက်လက်ကြိုးပမ်းသွားမယ်။ အဲလိုပေါ်ပေါက်အောင်ကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ NRPC နဲ့ ညှိနှိုင်းဆောင်ရွက်သွားဖို့ရှိပါတယ်။ တဆင့်ပြီးတဆင့် ဆက်လက်ဆောင်ရွက်သွားဖို့ နည်းလမ်းမတွေ့တွေ့အောင်ဆက်လက်ရှာသွားဖို့ရှိပါတယ်။

မေး။ ။ ဆရာတို့ဘက်က ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မဖြစ်ဖြစ်အောင်လုပ်သွားမယ်။ တပ်မတော်သို့မဟုတ်အစိုးရဘက်ကလိုက်ပြီးတော့ တားမြစ်မှုလုပ်နေတယ်။ ဆိုတော့ ဆရာတို့ဘယ်လို နည်းလမ်းနဲ့အလျှော့အတင်းလုပ်ဆွေးနွေးသွားဖို့စီစဉ်ထားသလဲ။ ဒီဟာတကယ်လက်တွေ့ဖြစ်နိုင်အောင် ဘယ်လိုလုပ်သင့်သလဲ။

ဖြေ။ ။ ကျနော်တို့NCA ကိုအောင်မြင်စေချင်တယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ပြီးမြောက်စေချင်တယ်။ဖက်ဒရယ်ပြည်ထောင်စုကိုအမှန်တည်ဆောက်ချင်တယ်ဆိုလို့ရှိရင် တွေ့ဆုံဆွေးနွေးရေးဆိုတာ အင်မတန်မှလိုအပ်ပါတယ်။ ၂ ဦး ၂ ဖက် တွေ့ဆုံဆွေးနွေးခြင်းမပြုဘဲနဲ့တဖက်သတ်ပိတ်ပင်တာမျိုး တဖက်သတ်စွပ်စွဲတာမျိုး တဖက်သတ်ယုံမှားသံသယ စိတ်ထားပြီးတော့မှ ဆက်ဆံကြမယ်ဆိုရင် ကျနော်တို့ရေရှည်ရှေ့ဆက်အလုပ်မဖြစ်ပါဘူး။ ဒါကြောင့်ကျနော်တိုဘက်ကနေ အဆင့်ဆင့် တွေ့ဆုံနိုင်ဖို့ စာရေးသားတောင်းဆို ဖို့ကြိုးစားသွားမယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂိုလ်အဆင့်အထိပေါ့နော်။ အဲလိုလုပ်လို့မှအဆင်မပြေရင် တပ်မတော်နဲ့တွေ့ဆုံသင့်ရင်လည်း ကျနော်တို့ တွေ့ဆုံသွားမှာဖြစ်ပါတယ်။ အဲတော့ကျနော်တို့ဘက်ကအကုန်လုံးနည်းလမ်းတွေဖွင့်ထားပြီ။ ပွင့်လင်းမြင်သာစွာ ဆွေးနွေးဖို့ ကျနော်တို့ဘက်က အဆင်သင့်ပြင်ဆင်ထားပါလျှက်နဲ့ ဟိုဘက်ကအဆင်မပြေသေးလို့ လက်မခံသေးဘူးဆိုရင်လည်း သူတို့ရဲ့အဆုံးအဖြတ်အပေါ်ဘဲမူတည်ပြီးသွားတာပေါ့နော်။

ကျနော်တို့ရဲ့နိုင်ငံရေးအခက်အခဲဟာဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာမူတည်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ကန့်သတ်မှုကြောင့် ကျနော်တို့သွားချင်နေတဲ့ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စုကို မတည်ဆောက်နိုင်ဘူး။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုရင်ငြိမ်းချမ်းရေးကိုအရင်လုပ်ဆောင်ရမှာဖြစ်တယ်။ ငြိမ်းချမ်းရေးလုပ်ဆောင်ရင်းနဲ့ ဖွဲ့စည်းပုံကိုတခါတည်း ပြင်ဆင်သွားဖို့လိုအပ်နေတဲ့အချိန်မှာ တဖွဲ့နဲ့တဖွဲ့ပွင့်လင်းမြင်သာစွာဆက်ဆံမှုမရှိဘူး။ တဖွဲ့နဲ့တဖွဲ့ ယုံမှားသံသယစိတ်တွေနဲ့သွားရင် ငြိမ်းချမ်းရေးနဲ့လှမ်းဝေးသွားပါလိမ့်မယ်။ ဒါကြောင့် ငြိမ်းချမ်းရေးရရှိအောင်၊ဖွဲ့စည်းပုံပြင်နိုင်အောင် စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု အတူတည်ဆောက်နိုင်အောင် ကျနော်တို့တဖက်နဲ့တဖက် သဘောထားကြီးစွာနဲ့ ဆက်ဆံဖို့လိုအပ်တယ်။ အရင်မိုင်းဆက်တွေကိုဖယ်ထုတ်ရမယ်။ ဗမာအပါအဝင်တိုင်းရင်းသားညီကိုမောင်နှမအားလုံး အဲလိုစိတ်ထားရှိမှသာ ရည်မှန်းတဲ့ပန်းတိုင်ကို ရောက်နိုင်မယ်လို့ပြောကြားလိုပါတယ်။

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျ။

လက်ရှိမှာ CSSU ရဲ့ ဥကဌတာဝန်ကို NCA လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က တာဝန်ယူထားပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ပုံးအင်းဒေသ ဆန်စပါးဈေးနှုန်း ကျဆင်း၊လယ်သမားများ အရှုံးပေါ်နေ

0
သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ယခု ဇွန်လလယ်ပိုင်းမှစတင်၍ လယ်သမားများက စပါးများကို ထုတ်ရောင်းနေကြသော်လည်း စပါးဈေး ကျဆင်းနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း သိရသည်။ လက်ရှိတွင် ပုံးအင်းဒေသ၌ ရွှေအပ်စပါး တစ်ပိဿလျှင် ၁၀၀၀ ကျပ်သာ ရရှိနေပြီး၊ ၂၀၂၅...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး

0
ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်ကော်ရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...