တရုတ်ယွမ်ငွေ (၁၀၀) မြန်မာကျပ်ငွေ (၄၆,၀၀၀) ကျော်အထိ မြင့်တက်လာ

မြန်မာ – တရုတ် နယ်စပ်ဖြစ်သည့် သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ငွေလဲလှယ် ဈေးနှုန်းသည် တရုတ်ယွမ်ငွေ ၁၀၀ ယွမ်ကို မြန်မာကျပ်ငွေ (၄၆,၉၅၀) ကျပ်အထိ မြင့်တက်နေကြောင်း စုံစမ်းသိရှိရသည်။

ယခုလ သြဂုတ် ၁၄ ရက်တွင် တရုတ်ယွမ်ငွေ (၁၀၀) ယွမ်ကို မြန်မာကျပ်ငွေ (၄၀,၀၀၀) ကျပ်အထိ မြင့်တက်ခဲ့ရာ (၁၅) ရက်အတွင်း မြန်မာကျပ်ငွေကို ခြောက်ထောင် (၆,၀၀၀) ကျော်အထိ မြင့်တက်လာကြောင်း မူဆယ်မြို့ ငွေလဲလှယ်သူ အမျိုးသမီးတစ်ဦးထံမှ သိရသည်။

“ဒေါ်လာ ဈေးနှုန်းတက်လာကတည်းက မြန်မာကျပ်ငွေက တန်ဖိုးကျသွားတယ်။ မြန်မာကျပ်ငွေက ဈေးနှုန်းမရှိတော့ တရုတ်ယွမ်ငွေဈေးနှုန်းလည်း တစ်နေ့တခြားမြင့်တက်လာတာပဲ။ အခုဈေးနှုန်းတက်နေတာ နေ့တိုင်းပုံမှန် တက်တာမဟုတ်ဘူး။ တစ်ခါမှ တစ်ကြိမ်အများကြီး တက်သွားတာ။ တချို့နေရာတွေမှာ ၁၀၀ ယွမ်ကို (၅၀,၀၀၀) ကျပ်အထိ တက်သွားတာရှိနေတယ် “ ဟု ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။

ယွမ် မှ ကျပ် ငွေလှဲနှုန်း

ယွမ်ငွေများ မြင့်တက်လာခြင်းကြောင့် ငွေလဲလှယ်သူများ နှင့် ကုန်သည်များသည် အခက်ခဲများစွာ ကြုံတွေ့နေရပြီး ကုန်သည်များသည် ယခင်ထက် တရုတ်ယွမ်ငွေကိုသာ ပိုမိုကိုင်ဆောင်ထားသူ များလာကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ တရုတ်ယွမ်ငွေ အဆမတန် မြင့်တက်လာခြင်းနှင့်အတူ ကုန်ပစ္စည်းများလည်း တစ်နေ့တခြား ဈေးနှုန်းတက်လာသဖြင့် ပြည်သူများ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်း မူဆယ်မြို့ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကုန်ပစ္စည်းတွေလည်း မနေ့ကသွားဝယ်လို့ရတဲ့ ဈေးနှုန်းက ဒီနေ့သွားဝယ်မယ်ဆိုရင် အဲ့ဈေးနှုန်းနဲ့ မရဘူး။ တစ်နေ့ထက်တစ်နေ့ ကုန်ပစ္စည်းဈေးနှုန်းတွေက အဆမတန်မြင့်တက်လာတယ်။ ပြည်သူတွေက ပိုကြပ်တည်း လာတယ်။ သာမာန်နေ့စား အလုပ်သမားတွေလည်း ပိုပြီးခက်ခဲသွားတာပေါ့ “ ဟု ၎င်းဒေသခံ တစ်ဦးကပြောသည်။

အဆိုပါ စစ်အာဏာသိမ်းပြီး (၁) နှစ်ကျော်ကာလအတွင်း စစ်အာဏာရှင်စနစ်၏ မှုဝါဒ ပြောင်းလဲမှုနှင့် မြန်မာပြည် ထွက်ကုန်ပစ္စည်းမရှိသည့်အတွက် အမေရိကန် ဒေါ်လာ ဈေးနှင့်အတူ တရုတ်ယွမ်ငွေ ၊ ထိုင်းဘတ်ငွေ များလည်း မြင့်တက်လာခဲ့ရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...