Thursday, December 1, 2022

မိုင်းယော် အမျိုးသားတစ်ဦးက (၁) လ ကျော်ကြာ ပျောက်ဆုံးနေ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စု လုံမွန်းကျေးရွာတွင် အသက် (၅၆) နှစ်ရှိ အမျိုးသားတစ်ဦးက (၁) လကြာ ပျောက်ဆုံးနေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယော် လူပျောက်

အဆိုပါ ပျောက်ဆုံးသူမှာ အသက် (၅၆) နှစ်ရှိ ဦးဆန်စံဖြစ်ပြီး လယ်ထဲသို့ လယ်သွား လုပ်ရင်း (၄-၅) ရက် အကြာမှာ အိမ်ကိုတစ်ကြိမ် ပြန်လာခဲ့သော်လည်း သြဂုတ် ၁၄ ရက် ကစပြီး အိမ်ကိုပြန်ရောက်လာခြင်းမရှိခဲ့သဖြင့် ယနေ့ စက်တင်ဘာလ (၂၀) ရက်ထိ ရှာဖွေနေဆဲဟု ၎င်းနီးစပ်သူ မိသားစုဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက လယ်သွားလုပ်ရင်း ပျောက်သွားတာ။ လယ်သွားလုပ်တာ ၄ – ၅ ရက် ကြာတယ်။ လယ်သွားလုပ်တာ ပြီးတော့ အိမ်ကို တစ်ခေါက်ပြန်လာသေးတယ်။ အဲ့နေ့ကပဲ ပြန်ထွက်သွားတာ။ အခုထိ ပြန်မလာသေးဘူး “ ဟု ၎င်း မိသားစုဝင်တစ်ဦးက ပြောသည်။

ထို့အပြင် အသက် (၅၆) နှစ်ရှိ ဦးဆန်စံကို ၎င်း မိသားစုဝင်များက ယခုအချိန်ထိ ပျောက်ဆုံးနေသော်လည်း ရှာဖွေနေဆဲ ဖြစ်ကြောင်း အဆိုပါ ဦးဆန်စံကို တွေ့ရှိပါက ဖုန်းနံပါတ် (09-770 854 206/ 09-445 546 202) ထံသို့ အကြောင်းကြားပေးပါရန် ၎င်း မိသားစု က တောင်းဆိုထားကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article