Wednesday, January 28, 2026

နောင်ချိုမြို့နယ်ရောက် စစ်ရှောင် (၆၀၀) နီးပါးအတွက် အလှူရှင်လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် ဒိုးပင်ကျေးရွာထဲသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် (၆၀၀) နီးပါး အတွက် အလှူရှင် လိုအပ်နေကြောင်း စုံစမ်းသိရသည်။

နောင်ချိုမြို့နယ်အတွင်း စစ်ကောင်စီ နှင့် မန္တလေး PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လုံခင်းကျေးရွာ၊ နားခါကျေးရွာ၊ ကြံခင်းကျေးရွာဒေသခံတို့က ဩဂုတ် ၂၄ ရက်တွင် ဒိုးပင်ကျေးရွာထဲသို့ စစ်ရှောင် (၅၉၀) ကျော် ရောက်ရှိလာသည်။

လက်ရှိမှာ ထိုစစ်ရှောင်များအတွက် အလှူရှင်မရှိသေးသဖြင့် ဘုန်းကြီးကျောင်းမှ ချက်ပြုတ်ကျွေးမွေးနေရသဖြင့် ရက်ရှည်လာပါက အစားအသောက် ပြတ်လပ်နိုင်ကြောင်း သိရသည်။

နောင်ချို စစ်ရှောင်

“ ဒီကိုရောက်တာတော့ ၃ ရက်လောက်ရှိပါပြီ။ ထွက်ပြေးလာတုန်းက ရှိတာပဲ ဆွဲယူပြီးထွက်ပြေးလာကြတာ။ ဘာမှ မယူလာရဘူး။ ရှိတဲ့အဝတ်တစ်စုံနဲ့ပဲ ပြေးလာကြတာ။ အများစုကတော့ ဒီတိုင်းပဲ အကုန်ထွက်ပြေး လာကြတာ။ ဘုန်းကြီးကျောင်းကပဲကျွေးထားတယ်” ဟု စစ်ဘေးရှောင်လာသည့် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုစစ်ဘေးရှောင်များ ထွက်ပြေးလာချိန်တွင် တချို့မှာ တစ်နာရီနီးပါး လမ်းလျှောက်လာရပြီး၊ မည်သည့် ပစ္စည်းမှ မယူလာနိုင်ကြောင်းလည်း စစ်ရှောင် ထွက်ပြေးလာကြရကြောင်း စစ်ရှောင်အမျိုးသမီးက ပြောသည်။

“အစကတော့ သေနတ်သံတွေက ရွာပြင်လောက်ပဲကြားတာ။ ရွာနဲနီးလာတော့ အားလုံးက ထွက်ပြေး လာကြတာ။ တစ်ချို့လည်း တစ်နာရီ နီးပါး လမ်းလျှောက်ပြီးထွက်ပြေးကြတာ” ဟု ၎င်းအမျိုးသမီးက ဆိုသည်။

ထိုအပြင် အလှူရှင်တွေမရှိသည့်အတွက်ကြောင့် ဘုန်းကြီးကျောင်းမှ ချက်ကျွေးနေရကြောင်း လက်ရှိမှာ စစ်ရှောင်များအတွက် အစားအသောက်နှင့် အဝတ်အထည်များ လိုအပ်နေသည်။

နောင်ချို စစ်ရှောင်

“ဘုန်းကြီးကနေပဲစားကြတာ။ တစ်ရက်ကို ထမင်း ၂ နပ်ကျွေးတယ်။ နေ့လည်စာနဲ့ ညစာကျွေးတာပေါ့။ လူများတော့ ဟင်းလည်း အများမချက်ရဘူး။ ဒီနေ့တောင် ကုလားပဲ နဲ့ ငရုပ်သီးကြော်နဲ့ စားရတယ် ” ဟု စစ်ရှောင် အမျိုသမီးတစ်ဦး ကပြောသည်။

အလားတူ စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသားတစ်ဦးက “အခုတော့ ကုန်တောင်ကုန်နေပြီးလားမသိဘူး။ သွားမကြည့်ပေးရသေးဘူး။ အလှူရှင်ကလည်း လာမယ်ပြောတာရှိတယ်။ အခုချိန်ထိတော့ ဘာမှ မတွေ့ရသေးဘူး” ဟု မိန့်ကြားသည်။

အဆိုပါ ဒိုးပင်ကျေးရွာသို့ရောက်ရှိလာသည့် စစ်ရှောင်များသည် နေရပ်ကိုမပြန်နိုင်ကြောင်း၊ လက်ရှိမှာ စစ်ကောင်စီကလည်း ကျေးရွာတစ်ချို့တွေမှာ စစ်ဆေးနေပြီး တပ်စွဲထားကြောင်းသိရသည်။

“ တိုက်ပွဲခြေနေငြိမ်ရင်တော့ ပြန်ရင်ပြန်သွားမှာပေါ့။ အခုတော့ မပြန်နိုင်သေးဘူး။ ရွာမှာလည်း စကစ တွေက တပ်စွဲထားတာရှိတယ်လေ။ ပြီးတော့ လမ်းတွေမှာလည်း စစ်ဆေးနေတာရှိတယ်လို့ပြောတယ်။ သူတို့ ဒီမှာ နေရတာ ကြာအုံးမယ်ထင်တယ် ” ဟု ၎င်းအမျိုးသားက ဆိုပြန်သည်။

တိုက်ပွဲများရက်ရှည်ပါက စစ်ရှောင်များအတွက် အခက်အခဲများစွာ ရှိနိုင်ပြီး လက်ရှိမှာ အလှူရှင်များကို မျှော်လင့်နေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...