ရုရှားငွေ နဲ့ မြန်မာကျပ်ငွေ တိုက်ရိုက်သုံးနိုင်ရန် စကစ ခြေလှမ်းနေသည်

ရုရှား ရူဘယ်ငွေ နှင့် မြန်မာကျပ်ငွေ ကို တိုက်ရိုက် အသုံးပြုနိုင်ရေး အတွက် စစ်ကောင်စီဘက်က ခြေလှမ်းနေကြောင်းသိရသည်။

ပုံ – Credit (ရုရှားသမ္မတ နှင့် စကစ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံစဥ်)

စီးပွားရေး နှင့် ကုန်သွယ်မှုဆိုင်ရာ ဆက်စပ်လုပ်ငန်းများတွင် ရူဘယ်ငွေ နှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေရန်လုပ်ဆောင်ကြောင်း၊ ရုရှားငွေ ပေးချေမှုစနစ်သုံးကဒ် MIR ကို ပြည်တွင်း၌ အသုံးပြုနိုင်ရန်အတွက် ခြေလှမ်းနေကြောင်း စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာ ပထမပတ်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားနိုင်ငံက ကျင်းပပြုလုပ်သည့် (၇) ကြိမြောက် အရှေ့ဖျား စီးပွားရေး ဖိုရမ်ကို တက်ရောက်ခဲ့သည်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ရုရှားခရီးစဥ်တွင် ရုရှားသမ္မတ နှင့် တွေ့ဆုံ ဆွေးနွေးမှု ရခဲ့ပြီး ဆွေးနွေးမှုမှာ မြန်မာ့ကုန်သွယ်ရေး လုပ်ငန်းတွင် ရုရှားငွေ ရူဘယ်၊ အိန္ဒိယ ရူဘီ နှင့် တရုတ်ယွမ် တို့ကို တိုက်ရိုက် ပေးချေနိုင်ရန် ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံသည် ရုရှားနိုင်ငံထံ လောင်စာဆီများကို စတင်ဝယ်ယူနေပြီး ရုရှားငွေကြေး ရူဘယ် နှင့် ပေးချေရန် အသင့်ရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုထားသည်ကို ရုရှားနိုင်ငံထုတ် (RIA) သတင်းတွင်ဖော်ပြထားကြောင်း VOA က ရေးသားဖော်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသည် ငွေးကြေးဖောင်းပွမှု ကြုံတွေ့ရခြင်း၊ စက်သုံးဆီ စျေးနှုန်းမြင့်တက်လာခြင်း၊ ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်ခြင်း၊ ရွှေစျေး မြင့်တက်လာခြင်း နှင့် အမေရိကန် တစ်ဒေါ်လာလျှင် (၂၅၀၀) ကျပ်အထိ မြင့်တက်လာခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်းပက်စက်ရုံကြောင့် ဒေသခံများ ရေဆိုးဒဏ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်းတောင်ကြီးမြို့အနီးရှိ အရှုံးပေါ်နေသည့် ပင်းပက်သံမဏိစီမံကိန်းကို စစ်ကော်မရှင်က ရုရှားနည်းပညာရှင်များ အကူအညီဖြင့် အမြန်ဆုံးပြန်လည်ပတ်နိုင်ရန် ကြိုးပမ်းနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ် ဧက ၅ သောင်းကျော် ကျယ်ဝန်းသည့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်)...

အာဏာသိမ်းသမ္မတ ဉီးမင်းအောင်လှိုင် ရုရှားသို့ ထွက်ခွာ

0
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်အဖြစ် ယနေ့ (ဩဂုတ် ၁၇ ရက်) နံနက်ပိုင်းတွင် နေပြည်တော်မှ ထွက်ခွာသွားသည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်အတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် သမ္မတပူတင်၊ ရုရှားဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့် အစိုးရပိုင်းမှ ထိပ်သီးတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသွားမည် ဖြစ်ကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...