Wednesday, January 28, 2026

သျှမ်းသံတော်ဆင့် သတင်းဌာန အပါအဝင် သျှမ်းပြည်အခြေစိုက် မီဒီယာများကို အကြမ်းဖက်ဟု PNO တပ်ဖွဲ့ဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO တပ်ဖွဲ့က သျှမ်းသံတော်ဆင့် သတင်းဌာန (SHAN News) အပါအဝင် သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများကို အကြမ်းဖက်ဟု စွပ်စွဲကာ လိုက်လံ ဝါဒဖြန့်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်တွင် ပြည်သူ့စစ် PNO တပ်ဖွဲ့များက ဟိုပုံးမြို့ရှိ ကျေးရွာတွင် တစ်အိမ်တက် တစ်အိမ်ဆင်းပြီး သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများကို အကြမ်းဖက်မီဒီယာများနှင့် တော်လှန်ရေး အင်အားစု၏ ကွန်ရက်စာမျက်နှာများကို (PDF) အားပေးသူများ ဖြစ်ကြောင်း၊ ထိုသို့ မကြည့်ရှု့ရန်အတွက် လိုက်လံဝါဒဖြန့်ပြီး ပြောဆိုနေကြောင်း ဟိုပုံးမြို့ရှိ အမည်မဖော်လိုသူ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“ ရွာတွေမှာ PNO ကလိုက်ပြီး ပြောဆိုနေတာ။ ရွာသားတွေကို လိုက်ပြောနေတယ်။ သျှမ်းပြည်က သတင်းမီဒီယာတွေ အကြမ်းဖက်အားပေးတွေ၊ သူတို့သတင်းမီဒီယာတွေ လိမ်နေတာ လိုက်ပြောနေတယ်။ ပြီးတော့ မယုံကြည်ဖို့၊ မကြည့်ဖို့ ပြောတယ် “ ဟု ၎င်းဒေသခံက ဆိုသည်။

ထိုအကြမ်းဖက် မီဒီယာဟု စွပ်စွဲခံရသည့် သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများမှ သျှမ်းသံတော်ဆင့် (SHAN News )၊ Tachileik News Agency , Shwe Phee Myay News Agency, Kanbawza Tai News နှင့် တော်လှန်ရေး အင်အားစုများ၏ လူမှုကွန်ရက်ဖြစ်သော Taunggyi Nway Oo Channel , Channel Taunggyi , TGI Support Revolution , Road of Taunggyi များဖြစ်ကြောင်း သိရသည်။

အဆိုပါ သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများသည် တော်လှန်ရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင်နေသော မီဒီယာများဖြစ်သည်ဟု ဟိုပုံးမြို့ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရွာသားတွေနိုင်လို့ရတဲ့ အသုံးချလို့ရတဲ့ သူတွေကိုပဲ လုပ်ရဲတာပါ။ တချို့သတင်းမီဒီယာက အဖမ်းအစီးခံထားရ တော့သူလည်း သိပ်ပြီးအားကြိုးမာန်တက်ရှိမနေတော့ဘူး ။ ဒါပေမဲ့ သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာတွေက တော်လှန်ရေးအတွက် အားကြိုးမာန်တက် တင်ပေးတယ် “ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

ထို့အပြင် ဟိုပုံးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လမ်းများတွင်လည်း ၎င်း သျှမ်းပြည်မီဒီယာများကို စတေကာများဖြင့် ကပ်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

ကလောမြို့နယ် PNO ပြည်သူ့စစ် အနိုင်ရပါက ဆက်ကြေးနှင့် စစ်သားကောက်မည်ကို ဒေသခံများ စိုးရိမ်

0
သျှပြည်တောင်ပိုင်း၊ ကလေမြို့နယ်၊ စစ်ကောင်စီ ရွေးကောက်ပွဲတွင် PNO ပအိုဝ်း ပြည်သူ့စစ်ပါတီ အနိုင်ရပါက ဆက်ကြေးနှင့် စစ်သား ကောက်မည်ကို စိုးရိမ်ကြောင်း ကျေးရွာနေ ဒေသခံများက သျှမ်းသံတော်ဆင့်ကို ယနေ့ ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။ မနက်ဖြန် (ဇန်နဝါရီ ၁၁ )ရက်တွင် ကျင်းပမည့်...

“လာမယ့်ရွေးကောက်ပွဲမှာ တရားမျှတဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ကို စာထုတ် ညွှန်ကြားထားတာရှိတယ်”

0
စစ်ကော်မရှင်က ဦးဆောင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် ကြိုတင်မဲနှင့် ပတ်သက်၍ အငြင်းပွားမှုအချို့ ဖြစ်ပေါ်ခဲ့ပြီး စိစစ်ဆောင်ရွက်ပေးရန် နိုင်ငံရေးပါတီများက တင်ပြတောင်းဆိုခဲ့ကြသည်။  ကြိုတင်မဲနှင့် ပတ်သက်ပြီး လာမည့် ရွေးကောက်ပွဲ ဒုတိယပိုင်းနှင့် တတိယပိုင်းတွင် ပါတီများ၏ တင်ပြချက်အရ ကြိုတင်မဲကောက်ယူရာတွင် ပါတီကိုယ်စားလှယ်များ လိုက်ပါနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲမရှင် (UEC) ဘက်က...

ကလောမြို့နယ် လိုင်စင်မဲ့ကား စီးနင်းခွင့် ပြုမည်ဟု PNO ပြည်သူ့စစ် မဲဆွယ်

0
သျှမ်းတောင်၊ ကလောမြို့နယ်၌ လာမည့် ဇန်နဝါရီ ၁၁ ရက် ကျင်းပမည့် စစ်ကောင်စီ ရွေးကောက်ပွဲတွင် မဲထည့်ပါက လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း PNO- ပြည်သူ့စစ်ပါတီက မဲဆွယ် စည်းရုံးနေသည်ဟု ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။ ယင်းသို့ လိုင်စင်မဲ့ကား တရားဝင် စီးနင်းခွင့် ရမည်ဟု...