မူဆယ် အမျိုးသမီးတစ်ဦးကို ကားလု မုဒိမ်းကျင့်သတ်ဖြတ်သူ ၄ ဦး သေဒဏ် နှင့် ထောင်ဒဏ်ချမှတ်

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် နေထိုင်သည့် ကားပွဲစားလုပ်ဆောင်သည့် အမျိုးသမီးတစ်ဦးကို ကားလုပြီး မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူ ၄ ဦးကို ယမန်နေ့ (စက်တင်ဘာ ၂၃) ရက် နံနက်ပိုင်းတွင် သေဒဏ် နှင့် ထောင်ဒဏ် ချမှတ်လိုက်ကြောင်း စုံစမ်းသိရသည်။

မူဆယ်အမျိုးသမီးကို မုဒိမ်းကျင့်သတ်ဖြတ်ခဲ့သူ (၄)ဦး

လွန်ခဲ့သည့် မတ် ၁၂ ရက် ညနေပိုင်းတွင် အမျိုးသားတစ်ဦးက အသက် ၂၁ နှစ်အရွယ် အမျိုးသမီးထံ ကားကြည့်မည်ဟုဆိုပြီး ဖုန်းဆက်ခေါ်ရာမှ အမျိုးသမီးသည် နေအိမ်မှ ကားမောင်းသွားပြီး မူဆယ်မြို့ စွမ်စော်ရပ်ကွက်ရှိ ကချင်သင်္ချိုင်းအတွင်းတွင် အဆိုပါ အမျိုးသမီးငယ်တစ်ဦးကို အုပ်စုလိုက် မုဒိမ်းကျင့်ကာ သတ်ဖြတ်လိုက်ပြီး ကားကိုပါ လုယူသွားခဲ့ခြင်း ဖြစ်သည်။

ထို မုဒိမ်းမှုကျူးလွန်ပြီး သတ်ဖြတ်ခဲ့သည့် လူငယ် ၄ ဦး ဖြစ်သည့် ချောက်ရို့ ၊ မောင်ထွေး (ခ) အားရှန်နှင့် အားရှင် (ခ) မြင့်ဦး တို့ကို ရာဇာသတ်ကြီး ပုဒ်မ ၃၉၂ အတွက် အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁၀ နှစ်၊ ရာဇာသတ်ကြီး ပုဒ်မ ၃၇၆ (၁) အရ ထောင်ဒဏ် ၂၀ နှစ် နှင့် ရာဇာသတ်ကြီး ပုဒ်မ ၃၀၂ (ဂ) ၃၄ အရ သေဒဏ် ဖြင့် သီးခြားကျခံစေပြီး၊ အားချန် (ခ) သိန်းဦး ကို ရာဇာသတ်ကြီး ပုဒ်မ ၃၉၂/၁၁၄ အရ ပြစ်မှုထင်ရှားသဖြင့် အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁၀ နှစ် ကို မူဆယ်ခရိုင် တရားရုံးမှ အမိန့်ချလိုက်သည်။

မူဆယ်ခရိုင် တရားရုံး

“အသက် ၂၁ နှစ် မိန်းကလေးကို ကားလုပြီး မုဒိမ်းကျင့်တဲ့လူငယ် ၃ ဦးကိုသေဒဏ်နဲ့ ကျန် တစ်ဦးကိုတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ချလိုက်တယ်။ ဒီလိုချတဲ့အပေါ်တော့ လက်ခံပါတယ်။ နောက်နောင် ဒီလိုမဖြစ်အောင်တော့ ပြင်းထန်တဲ့ အမှုတွေလုပ်ပြမှ ရမယ်” ဟု မူဆယ်မြို့မှ ၎င်းအမျိုးသမီးငယ်၏ မိသားစု နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မူဆယ်မြို့သည် တရုတ်နယ်စပ်မြို့တမြို့ဖြစ်သည့်အလျောက် လက်နက်ကိုင်ပေါများကာ လူသတ်မှု မကြာခဏ ဖြစ်ပွားပြီး ဓားပြတိုက်မှုလည်း နေ့စဥ်နှင့်အမျှ ကြားရပြီး သက်ဆိုင်ရာမှ တာဝန်ယူဖြေရှင်းဖော်ထုတ်မှု အားနည်း နေသေးကြောင်း မူဆယ်ဒေသခံများ ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

“သေနတ်အရိပ်အောက်က အမျိုးသမီးရဲ့ တိတ်တဆိတ် ငိုရှိုက်သံ”

0
“သူတို့က နစ်နာကြေးဆိုပြီး ပိုက်ဆံသိန်း (၂၀) ကျပ် ပေးပြီး ကြေအေးခိုင်းတယ်။ သတင်းလည်း အပြင်မထွက်ခိုင်းဘူး။ ပြစ်ကျူးလွန်တဲ့သူက စစ်သားဆိုတော့ သူတို့ရဲ့ သေနတ်ကို ကျမတို့က ကြောက်နေရတယ်လေ” သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့ ရင်နင့်စရာ ဖြစ်ရပ်တစ်ခုက နစ်နာသူရဲ့ အစ်မဖြစ်သူ (နန်းခမ်း) အမည်လွှဲက...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

အောင်ပန်းမြို့တွင် ကားပြသရန် ချိန်းဆိုရာမှ လူသတ်မှုဖြစ်ပွား၊ တရားခံကို ဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် ကားအရောင်းအဝယ်ပြုလုပ်ရန် ချိန်းဆိုထားရာမှ ဓားဖြင့် တိုက်ခိုက်ခံရမှုပြီး အမျိုးသားတစ်ဦးသေဆုံးကာ၊ တစ်ဉီးက ဒဏ်ရာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။​ လက်ရှိတွင် ပြစ်မှုကျူးလွန်သူအား အာဏာပိုင်များက ဖမ်းဆီးရမိပြီ ဖြစ်ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၁၄) ရက် နံနက်ပိုင်းတွင် အသက် (၂၁) နှစ်အရွယ်ရှိ ကိုသက်မော်ထူးနှင့်...