သျှမ်းသံတော်ဆင့် သတင်းဌာန အပါအဝင် သျှမ်းပြည်အခြေစိုက် မီဒီယာများကို အကြမ်းဖက်ဟု PNO တပ်ဖွဲ့ဆို

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် PNO တပ်ဖွဲ့က သျှမ်းသံတော်ဆင့် သတင်းဌာန (SHAN News) အပါအဝင် သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများကို အကြမ်းဖက်ဟု စွပ်စွဲကာ လိုက်လံ ဝါဒဖြန့်နေကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် သြဂုတ် ၁၉ ရက်တွင် ပြည်သူ့စစ် PNO တပ်ဖွဲ့များက ဟိုပုံးမြို့ရှိ ကျေးရွာတွင် တစ်အိမ်တက် တစ်အိမ်ဆင်းပြီး သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများကို အကြမ်းဖက်မီဒီယာများနှင့် တော်လှန်ရေး အင်အားစု၏ ကွန်ရက်စာမျက်နှာများကို (PDF) အားပေးသူများ ဖြစ်ကြောင်း၊ ထိုသို့ မကြည့်ရှု့ရန်အတွက် လိုက်လံဝါဒဖြန့်ပြီး ပြောဆိုနေကြောင်း ဟိုပုံးမြို့ရှိ အမည်မဖော်လိုသူ ဒေသခံလူငယ်တစ်ဦးက ပြောသည်။

“ ရွာတွေမှာ PNO ကလိုက်ပြီး ပြောဆိုနေတာ။ ရွာသားတွေကို လိုက်ပြောနေတယ်။ သျှမ်းပြည်က သတင်းမီဒီယာတွေ အကြမ်းဖက်အားပေးတွေ၊ သူတို့သတင်းမီဒီယာတွေ လိမ်နေတာ လိုက်ပြောနေတယ်။ ပြီးတော့ မယုံကြည်ဖို့၊ မကြည့်ဖို့ ပြောတယ် “ ဟု ၎င်းဒေသခံက ဆိုသည်။

ထိုအကြမ်းဖက် မီဒီယာဟု စွပ်စွဲခံရသည့် သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများမှ သျှမ်းသံတော်ဆင့် (SHAN News )၊ Tachileik News Agency , Shwe Phee Myay News Agency, Kanbawza Tai News နှင့် တော်လှန်ရေး အင်အားစုများ၏ လူမှုကွန်ရက်ဖြစ်သော Taunggyi Nway Oo Channel , Channel Taunggyi , TGI Support Revolution , Road of Taunggyi များဖြစ်ကြောင်း သိရသည်။

အဆိုပါ သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာများသည် တော်လှန်ရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင်နေသော မီဒီယာများဖြစ်သည်ဟု ဟိုပုံးမြို့ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ရွာသားတွေနိုင်လို့ရတဲ့ အသုံးချလို့ရတဲ့ သူတွေကိုပဲ လုပ်ရဲတာပါ။ တချို့သတင်းမီဒီယာက အဖမ်းအစီးခံထားရ တော့သူလည်း သိပ်ပြီးအားကြိုးမာန်တက်ရှိမနေတော့ဘူး ။ ဒါပေမဲ့ သျှမ်းပြည်အခြေစိုက် သတင်းမီဒီယာတွေက တော်လှန်ရေးအတွက် အားကြိုးမာန်တက် တင်ပေးတယ် “ဟု ၎င်းလူငယ်တစ်ဦးက ပြောသည်။

ထို့အပြင် ဟိုပုံးမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် လမ်းများတွင်လည်း ၎င်း သျှမ်းပြည်မီဒီယာများကို စတေကာများဖြင့် ကပ်ထားကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ PNO နှင့် စစ်တပ် အဆမတန် ငွေကောက်ခံနေ

0
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာအုပ်စုတွင် စစ်ကော်မရှင် လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် စစ်ကော်မရှင်တပ်တို့သည့် ဒေသခံများထံ အဆမတန် ငွေကြေးကောက်ခံနေကြောင်း သတင်းရရှိသည်။ လက်ရှိ နောင်ကားကျေးရွာအုပ်စုတွင် PNO၏ စစ်အသုံးစရိတ်နှင့် စစ်ကော်မရှင် အတွက် စစ်မှုထမ်းကြေး တအိမ်လျှင် တိကြိမ် ငွေကျပ် ငါးသောင်းပေးဆောင်ရကြောင်း...

တောင်ကြီးမြို့နယ် အတွင်း စစ်တပ်နှင့် PNO က စစ်အသုံးစရိတ် တလ ကျပ်ငါးသောင်းကောက်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) က စစ်အသုံးစရိတ်အတွက် တစ်လ ကျပ်ငါးသောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်နီကျေးရွာနှင့် ကျောက်နီကျေးရွာဘက်တွင် စစ်မှုထမ်းကြေးနှင့် စစ်အသုံးစရိတ်အတွက်ဟု ဆိုကာ တစ်အိမ်လျှင် ကျပ်ငါးသောင်းကို တစ်လတစ်ကြိမ် ပေးဆောင်ရန် ညွှန်ကြားခဲ့သည်။ ထိုသို့ ညွှန်ကြားထားသောကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက...

ဟိုပုံးမြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေနိမ့်ပိုင်းရပ်ကွက်များ၌ ရေကြီးရေလျှံမှုများဖြစ်ပွား

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းမှုကြောင့် ယနေ့ (ဩဂုတ်လ ၁၀ ရက်) နံနက်ပိုင်းမှစတင်ကာ မြို့ပေါ်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေဝင်ရောက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပြီး၊ မြို့ပေါ်ရပ်ကွက်အချို့ရှိ...

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...