အနှစ်သာရ ပြီးပြည့်စုံတာတော့မဟုတ် – အများကြီးထဲက တစ်ချို့ပဲ ရရှိသေး

မေလ ၂၄ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ နေပြည်တော်မှာကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ခေါင်းစဉ်ကြီး ၅ ခုကို ဆွေးနွေးခဲ့ရာ လုံခြုံရေးခေါင်းစဉ်မှလွှဲပြီး ခေါင်းစဉ်ကြီး ၄ ခုမှအချက် ၃၇ ချက်ကို သဘောတူ စာချုပ်လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အဲဒီမှာ စာတမ်းမတင်ဘူး၊ လက်မှတ္ မ ထိုး ဘူး လို့ ကြေငြာချက်တွေထုတ်ပြန်ထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS လည်း တိုင်းရင်းသားအစုအဖွဲ့အောက်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဘာကြောင့်အဲလိုဖြစ်ပါသလဲ။ ဘာရည်ရွယ်ချက်ရှိပါသလဲဆိုတာကို သိရအောင်လို့ သျှမ်းသံတော်ဆင့်သတင်းထောက်ယိင်းတိုင်းကနေ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းငင်း ကို တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ဒုတိယအစည်းအဝေးတက်ရောက်ရတဲ့ရည် ရည်ရွယ်ချက်ကဘာလဲ ။

ဖြေ။ ။ ကျနော်တို့က NCA လမ်းကြောင်းအတိုင်းသွားတယ်ဆိုတော့နော် NCA အရ လာတက်ရောက် တာ ပါ။ ကျနော်ကတော့ လုံခြုံရေးကဏ္႑မှာ ၀င်ရောက်ဆွေးနွေးတာပါ။ အရင်ကတည်းကပြောထားတာရှိပါ တယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတဲ့ကိစ္စပါ။ အခုလက်ရှိအခြေအနေက လမ်းစပေါ်ပြီပေါ့လေနော်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုပြီးတော့ ကြိုးစားတဲ့အနေနဲ့ ဒီ၂၁ ရာစုပင်လုံညီလာခံကို လာတက်ရောက်ရခြင်း ဖြစ်ပါတယ်။ ဒီညီလာခံမှာ ကဏ္႑ငါးခု ခေါင်းစဉ်ကြီး ငါးခုကို ဆွေးနွေးခွင့်ရတာ ကြောင့်ပါ။ အဲဒီရည်ရွယ်ချက်နဲ့ပါ။ ကျန်တဲ့တစ်ခြားတိုင်းရင်းသားညီနောင်တွေ၊ အစိုးရဘက်က ဆန္ဒတွေ၊ တပ်မတော်ဘက်က ဆန္ဒတွေ၊ သဘောထားတွေ ဘယ်လောက်ရှိတယ်ဆိုတာ လာရောက်နားထောင် တာလည်း ပါပါတယ်။

မေး။ ။ ဒီပင်လုံ ဒုတိယအစည်းအဝေးရဲ့ ကဏ္႑အလိုက်ဆွေးနွေးမှုတွေထဲမှာ ဆွေးနွေးမှုရလဒ်တွေ ရဲ့အားနည်းချက် ၊ အားသာချက်တွေကဘာတွေလဲ ဆိုတာသုံးသပ်ပေးပါဦး ။

ဖြေ။ ။ အားလုံးဆိုရင်တော့ သိပ်တော့ မကွာဘူး။ အားသာချက်၊ အားနည်းချက် ကျနော်ပြောလို့မရဘူး ပေါ့နော်။ ဘာလို့လည်းဆိုတော့ ဒါက ပထမဦးဆုံးဆိုတော့ ကိုယ်လိုချင်တာတွေ အားလုံးကို တစ်ခါတည်းမ ရနိုင်ဘူး။ ရသင့်ရထိုက်တဲ့ဟာလေးတွေတော့ တစ်ချို့ရခဲ့တာပေါ့နော်။ အဲတာကြောင့်အား နည်းချက်အားသာ ချက်ဆိုပြီးတော့ နှိုင်းယှဉ်လို့တော့မရနိုင်ဘူး။ အဲလိုအနေအထားမှာ ရှိပါတယ်။ ခြေလှမ်းအလှမ်းတစ်ရာ လောက်လှမ်းရ မယ့်သဘော ။အခုက ပထမတစ်လှမ်းပဲရှိသေးတယ်။ တစ်ရာခိုင်နှုန်းလောက်ပေါ့ ။ ကျနော်တို့က ဒီကဏ္႑ငါးခုမှာ ပါ၀င်မဆွေးနွေးခဲ့ပါဘူး။ နဂိုကတည်းက ကျနော်တို့ ရပ်တည်ချက်က ရှိထားပြီးသား။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးဘူး။ မလုပ်ရသေးတော့ သျှမ်းလူထုတစ်ရပ်လုံးရဲ့ လိုလားချက်တွေ၊ဆန္ဒတွေမပါခဲ့ဘူး။ မပါခဲ့တော့ ကျနော်တို့လည်း ဒီညီလာခံကြီးမှာ တင်ပြဆွေးနွေးတာ ဘာမှ မရှိပါဘူး။ တင်ပြစရာ ဘာမှမရှိတော့ အဲဒီအပေါ်မှာ ကျနော်တို့ ဘာမှတ်ချက် ဘာမှ ပေးစရာမရှိပါဘူ း။ နောက်တစ်ကြိမ်လောက်ကျမှပဲ ကျနော်တို့ သျှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်ဆင့်နိုင်ငံရေးဆွေးနွေးပွဲ လုပ်နိုင်မှပဲ။ အဲအချိန်ကျမှ ကျနော်တို့ လူထုအသံတွေ ရလာမှာကိုး။ အချိန်ကျမှပဲ ကျနော်တို့ အကြေအလည်ဆွေးနွေးမှာပေါ့။အဲလို သဘောထားရှိတယ်။

မေး။ ။ လုံခြုံရေး ကဏ္႑နဲ့ပတ်သက်လို့ ဆွေးနွေးမှုရလဒ်တွေဘာတွေရှိလဲရှင်းပြပေးပါ ။

ဖြေ။ ။ လုံခြုံရေးက ဘာမှထွက်မလာဘူး။ ဆက်လက်ဆွေးနေတဲ့အဆင့်မှာပဲ ရှိသေးတယ်။ ဘာမှမရသေးဘူး။အများကြီးအချိန်ယူရဦးမယ်။ လုံခြုံရေးကဏ္႑က ဆွေးနွေးဆဲ။ ကျနော်တို့ ကိုယ်တိုင်ကိုမှ ပါ၀င်မဆွေးနွေးတာ။ လူထုအသံမရတော့ ကျနော်တို့ ဘာမှ မဆွေးနွေးခဲ့ဘူး။ တပ်မတော်တစ်ခုတည်းဖြစ်ဖို့က မူအရပဲ ရှိသေးတယ်။ အချက်သုံးချက်ပေါ့နော်။ (၁) ဒီမိုကရေအစိုးရရဲ့ လက်အောက်မှာရှိတဲ့တပ်မတော်၊ (၂) တစ်ခုတည်းသော တပ်မတော်၊ (၃) ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတဲ့ အမျိုးအစားသုံးမျိုးပေါ့နော်။ ခေါင်းစဉ်လောက်ပဲ။ အဲခေါင်းစဉ် သုံးခုကို နောင်ဆွေးနွေးပွဲမှာ ဆက်လက်ဆွေးနွေးရအောင်ဆိုတဲ့ သုံးခုလောက်ပဲ ရလိုက်တယ်။ တခြားဘာမှ ထူးထူးထွေထွေ မရှိဘူး။ လုံခြုံရေးကဏ္႑ကတော့ အဲလိုရှိတယ်။ အဲတာတွေက အများကြီး ညှိရဦးမယ်။ ကျနော်တို့ EAO အချင်းချင်းကြားနဲ့ တွေရောပေါ့လေ။ တခြားလူထုတွေရဲ့ သဘောထားဆန္ဒတွေကို နားထောင်ကြည့်ရဦးမယ်ဆိုတော့ ခုလောလောဆယ်တော့ ပြောလို့ မရသေးဘူး။အဲသုံးခုထဲက ဘယ်ဟာကိုယူမလဲဆိုတာကိုတော့ အချိန်ယူပြီးဆွေးနွေးရဦးမယ်။ဘယ်ဟာက ကျနော်တို့နဲ့ သင့်တော်မလဲပေါ့နော်။ ဘာလို့လည်းဆိုတော့ အခုက ခေါင်းစဉ်ပဲ ထွက်လာသေးတယ်။ အသေးစိတ်က ထွက်မလာသေးဘူး။ ဖွဲ့စည်းပုံကဘယ်လိုလာမယ်ဆိုတာ အများကြီးအချိန်ယူရဦးမယ်။

မေး။ ။ ဒီညီလာခံရဲ့တိုးတက်မှုကဘာတွေဖြစ်မလဲ ။

ဖြေ။ ။ NCA Process အရ NCA မှာ ပြဌာန်းချက်အတိုင်းဆိုရင်တော့ သူ့ Process အတိုင်းသွားနေတာကိုး။ Process အတိုင်းဆိုတော့ အခုက ပြည်ထောင်စုသဘောတူညီချက် စာချုပ်ရဲ့အစိတ်အပိုင်း အနေနဲ့ ဒီညီလာခံက ရရှိလာတဲ့ ဘုံသဘောတူညီချက်တွေကို ချုပ်ဆိုနိုင်တယ်ဆိုတာ ကတော့ တိုးတက်မှုတစ်ခုအနေနဲ့တော့ ရှိနေပါတယ်။

မေး။ ။ ကဏ္႑တစ်ခုချင်းစီမှာ ဆွေးနွေးတဲ့အခါ RCSS အနေနဲ့ ဘယ်အချက်တွေထဲက မကြေလည်ခဲ့တာ ရှိသလဲ ။

ဖြေ။ ။ ခုလောလောဆယ်တော့ ဘာမှမရှိသေးဘူး။ တစ်ချို့ကိစ္စတွေကို ကျနော်တို့ အချိန်ယူပြီး ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ပြီးခဲ့တဲ့ နို််င်ငံရေးကဏ္႑မှာ အားလုံး လုံခြုံရေးကဏ္႑မှာရော တစ်ချို့အချက်တွေကို ကျနော်တို့ မဆွေးနွေးနိုင်ခဲ့ဘူး။ ဆွေးနွေးဖို့လည်း အစုအဖွဲ့အားလုံးအဆင် သင့်မဖြစ်သေးတဲ့အနေအထားမှာ ရှိတယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေကို ကျနော်တို့ တစ်ဖြည်းဖြည်းနဲ့ပဲ တစ်ဆင့်ပြီးတစ်ဆင့်ညှိနှိုင်းပြီးတော့မှပဲ ဆက်လုပ်ရမယ့် အနေအထားမှာ ရှိနေတယ် ။

မေး။ ။ ဒီပင်လုံ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ်အစည်းအဝေးတစ်ခုလုံး ခြုံငုံပြီးသုံးသပ်ချက်က ။

ဖြေ။ ။ အနှစ်သာရ ပြီးပြည့်စုံတာတော့မဟုတ်ပေါ့။ အများကြီးထဲက တစ်ချို့ပဲ ရရှိသေးတာကိုး အများကြိုးစားရဦးမယ်။ အများကြီးလုပ်ရဦးမယ်။ အချိန်ယူရဦးမယ် ။ တစ်စုံလုံးရရှိဖို့က မလွယ်ဘူး။ တစ်ဆင့်ပြီးတစ်ဆင့် နိုင်ငံတော်အတို်င်ပင်ခံပုဂ္ဂိုလ်ပြောသလိုပေါ့။ လာတော့ တစ်ချင်းတစ်လှမ်း တိုးတက်လာတဲ့အနေအထားတော့ ရှိတယ်။ အခုလောလောဆယ်တော့ ဒီလောက်ပါပဲ။ အားလုံးအဆင်ပြေနိုင်တဲ့ ကောင်းမွန်တဲ့ ရလဒ်ကောင်းတော့ ထွက်လာနိုင်တယ်လို့ မျှော်လင့်တယ်ပေါ့နော်။ ဒါက ကျနော်တို့ မျှော်လင့်တာ။ တကယ့်လက်တွေ့မှာတော့ အဲလိုထွက်လာဖို့က အခြေအနေက မပေးသေးဘူး။ ကျနော်တို့ သျှမ်းတွေကိုလည်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးပွဲက မလုပ်ရသေးဘူး။

ကျနော်သျှမ်းတွေ မဟုတ်ဘူး။ တစ်ခြားရခိုင်တို့ တစ်ခြား NCA လက်မှတ်မထိုးရသေးတဲ့အဖွဲ့အစည်းတွေ အများကြီးရှိသေးတယ်လေ။ မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တစ်ခြားတိုင်းရင်းသားတွေလည်း အများကြီးရှိသေးတယ်။ ဒီတစ်ခေါက်ထွက်လာမယ့် ရလဒ်က ပြီးပြည့်စုံတဲ့ ရလဒ်မျိုးတော့ မှဖြစ်လောက်ဘူး။ လက်ရှိအခြေအနေမှာ အားလုံးပါ၀င်နိုင်တဲ့ အခင်းအကျင်းက အရမ်းအားနည်းတယ်။ အားလုံး တိုင်းရင်းပြည်သူလူထုတစ်ရပ်လုံးရဲ့ လိုအင်ဆန္ဒနဲ့လိုလားချက်က ဒီထဲမှာ ပြီးပြည့်စုံ မပါသေးဘူး။ ထွက်လာမယ့်ရလဒ်ဟာလည်း ပြီးပြည့်စုံတဲ့ ရလဒ်မဟုတ်ဘူးပေါ့။ သူ့လမ်းကြောင်းကလည်း ညီလာခံတစ်ကြိမ်ပြီးတိုင်း ခြောက်လပြီးတစ်ကြိမ် ထပ်လုပ်ရမှာကို။ နောက်ထပ် တစ်ကြိမ်ပြီးတစ်ကြိမ်လာဦးမယ်ဆိုတော့ အများကြီးကျန်သေးတယ်။ ဒီဒုတိယအကြိမ်တော့ ရလဒ်ထွက်မလာသေးဘူးလို့ပဲ မြင််ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံသို့မဟုတ်ပင်လုံညီလာခံဟာ လာမယ့် ၆ လမှာ ထပ်မံတွေ့ဆုံဖို့ စီစဉ်ထားကြတယ်လို့လည်းပြောဆိုပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နောင်ချို-မန္တလေးလမ်းတွင် ဂိတ်ကြေး ကျပ်သိန်း (၁,၀၀၀) ကျော်အထိ ပေးဆောင်ရ

0
သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့မှ မန္တလေးသို့ သွားသည့် လမ်းတလျှောက်ရှိ စစ်ကော်မရှင် စစ်ဆေးရေးဂိတ်များတွင် ဂိတ်ကြေးနှင့် လမ်းရှင်းခ တောင်ခံမှုသည် အဆမတန် မြင့်မားနေပြီး ကုန်သည်များနှင့် ယာဉ်မောင်းများထံမှ သိရသည်။ ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ "ရက် ၁၀၀ စီမံချက်" ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့်...

စက်သုံးဆီပြဿနာကြောင့် တာချီလိတ်-မိုင်းရှူး လိုင်းကားများ ရပ်နားထားရ

0
တာချီလတ်-မိုင်းရှူးပြေးဆွဲနေသည့် လိုင်းကားများသည် ယခုနှစ်အတွင်း စက်သုံးဆီ စျေးနှုန်းမြင့်တက်မှု၊ ဝယ်ယူရန်ခက်ခဲမှုနှင့် စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များ တင်းကြပ်မှုတို့ကြောင့် ရပ်နားလိုက်ရကြောင်း သတင်းရရှိသည်။ လက်ရှိ တာချီလိတ်မြို့တွင် ဓာတ်ဆီ ၉၁ တစ်လီတာလျှင် ၆၅ ဘတ်ခန့် ရှိသော်လည်း တရားမဝင်ဈေးကွက်တွင် ၈၀ ဘတ်မှ ၁၀၀ ဘတ်ဝန်းကျင်အထိ ပေးဝယ်ရသည့်အခြေအနေရှိပြီး...

လဲချားမြို့နယ်တွင် သုံးနှစ်ခန့် လည်ပတ်ခဲ့သည့် ကျားဖြန့်များထဲမှ ၃၄ ဦးသာ ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း လဲချားမြို့နယ်တွင် ၂၀၂၄ ခုနှစ်ဝန်းကျင်ကတည်းက လည်ပတ်နေသည့် အွန်လိုင်းလိမ်လည်လောင်းကစား ကျားဖြန့်လုပ်ငန်းမှ တရုတ်နိုင်ငံသား ၃၄ ဦးကို (ဩဂုတ်လ ၁၀ ရက်)တွင် စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ လဲချားမြို့နယ် ဆီးဆောကျေးရွာအနီး တောတွင်းရှိ မိုးကာတဲများအတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား အမျိုးသား ၃၄...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

သက်ကြီးရွယ်အိုများလာသည့် ထိုင်းနိုင်ငံနှင့် ရွှေ့ပြောင်းလုပ်သား လိုအပ်ချက်

0
ထိုင်းနိုင်ငံ၏ အဓိက စက်မှုလုပ်ငန်းများနှင့် စိုက်ပျိုးရေး ကဏ္ဍများတွင် သက်ကြီးရွယ်အိုအုပ်စုများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံအပါအဝင် ပြည်ပရွှေ့ပြောင်း အလုပ်သများလိုအပ်ချက်ပိုမိုမြင့်မား လာနေကြောင်း ဘန်ကောက်ပို့စ်၏ ဆောင်းပါးတစ်ခုတွင် ဖော်ပြထားသည်။ ထိုင်နိုင်ငံအတွင်း စက်မှုကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာမှုနှင့်အတူ အလုပ်ထုတ်ပယ်ခံရနိုင်သည့်သူ ၅ သိန်းအထိ ရှိလာနေသည့် အခြေအနေနှင့် ရင်ဆိုင်နေရာသော်လည်း၊ တဖက်တွင် ပြည်ပရွှေ့ပြောင်းလုပ်သား...