သျှမ်းရှေ့ ငလျင်လှုပ်ခတ် အဆောက်အအုံများ ပျက်စီး

သျှမ်းပြည်အရှေ့ပိုင်း တကြောဖြစ်သည့် ကျိုင်းတုံမြို့နယ် နှင့် တာချီလိတ်မြို့နယ်တို့တွင် မြေငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဆောက်အအုံများ တချို့ ပျက်စီးခဲ့ရကြောင်း သတင်းသိရသည်။

ကျိုင်းတုံ ငလျင်လှုပ်ခတ်မှုကြောင့် ပျက်စီးသွားသည့်နေအိမ်

ယမန်နေ့ ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၃၇)မိနစ်အချိန်က လှုပ်ခတ်သွားသည့် ရစ်ချ်စတာ စကေး (၆.၄)အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် ကျိုင်းတုံမြို့ အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ ဝန်ထမ်း အိမ်ရာ နှင့် ကျိုင်းတုံမြို့နယ်အတွင်း အချို့နေရာများတွင် နေအိမ်ထိခိုက်မှုများလည်း ရှိသည်ဟု ဒေသခံများ ထံက သိရသည်။

“ကျိုင်းတုံမှာကျောင်းဝန်ထမ်းအိမ်ရာက နံရံပြိုကျတယ်၊ အုတ်တံတိုင်းတချို့ပျက်စီးရတယ်၊တခြားရပ်ကွက် က နေအိမ်အဆောက်အအုံတချို့မှာလည်းအက်ကွဲရတာရှိတယ်၊ အားပြင်းတဲ့ မြေငလျင်တောင်ပြောရမှာ” ဟု ကျိုင်းတုံမြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

အလားတူပင် မြေငလျင်ကြောင့် တာချီလိတ်မြို့နယ်ထဲရှိ ရွှေ နှင့် သတ္တုတူးဖော်နေကြသည့် တာလေမြို့နယ် ခွဲမှ တာလေကျေးရွာ အုပ်စု နားဟိုင်းလုံကျေးရွာဘက်မှာလည်း မြေငလျင်လှုပ်ခတ်သွားခဲ့ကြောင်းလည်း သတင်းသိရသည်။

“ဒီဘက်ဆိုရင် ငလျင်ကြောက ထိုင်းဘက် ဗဟိုပြုရင်လည်း ဒီဘက်ထိရောက်လေ့ရှိတယ်ပေါ့၊ မနေ့က ငလျင်လှုပ်သွားပေမဲ့ ထိခိုက်ပျက်စီးမှုမရှိဘူး၊ သတ္တုတွင်းဘက်တော့မသိဘူး၊ ဒီနေ့ သတ္တုဆိုင်ရာတာဝန်ရှိ သူတွေ လာကြည့်မယ်လို့တော့ သတင်းသိရတယ်” ဟု တာလေဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထိုနည်းတူ မိုင်းဖြတ်မြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဦးက ” ညအိပ်ချိန် ငလျင်လှုပ်တော့ ချက်ချင်းပဲ လမ်းမပေါ်ထွက်နေရတယ်။ အရင်က တခါကြုံဖူးတော့ ငလျင်ဆိုရင် ကြောက်နေရတယ်” ဟု သျှမ်းသံတော်ဆင့်ကိုပြောသည်။

ကျိုင်းတုံ ငလျင်လှုပ်

ယင်းကဲ့သို့ ငလျင်လှုပ်ရှားမှုနှင့် ပတ်သက်ပြီး သျှမ်းပြည်အရှေ့ပိုင်းရှိ သတ္တုတွင်းနှင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြသည့် ဒေသများတွင် ငလျင်ကြောလမ်းကြောင်းပေါ်တိုက်ရိုက်ရှိပါက ထိခိုက်ပျက်စီးမှုများ ပိုမိုများပြားလာနိုင်ကြောင်း သျှမ်းသဘာဝ ပတ်ဝန်းကျင်အဖွဲ့မှ စိုင်းခေးဆိုင်က ပြောဆိုထားသည်။

“ဒီဘက်ကျတော့ သတ္တုတွေ ရွှေတွေ တူးနေကြတော့ မြေကြီးထဲကလွတ်နေတဲ့နေရာတွေကို ပြန်အစားထိုး ဖို့မရှိလို့ထိခိုက်မှုတွေ ပိုမိုရှိလာနိုင်တယ်၊ ကျနော်တို့ မြေကြီးက သစ်တော၊ သစ်ပင်တွေ ရှိသေးရင် ထိခိုက် ပျက်စီးမှု ပိုမများအောင် သူထိန်းပေးတယ်၊ ဒါပေမဲ့ အခု သတ္တုတွင်းကြောင့် သစ်တောသစ်ပင်တွေ မရှိ တော့ ဒီထက်အားကောင်းတဲ့ ငလျင်လှုပ်ရင် စိုးရိမ်ရတယ်” ဟု စိုင်းခေးဆိုင်က ပြောသည်။
ထို့အပြင် ငလျင်လှုပ်ရှားမှုကို နည်းပညာပိုင်းအရ ၁၀ မိနစ်သာ ကြိုသိခွင့်ရသည့်အတွက် ပြည်သူများအနေ ဖြင့်လည်း ငလျင်ဘေးအန္တရာယ်အတွက် အမြဲအသင့်ဖြစ်အောင် ကြိုတင်ပြင်ဆင်ထားသင့်ကြောင်းလည်း စိုင်းခေးဆိုင်က ပြောဆိုထားသည်။

ယင်းကဲ့သို့ ငလျင်လှုပ်ခတ်မှုများကြောင့် ကျိုင်းတုံ – တာချီလိတ်လမ်းပိုင်းတွင် တောင်ပြိုပြီး လမ်းပေါ်သို့ ကျောက်တုံး ကျောက်ခဲများကျကာ လမ်းပိတ်နေမှုဖြစ်ပေါ်နေကြောင်း သိရသည်။

မြန်မာ မိုးဇလဌာနကမူ ကျိုင်းတုံမြို့အနီး၌ ဇူလိုင်လ ၂၁ ရက်၊ ည ၁၁ နာရီ ၁၀ မိနစ်၊ ၈ စက္ကန့်အချိန်က ရစ်ချ်စတာစကေး ၅ ဒသမ ၃ အဆင့် ရှိ မြေငလျင်တစ်ခုနှင့် ၁၁ နာရီ ၃၇ မိနစ်၊ ၂၆ စက္ကန့်အချိန်က အင်အား ရစ်ချ်စတာစကေး ၆ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ထုတ်ပြန်ထားသည်။

လွန်ခဲ့သည့် ၂၀၁၁ခုနှစ်တွင်လည်း သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း ရစ်ချ်စတာ စကေး ၇ အဆင့်ထိ လှုပ်ခတ်ခဲ့ပြီး ပြည်သူသေဆုံးမှုရှိခဲ့သည့်အပြင် အပျက်အစီးအများအပြားရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...

ကျိုင်းတုံ ဆိုင်ကယ်သူခိုးသောင်းကျန်းနေ

0
သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များ ခိုးယူခံရခြင်း၊ လုယက်ခြင်းများ မကြာခဏ ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်မှစပြီး ကျိုင်းတုံမြို့သည် ပြည်သူများ အတွက် လုံခြုံမှုကင်းမဲ့နေသည့်အပြင် စစ်ကော်မရှင် လက်အောက်ခံတာဝန်ရှိသူများမှ ဆိုင်ကယ်သူခိုးများ၊ လုယက်သူများကို ဖမ်းဆီး အ‌ရေးယူးဆောက်ရွက်မှုကြောင်း လည်း ကျိုင်းတုံမြို့ ဒေသခံ...

အိန္ဒိယသံအမတ်ကြီး ကျိုင်းတုံနှင့် တာချီလိတ်မြို့သို့ လာရောက်လေ့လာ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နှင့် တာချီလိတ်မြို့သို့ အိန္ဒိယနိုင်ငံ သံအမတ်ကြီး လာရောက်ပြီး မြန်မာ-ထိုင်း-လာအို နယ်စပ်ကုန်သွယ်ရေးဂိတ်များကို လေ့လာခဲ့ကြောင်း သတင်းသိရသည်။ ဇန်နဝါရီလ (၃၁) ရက်တွင် ကျိုင်းတုံမြို့ရှိ ဗုဒ္ဓဂါယာ ပုံစံတူ ဆောက်လုပ်ထားသည့် ဗုဒ္ဓဥယျာဉ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုးကွယ်သည့် ဝစီပိတ်ဆရာတော်ကို အိန္ဒိယသံအမတ်ကြီး Mr. Abhay...