စည်းလုံးမှုမရှိပါက ငြိမ်းချမ်းရေးလုပ်ငန်းစဥ်မအောင်မြင်ဟု ဗိုလ်ချုပ်ကြီးယွက်စစ်ပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွင် စည်းလုံးမှုမရှိပါက အောင်မြင်မည်မဟုတ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကာင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြားလိုက်သည်။

RCSS နှင့် NSPNCတွေ့ဆုံ

အဆိုပါ ပြောကြားချက်သည် ယမန်နေ့ (သြဂုတ် ၃၀) ရက် RCSS/SSA နှင့် စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေး အဖွဲ့( NSPNC) တို့ နေပြည်တော်တွင် စစ်အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ်တွေ့ဆုံချိန်၌ အဖွင့်အမှာစကား ပြောကြားစဥ်တွင် ထည့်သွင်းပြောဆိုခဲ့သည်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ လွယ်ကူတဲ့လုပ်ငန်းစဉ်မဟုတ်တဲ့အတွက် ယုံကြည်မှုတည်ဆောက်ခြင်း နှင့် အတူ စိတ်ရှည်ရှည်ထားပြီး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ယုံကြည်မှုအားနည်းလျှင် စည်းလုံးမှုမရနိုင်သလို စည်းလုံးမှုမရှိလျှင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လည်း အောင်မြင်မှာမဟုတ်ပါဘူး။ အဖွဲ့အစည်းအားလုံးက ပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်မှသာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

ဆက်လက်ပြီး နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည့် နည်းလမ်းသည် အဖွဲ့အစည်းအားလုံး မျက်နှာချင်းဆိုင်ပြီး တွေ့ဆုံဆွေးနွေး ညှိနှိုင်းခြင်းမှတဆင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ဝိုင်းဝန်းတည်ဆောက်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ကြီးက ထပ်လောင်းပြောသည်။

RCSSနှင့် NSPNC

စစ်ကောင်စီ ငြိမ်းချမ်းရေး ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ NSPNC နှင့် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ် အဖွဲ့နှင့် NSPNC အဖွဲ့တို့သည် လက်ရှိ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး နှင့် လက်နက်ကိုင် ပဋိပက္ခကိစ္စများတို့ကို ၃ ရက်ခန့် ဆွေးနွေးမည်ဟုလည်း သိရသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးအကြပ်အတည်း မည်ကဲ့သို့ ဖြေရှင်းမည်ကို ဆွေးနွေးသွားကြမည်ဟု သိရပါသည်။

ယမန်နေ့ အစည်းအဝေးကို RCSS ဘက်မှ ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်၊ ဗိုလ်မှူးကြီး စိုင်းငင်း၊ ဗိုလ်မှူးကြီး ဆောင်းဟန်၊ ဗိုလ်မှူးကြီး အုမ်ခေး၊ ဒု – ဗိုလ်မှူးကြီး စိုင်းဟန်၊ စိုင်းလျန်းတို့ တက်ရောက်ကြပြီး၊ စစ်ကောင်စီဘက်မှ ဒု- ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဒု- ဗိုလ်ချုပ်ကြီး မင်းနှောင်၊ ဒု- ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒု- ဗိုလ်ချုပ်ကြီး ဝင်းဘိုရှိန်တို့ တက်ရောက်ခဲ့သည်။

သြဂုတ် ၂၉ ရက် အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်နှင့် RCSS အဖွဲ့တို့ တွေ့ဆုံချိန်တွင်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖက်ဒရယ် နှင့် ဒီမိုကရေစီကို အခြေခံသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ လက်ရှိနိုင်ငံရေးပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းနှင့် ဖြေရှင်းရေး၊ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးရေး၊ ပြည်သူလူထုတို့၏ လူမှုစီးပွားအဆင့်အတန်း မြှင့်တင်ပေးရေး၊ လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုများပပျောက်ရေးဆိုင်ရာများ ဖြေရှင်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများကို ဆွေးနွေးညှိနှိုင်းနိုင်ခဲ့ကြောင်းသိရသည်။

RCSS နှင့် NSNPC

သြဂုတ် ၂၂ ရက် တွင် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် နှင့် လားဟူဒီမိုကရက်တစ်ပါတီ(LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)တို့လည်း နေပြည်တော်တွင် ဒုတိယအကြိမ် တွေ့ဆုံခဲ့သည်။

ထို့ပြင် သြဂုတ် ၂၂ ရက်တွင် စစ်ကောင်စီ အစိုးရ အဖွဲ့အစည်းအဝေးတွင်လည်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ အနေဖြင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးပြီးနောက် လက်နက် ဆက်ကိုင်လိုပါက မြန်မာစစ်တပ် နှင့် နယ်ခြားစောင့်တပ် (BGF) ထဲဝင်ခွင့်ပြုမည် ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံး အာဏာသိမ်းတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၊ တိုင်းရင်းသားလက်နက်ကိုင်တချို့ တို့ တိုက်ပွဲပြင်းထန်နေချိန်၊ အရပ်သားပြည်သူ သိန်းချီ နေအိမ်မီးရှို့ဖျက်ဆီးခံရခြင်း နေရပ်စွန့်ခွာနေရသည်။

ထို့ပြင် တဖက်မှာလည်း အာဏာသိမ်း စစ်ခေါင်းဆောင်နှင့် တိုင်းရင်းသားလက်နက်ကိုင် (EAOs) တချို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပြုလုပ်နေသည့် ကိစ္စသည် ပြည်သူများမေးခွန်းထုတ်စရာဖြစ်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ညီနောင် EAO တစ်ဖွဲ့ချင်း ဖော်ဆောင်နေသည့် ငြိမ်းချမ်းရေးနှင့် ဟန်ချက်ညီရန် 7 EAO Alliance ကြိုးပမ်းထိန်းညှိနေ

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...