ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးပျက်မသွားဖို့ ဘယ်သူပဲ့ထိန်းထိမ်းလဲ

၂၀၁၇ မေ ၂၄ ရက် မှ ၂၉ ရက်နေ့ အထိ ၆ ရက်ကြာကျင်းပခဲ့ပါတယ်။ အဲဒီ ညီလာခံ ကနေ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၁ ကို သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်။ ညီလာခံ အပိတ်မိန့်ခွန်း မှာ ဒေါ်အောင်ဆန်းစုကြည်က ‘ ဒီသဘောတူညီချက်ကို လွယ်လွယ်ကူကူနဲ့ ရရှိတာတော့ မဟုတ်ပါဘူး၊ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စိတ်ဓါတ်ကျစရာတွေ၊ စိတ်ဓါတ်ကြွစရာ ကျော်ဖြတ်ပြီးမှ အခုလို ရရှိလာတာဖြစ်ပါတယ်’ လို့ ပြောပါတယ်။ ဆွေးနွေးချိန်မှာ ရင်ခုန်စရာတွေ ဘာတွေများရှိပါသလဲ၊ ဒီညီလာခံကြီးကနေ တိုင်းရင်းသား လူထု အတွက်ဘာတွေများ အကျိုးအမြတ်ရရှိပါသလဲ။ ၂၁ရာစု ပင်လုံ ဒုတိယအစည်းအဝေး တက်ရောက်ခဲ့တဲ့ RCSS အတွင်းရေးမှူး (၃) ဖြစ်သည့် ဒုတိယ ဗိုလ်မှူးကြီး စိုင်းငင်း ကို သျှမ်းသံတော်ဆင့်သတင်း ဌာနက တွေ့ဆုံ မေးမြန်းထားပါတယ်။

မေး။ ။ ခွဲမထွက်ရေးမူနဲ့ပတ်သက်လို့ အကြိတ်အနယ် ဆွေးနွေးကြတယ်လို့ ကြားပါတယ် အဲဒါကို ရှင်းပြပါဦး။

ဖြေ ။ ။ နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲမထွက်ရ ဆိုတဲ့မူကို ညီလာခံ နိုင်ငံရေးကဏ္႑ဆွေးနွေးပွဲမှာ အကြိတ်အနယ်အရှိဆုံး အငြင်းခုံရဆုံး အခြေအတင်အဖြစ်ဆုံး ခေါင်းစဉ် တစ်ခုဖြစ်ပါတယ်။ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးကလည်း ဒါကိုနားစွင့်နေပါတယ်။ နိုင်ငံရေးပါတီ အစုအဖွဲ့က ပါတီတစ်ချို့ နဲ့ EAOs အစုအဖွဲ့တွေက ဒါကို ဖက်ဒရယ်ပြည်ထောင်စုအခြေခံမူမှာ မထည့်သွင်းဖို့ ကန့်ကွက်ဆွေးနွေးကြ ပေမယ့် တပ်မတော်အစုအဖွဲ့ လက်မခံတဲ့အတွက် ဒီကိစ္စဟာ UPDJCအစည်း အဝေးကို တင်ပြအဆုံးအဖြတ်ယူရမယ့် အနေအထားဖြစ်လာတယ်။ ဒါကြောင့် ညီလာခံကို တစ်ရက်ထပ်တိုးပြီး UPDJC အစည်းအဝေးကို မေလ ၂၈ နေ့မှာ ခေါ်ယူကျင်းပပါတယ်။ ဒီမှာလည်း ဒီခွဲမထွက်ရမူကိုပဲ အဓိက အကြိတ်အနယ် အခြေအတင် ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့RCSSနဲ့နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ ပါတီတစ်ခုက ဒီမူကို ချန်လပ်ဖို့ ထပ်မံ တင်ပြဆွေးနွေးခဲ့ပါတယ်။ နောက်ဆုံးတော့ ဒီမူနဲ့ပတ်သက်ပြီး ဒီညီလာခံမှာ အားလုံး သဘောတူလက်ခံနိုင်ဖို့ မဖြစ်နိုင်တဲ့အတွက် အစုအဖွဲ့ငါးခုစလုံးက ဒီမူကို နောင်ညီလာခံတွေမှာပဲ ဆက်လက် ဆွေး သဘောတူကြပါတယ်။

မေး။ ။ ဒီခွဲမထွက်ရမူ ထည့်သွင်းတာနဲ့ပတ်သက်တာရော ဘယ်လိုသဘောထားရှိသလဲ။

ဖြေ။ ။ ဒါက ပြည်ထောင်စုဂုဏ်သိက္ခာနဲ့လည်းဆိုင်တယ်။ ဖက်ဒရယ်မူနဲ့လည်း မကို်က်ညီဘူး။ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ လေးနေရာကနေ တင်သွင်းလာတဲ့ စာတမ်းတွေနဲ့ တပ်မတော်အစုအဖွဲ့ရဲ့ တောင်းဆိုချက်ကိုသာ အခြေခံပြီး ထည့်သွင်းတာဖြစ်တယ်။ အနည်းစုရဲ့ သဘောထားသာဖြစ်သေးတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်သေးတဲ့ တခြားတိုင်းရင်းသားနဲ့ NCA မထိုးနိုင်သေးတဲ့ ညီနောင် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ သဘောထားတွေက ဘယ်လိုရှိ သလဲ မသိရသေးဘူး။ ကဏ္႑အလိုက် အစုအဖွဲ့ အသီးသီးတွေကြားမှတောင် ဒါကို ကျေကျေလည်လည် မဆွေးနွေးရသေးဘူး။ အထူသဖြင့် EAOs နဲ့ နိုင်ငံရေးပါတီ အစုအဖွဲ့တွေကြားမှ ဘာမှ မယ်မယ်ရရ မဆွေးနွေး ရသေးတော့ ဘာဘုံသဘောထား တူညီချက်တွေလဲ မရကြသေးပါဘူး။ ဒါ ကြောင့် ကျနော်တို့က ဒီခွဲမထွက်ရမူကို ပယ်ဖျက်ပေးပါလို့ ပြောတာ ဖြစ်ပါတယ်။

မေး။ ။ ခွဲမထွက်ခွင့်ရမူကို ချန်လပ်ထားသလို ကျန်တဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပ ဒေကိစ္စတွေကို်လဲ ချန်လပ်ထားဖို့ အစိုးရနဲ့ တပ်မတော်အစုအဖွဲ့က တောင်းဆိုတယ်လို့ ကြားမိပါတယ် ဟုတ်ပါသလား။

ဖြေ။ ။ ဟုတ်ပါတယ် ဒါကတော့ အလဲအထပ် လုပ်တဲ့သဘောမျိုး အစိုးရနဲ့တပ်မတော်အစုအဖွဲ့ တောင်းဆို တာဖြစ်ပါတယ်။ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုချင်ရင် ခွဲမထွက်ရမူကို လက်ခံ ရမယ် ဆိုတဲ့သဘောဖြစ်ပါတယ်။ ခွဲမထွက်ရမူကို ချန်ရင်ကျန်တဲ့နှစ်ခုကိုလည်း ချန်ထားရမယ်ဆိုတဲ့ သဘော ပါ။

မေး။ ။ ဒီကိစ္စ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်အစုအဖွဲ့က အကျပ်ကိုင်တဲ့နည်းသုံးတယ်လို့ မြင်မိပါ သလား။ ဒီလိုလုပ်တဲ့အပေါ်မှာ ဘယ်လို မြင်ပါသလဲ။

ဖြေ`။ ။ ဟုတ်ပတယ်။ ဒါမျိုးက မဖြစ်သင့်မဖြစ်ထိုက်တဲ့ ဆောင်ရွက်ချက်ပါ။ ဒါက ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ မြွက်ကြားချက်နဲ့ လုံးလုံးဆန့်ကျင်တာဖြစ်တယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဖွင့်ပွဲနေ့မှာ နိုင်ငံတော်ရဲ့ ရှေ့ရေးခရီးအတွက် လျှောက်လှမ်းရာမှာ အားလုံးနဲ့ ညှိနှိုင်း ဆွေးနွေးပြီး ခြေလှမ်းတွေလှမ်းနေတာဖြစ်ပါတယ်။ အများကြိုက်မယ့်နည်းတွေရှာပြီး ဖိအားပေးတာမျိုး၊ နိုင်ငံရေးအရ အကျပ်ကိုင်တာမျိုး ကျွန်မတို့လုပ်မှာ မဟုတ် ပါဘူး။ အားလုံးနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးညှိနှိုင်းပြီး အားလုံး လက်ခံနို်င်တဲ့ သဘောတူညီချက်တွေ ရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမယ် လို့ ပြောကြားသွားတာရှိတယ်။ ယုံကြည်မှုတည်ဆောက်ရာမှာ အပြောနဲ့ အလုပ် တစ်ထပ်တည်းကျဖို့ဟာ သိပ်ကို အရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ တပ်ချုပ်ကလည်းပြောတယ်။ လက်မှတ်မထိုးနိုင်သေးတဲ့ EAOs တွေကို ပါဝင်လာရေးအတွက် ငြိမ်းချမ်းရေးတံခါး အမြဲဖွင့်ထားပြီး လက်ကမ်းကြိုဆိုလျက်ရှိတယ်ဆိုတာလေ။ ဒီလို အကျပ်ကိုင်သလိုမျိုးနည်းတွေ သုံးမယ်ဆိုရင်တော့ ကျန်တဲ့ EAOsတွေအတွက် တံခါးက ထာဝရပိတ်သွားမှာ ကို စိုးရိမ်မကင်း ဖြစ်မိပါတယ်။ မေး။ ။ညီလာခံ မတိုင်မီ RCSSက ထုတ်ပြန်ကြေညာချက်ထုတ်ထားတာရှိတယ်လေ။ ညီလာခံ သဘော တူညီ ချက်တွေကို လက်မှတ်ထိုးဖို့ အဆင့်သင့်မဖြစ်သေးဘူး ဆိုတာရှိတယ်။ ဒါပေမယ့် မေ ၂၉ ရက် ညီလာခံ နောက်ဆုံးနေ့မှာ ကဏ္႑အလိုက်အစုအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့အစည်း တဖွဲ့ချင်းအလိုက်မဟုတ်ဘဲ အစုအဖွဲ့ အလိုက် လက်မှတ်ရေးထိုးတော့ EAOs အစုအဖွဲ့ရဲ့ကိုယ်စားKNU ဒုတိယဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း ပါဝင်လက်မှတ်ရေးထိုးသွားတာကို တွေ့ရပါတယ်။ ဒီအပေါ်မှာရော RCSS ရဲ့သဘောထား ကဘယ်လို ရှိပါသလဲ။ သျှမ်းလူထုတစ်ရပ်လုံးကလည်း သိချင်နေကြပါတယ်။

ဖြေ။ ။ ကိုယ့်ကြောင့် NCA ပြဋ္ဌာန်းချက်အရ ဖြစ်ပေါ်လားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး ပျက်မသွား ရေးရှေးရှုပြီး EAOs အစုအဖွဲ့က ဝင်ထိန်းပေးတာဖြစ်တယ်။

မေး ။ ။ ဘာကို ၀င်ထိန်းပေးတာပါလဲ။

ဖြေ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ EAOs မြင်တာ ဒီညီလာခံက ရရှိလာတဲ့ ဖက်ဒရယ်အခြေခံမူတစ်ချို့ဟာ ပြီးပြည့်စုံမှု မရှိသေးဘူး။ အနည်းစုရဲ့ သဘောထားပဲ ရှိသေးတယ်။ ကိုယ်စားပြုမှုအနေနဲ့လည်း အရမ်းနည်းနေသေးတယ်။ ဒါကြောင့် ရရှိလာတဲ့ ဖက်ဒရယ်အခြခံမူတွေကို ဒီညီလာခံမှာ မူဝါဒအဖြစ် ပြည်ထောင်စုသဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းအနေနဲ့ ထည့်သွင်း ပြီး အပြီးသတ်းလက်မှတ်ရေးထိုးတာ မလုပ်သေးဘဲ သဘောထားစုစည်းချက် အနေဖြင့်သာ ယာယီထားရှိဖို့ ကျနော်တို့က အဆိုပြုတယ်။ ဒါကို ကိုယ့်ဆွေးဆွေးဖက်ရဲ့အစုအဖွဲ့တစ်ခုက ဘယ်လို့မှ လက်မခံနိုင်ကြောင်း NCA Process အတိုင်းပဲ ဒီညီလာခံမှာ တခါတည်း လက်မှတ်ရေးထိုးဖို့လိုကြောင်း၊ ဒီလို မှမလုပ်ရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံးကို ရပ်ပစ်ရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တစ်ခုလုံး ပျက်ချင်ပျက်သွားပါစေ လုံးဝဂရုမစို်က်ကြောင်း တင်းတင်းမာမာ ဆွေးနွေးတာခဲ့ပါတယ်။ ဒါကြောင့်လည်း အစည်းအဝေး ခဏရပ်ပေးဖို့ လုပ်လိုက်ရပြီး ကျနော်တို့ EAOs အစုအဖွဲ့ကြားမှာ ထပ်မံညှိနှိုင်းဖို့ ဖြစ်လာ တယ်။ လက်မှတ်ထိုးဖို့ ကျနော်တို့ထဲက RCSS အပါအဝင် တစ်ချို့အဖွဲ့အစည်းတွေ သဘောမတူပေမယ့် အများစုရဲ့ သဘောထားကို လေးစားသောအားဖြင့်လည်းကောင်း၊ ကျနော်တို့EAOs (၈)ဖွဲ့အကြား ဆုံးဖြတ်ချက်ချမှတ်ခြင်းTOR အရလည်းကောင်း၊ ကိုယ့်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုလုံး ပျက်သွားတယ် ဆိုတဲ့သဘောမျိုး သမုတ်ခံရမှာ မဖြစ်စေလိုတဲ့အတွက် မလွဲသာ လိုက်လျောပေးလိုက်ရတာပါ။ ပြည်ထောင်စုသဘောတူစာချုပ်မှာ ထည့်သွင်းမယ့် ဖက်ဒရယ်အခြေခံမူတွေဟာ အသေမဟုတ်ပဲ ပြောင်းလွယ်ပြင်လွယ်ဖြစ်အောင် လုပ်ထားပေးရမယ် ဆိုတာကိုတော့ UPDJC အစည်းအဝေးမှာ အစုအဖွဲ့အားလုံးက သဘောတူခဲ့ပါတယ်။
မေး။ ။ ညီလာခံ ရရှိလာတဲ့ရလဒ်တွေအပေါ်မှာ ဘယ်လိုမြင်သလဲ။

ဖြေ။ ။NCA အရကြည့်မယ်ဆိုရင် တိုးတက်မှု အတန်အသင့်ရှိတယ်လို့ ဆိုနိုင်ပါတယ်။ NCA Road Map (၇)ဆင့်ရှိရာမှာ အခုက အဆင့် (၅)ရောက်နေပြီလေ။ ဒါပေမယ့် အနှစ်သာရ ပိုင်အနေနဲက ကြည့်မယ်ဆိုရင် တော့ ဘာမှမယ်မယ်ရရ မရှိသေးပါဘူး။ အရေးကြီးလှတဲ့ နိုင်ငံရေးကဏ္႑နဲ့ လုံခြုံရေး ကဏ္႑တွေမှာ ဟုတ်တိ ပတ်တိ ဘာရလဒ်မှ မရရှိသေးပါဘူး။ လုံခြုံရေးကဏ္႑ဆိုရင် ပိုဝေးသေးတယ် ဆွေးနွေးဖို့ ခေါင်စဉ်လေး ကိုတောင် မူအဖြစ်ချမှတ်နိုင်ဖို့ ဆွေးနွေးဆဲ အဆင့်မှာပဲ ရှိသေးတယ်။

မေး။ ။ ညီလာခံတစ်ခုလုံးခြုံငုံပြီး ဘာများသုံးသပ်ပြောချင်ပါသေးလဲ။

ဖြေ။ ။ ဆွေးနွေးတဲ့ နေရာမှာ တန်းတူရည် ပြောဆိုဆက်ဆံဖို့လိုအပ်တယ်။ ဒီတစ်ကြိမ်ညီလာခံမှာ ဒီအချက်က အများကြီး အားနည်းနေသေးတယ်။ ဆွေးဆွေးဖို့ အချိန်အများကြီးပေးဖို့ လိုတယ်။ EAOsတွေ NCAထိုးပြီးတဲ့အဖွဲ့တွေရော မထိုးနိုင်သေးတဲ့အဖွဲ့တွေမှာပါ ဒီထက်မက စုစည်းကျစ်လစ်ဖို့လိုပါတယ်။ NCA Process တစ်လုံးနဲ့ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (FPD)ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ ဒီညီလာခံမှာ အဆုံးအဖြတ်ရယူရာမှာ နိုင်ငံရေး ဆွေးနွေးမှု ဆိုင်ရာ မူဘောင် (FPD) အတိုင်း လိုက်နာပြုလုပ်ခြင်းမရှိဘဲ ဖုတ်ပူမီးတိုက် တရွတ်တိုက်ဆွဲပြီး အဆုံးအဖြတ် အတည်ပြုချက်တွေ ရယူတာတွေ ရှိခဲ့ပါတယ်။ NCAပြဋ္ဌာန်းချက်မှာ ပါတဲ့အတိုင်း ရှေ့လုပ်ငန်းစဉ်တွေအတွက် အကောင်အထည်ဖော်မယ့် ယန္တရားတွေ သေသေချာချာ ကြိုတင်ချမှတ်ထား ဖို့လိုအပ်ပါတယ်။ ဒီဖြစ်စဉ်အတွင်းကို ဝင်ရောက်မလာနိုင်သေးတဲ့ အဖွဲ့စည်းတွေအတွက်လည်း ဝင်ရာလမ်းကြောင်း ပိတ်မသွားရေး ဆောင်ပေးဖို့လည်း အလွန်အရေးကြီး ပါတယ်။ ကျေးဇူးတင်ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၆ ရက်တာ ကာလတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွါးရေ၊ လုံခြုံရေး၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင် အစရှိခေါင်းစဉ်ကြီး ၅ ခုအကြိတ်အနယ်ဆွေးနွေးခဲ့ကြပြီး ၃၇ ချက်သဘာတူညီချက်ရရှိခဲ့သည်။ လုံခြုံရေးနှင့်ပတ်သက်ပြီးဆွေးနွေးချက်မအောင်မြင်သေးသဖြင့် သဘောတူညီချက်မရရှိသေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ဆေးရေးဂိတ် ဖျက်သိမ်းမှုကြား ကားခနှင့် ကုန်ဈေးနှုန်း မကျသေး

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်းရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်အချို့ကို ဖျက်သိမ်းထားသော်လည်း ကားခနှုန်းထားများနှင့် ကုန်ပစ္စည်းဈေးနှုန်းများ ကျဆင်းလာခြင်း မရှိသေးကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် တောင်ကြီး–ဟိုပုံးလမ်း ၈ မိုင် စစ်ဆေးရေးဂိတ်၊ ပင်လုံမြို့အဝင် စစ်ဆေးရေးဂိတ်နှင့် မိုင်းနောင်–လဲချားလမ်းဆုံ စစ်ဆေးရေးဂိတ်တို့ကို ဖျက်သိမ်းထားသည်။ သို့သော် ၎င်းလမ်းပိုင်းရှိ အခြားစစ်ဆေးရေးဂိတ်များ နှင့် စက်သုံးဆီကန့်သတ်ချက်များကြောင့် သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် မြင့်မားနေဆဲဖြစ်ကြောင်း တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ဂိတ်တွေကို အကုန်ဖျက်သိမ်းတာတော့ မဟုတ်သေးဘူး။ လဲချားဂိတ်၊ မိုင်းပွန်ဂိတ်နဲ့ ၄ မိုင်ဂိတ်တွေမှာ ပစ္စည်းတွေအလွယ်တကူ ဖြတ်လို့မရသေးဘူး။ ပိုက်ဆံတောင်းတာထက် ပစ္စည်းတွေကို သိမ်းရမလား၊ ဂိတ်မှာချထားခဲ့မလားဆိုပြီးပြောတာတွေ ရှိနေတုန်းပဲ။ အဲဒါကြောင့် ကားခဈေးကို လျှော့ဖို့ ခက်နေပါတယ်” ဟု တောင်ကြီး–မိုင်းရှူးလမ်းပိုင်း ပြေးဆွဲနေသည့် ကားသမားတစ်ဦးကပြောသည်။ ယခုအချိန်ထိ စစ်ကော်မရှင်မှ စက်သုံးဆီကို တစ်ပတ်လျှင် လီတာ ၉၀ သာ ကန့်သတ်ထုတ်ပေးသဖြင့် လမ်းကြောင်း တစ်ကြောင်းပြေးဆွဲရန် မလုံလောက်ဘဲ ပြင်ပပေါက်ဈေးဖြင့် ထပ်မံဝယ်ယူ အသုံးပြု နေရကြောင်း ၎င်းက ဆက်ပြောသည်။ တောင်ကြီးမြို့တွင် စက်သုံးဆီ တစ်လီတာ ၄၈၀၀ ကျပ်ခန့်ရှိသော်လည်း ကန့်သတ်ပမာဏ ကုန်လျှင် ကျပ် ၈,၀၀၀ဝန်းကျင်ဖြင့် ဝယ်ယူနေရပြီး မိုင်းရှူးတွင်လည်း တစ်လီတာ ၈၀၀၀ ကျပ် ဝန်းကျင်ရှိနေကြောင်း၎င်းကပြောသည်။ ထိုအခက်အခဲများကြောင့် ခရီးသည်များအတွက် ကားခများကို ပုံမှန်ဈေးနှုန်းထိ ပြန်လျော့ပေးရန် ခက်ခဲနေကြောင်း ဂိတ်မှူးတစ်ဦးကပြောသည်။ အဆိုပါ တောင်ကြီး – မိုင်းရှူးလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်များ ဖျက်သိမ်းထားသော်လည်း ကုန်ပစ္စည်းဈေးနှုန်းများမှာကျဆင်းခြင်းမရှိသေးကြောင်း မိုင်းရှူးမြို့ရှိ...

ပုံးအင်းဒေသ ဆန်စပါးဈေးနှုန်း ကျဆင်း၊လယ်သမားများ အရှုံးပေါ်နေ

0
သျှမ်းပြည် တောင်ပိုင်း ပုံးအင်းဒေသတွင် ဆန်စပါးဈေးနှုန်းများ ကျဆင်းခြင်းကြောင့် လယ်သမားများ အရှုံးနှင့် ရင်ဆိုင်နေရကြောင်း စုံစမ်းသိရသည်။ ယခု ဇွန်လလယ်ပိုင်းမှစတင်၍ လယ်သမားများက စပါးများကို ထုတ်ရောင်းနေကြသော်လည်း စပါးဈေး ကျဆင်းနေပြီး ဝယ်ယူသူနည်းပါးနေကြောင်း သိရသည်။ လက်ရှိတွင် ပုံးအင်းဒေသ၌ ရွှေအပ်စပါး တစ်ပိဿလျှင် ၁၀၀၀ ကျပ်သာ ရရှိနေပြီး၊ ၂၀၂၅...

တရုတ်နိုင်ငံ ပြင်ပရှိ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းရ အရေးယူနိုင်မည့် ဥပဒေ တရုတ်ပြဌာန်း

0
တရုတ်နိုင်ငံပြင်ပရှိ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများကိုပါ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်ရှိမည့် တရုတ်နိုင်ငံ၏ “အမျိုးသားစည်းလုံးညီညွတ်ရေး ဥပဒေသစ်” အပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသော်လည်း ထိုဥပဒေမှာ တရားဝင်ပြီး လိုအပ်ချက်တစ်ခုဖြစ်ကြောင်း တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက ပြောကြားလိုက်သည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက် (ဗုဒ္ဓဟူးနေ့) က တရုတ်နိုင်ငံ၊ ပေကျင်းမြို့ရှိ တရုတ်နိုင်ငံတော်ကောင်စီ...

နန်းမယ်ခုံမြို့နယ် စစ်တပ်က ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက် ကလေး (၂) ဦး သေဆုံး

0
ကရင်နီပြည်နယ် နန်းမယ်ခုံမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်းရှိ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေး (၂) ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇွန်လ ၂၄ ရက်) နေ့လည် ၁ နာရီဝန်းကျင်တွင် နန်းမယ်ခုံမြို့နယ် လီဝိုးကျေးရွာရှိ စာသင်ကျောင်းတခုကို စစ်ကော်ရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့်...

တော်လှန်ရေးလမ်းစဉ်မှသည် တရုတ်အလိုတော်ရိဆီသို့ – MNDAA ၏ အာဏာစက်အောက်မှ သျှမ်းပြည်မြောက်ပိုင်း၏ နိုင်ငံရေးနှင့် လူမှုစီးပွားအကျပ်အတည်း

0
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) အဖြစ် တရားဝင်ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတရေးပါတီ (MNTJP) အောက်တွင် လှုပ်ရှားနေသော ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် မူလက မြန်မာ့စစ်အာဏာရှင်စနစ်ကို ဖြိုဖျက်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန် ရည်သန်သည့် တော်လှန်ရေးအင်အားစုတရပ်အဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် ပူးပေါင်းလျက် ၎င်းတို့၏ အစောပိုင်း ဟောပြောစည်းရုံးမှုများတွင် အမျိုးသားလွတ်မြောက်ရေးကို အလေးပေးဖော်ပြခဲ့သည်။ သို့သော်လည်း ၎င်းတို့၏...