Saturday, December 3, 2022

တန့်ယန်းမြို့နယ်က ဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုပျက်

Must read

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် နောင်ခမ်းကျေးရွာအုပ်စုရှိ နောင်ခမ်းဘုန်းကြီးကျောင်း အုတ်တံတိုင်း များသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပြိုပျက်သွားရကြောင်း သတင်း သိရသည်။

ယမန်နေ့ (စက်တင်ဘာ ၂၂ ) ရက် ည ၇ နာရီခွဲဝန်းကျင်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် အတူ လေပြင်းများလည်း တိုက်ခတ် သည့်အတွက် နောင်ခမ်းဘုန်းကြီးကျောင်း အုတ်တံတိုင်းပြိုကျသွားပြီး ပြုပြင်ရေးအတွက် အလှူရှင်လိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ခမ်းဘုန်းကြီးကျောင်း

“မနေ့က ၇ နာရီခွဲ နဲ့ ၈ နာရီကြားမှာ မိုးကြီးလေကြီး လာလိုက်လို့ ကျနော်တို့ နောင်ခမ်းဘုန်းကြီးကျောင်း အုတ်တံတိုင်းက ပြိုသွားရပါတယ်၊ ရေစီးတွေက အုတ်တံတိုင်းရဲ့ အုတ်ခြေကို တိုက်သွားတာလည်း ပါတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ ပြိုကျပျက်စီးသွားရသည့် အုတ်တံတိုင်း ပြန်လည် မွမ်းမံပြုပြင်ရေးအတွက် ဒေသခံများလုပ်ဆောင်လိုသည့် အတွက် ရပ်နီးရပ်ဝေးမှု အလှူရှင်များကိုလည်း ဖိတ်ခေါ်လိုကြောင်း ဒေသခံများက ပြောသည်။

“ပြိုသွားတဲ့ အုတ်တံတိုင်းကတော့ ရှေးဟောင်းကျောင်းအုတ်တံတိုင်းလို့တောင် ပြောလို့ရတာပါ၊ နှစ်ပေါင်း ၆၀ ကျော် ၇၀ နီးပါးရှိပြီ ၊ အခု ပြန်လည်ပြုပြင်မွမ်းမံရေးအတွက် အလှူရှင်တွေ ဒါနရှင်တွေကို ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article