ကျွဲ၊နွားအရေပြားရောဂါ ဘာလိုဖြစ်ကြတာလဲ

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တကြောမှာ ကျွဲ၊ နွား အရေပြားရောဂါ အဖြစ်များပြီး၊ တချို့နွားတွေ သေဆုံးမှုတွေရှိနေပါတယ်။ ဒါ့ကြောင့် ကျွဲ၊နွားတွေ အရေပြား အဖု့ရောဂါတွေ မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်သင့်လဲဆိုတာကိုတော့ သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်ဆိုင် ကနေပြီး သီပေါမြို့နယ်ရှိ ကျွဲ၊နွား အရေးပြားရောဂါတွေကို ကွင်းဆင်းကြည့်ရှုခဲ့သည့် မြို့နယ်ဦးစီးမှူး ဒေါက်တာအောင်ဖြူထွန်း နဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

နွားများ အရေပြား ရောဂါဖြစ်ပွား

မေး ။ ။ လက်ရှိ သီပေါဘက်မှာ ကျွဲ ၊ နွား တွေသေနေတာဆိုတာက ဘာရောဂါ နဲ့ သေနေတယ်လို့ ပြောလို့ရလဲဗျ။

ဖြေ။ ။ အခု ဆောင်ကြဲဖက်မှာ ဖြစ်နေတယ်လို့ ကြားတယ်၊ ဖြစ်နေတာ ကြာပြီဘဲ အရင်မိုးဦးကျတုန်းက ဖြစ်တာမလား။ ဘယ်လိုဖြစ်နိုင်လည်း ဆိုတော့ တချို့ကလည်း သေတယ်ဆိုတာအကြောင်း အမျိုးမျိုး ရှိတယ်။
ပထမတစ်ချက်က တချို့ ပေါင်းသတ်ဆေးတွေ ဖျန်းထားတာတွေရှိတယ်။ တချို့အကြွင်းကျန် ရှိတဲ့ဟာကို ကျွဲ၊ နွားကို သွားစားတော့ အဆိပ်မိပြီး သေတာရှိတယ်။ အဲ့ဒါတစ်ကြောင်း။ တစ်ခါတစ်လေ မိုးဦးကျတော့ မြက်နုတွေ ပေါက်တယ်။ အဲ့မြက်နုပေါက်တော့ စားတယ်၊ ကျွဲ၊နွားမှာ အစာအိမ် ၄ ခန်းရှိတယ်။ အဲ့ကို စားတဲ့အခါမှာ မြက်က အစာချေ မပေါက်နိုင်တော့ လေဖောင်းရောဂါ ဖြစ်ပြီး တချို့ကလည်း မသိတော့ သေသွားတယ်။ တချို့အပူအအေး ကြောင့် ကန့်သွားတာရှိတယ်။ လေဖြတ်သလိုမျိုး ဖြစ်တာလေ တချို့ အဲ့ဒါကို မသိဘူး။ နေပူထဲ ထားတယ်၊ တအားခိုင်းထားတယ် ၊အဲ့ချိန် ကိုယ်တအားပူနေတယ် ပြီးမှ ရေထဲလာစိမ်တော့ လျှော့ဖြစ်တယ် အဲ့ကြောင့်လည်း သေတာရှိတယ်။ ကျနော်တို့ မီးသွေးခဲကို ရေထဲထည့်သလို ဖြစ်သွားတာ။

မေး ။ ။ ဆရာ အခုဆောင်ကြဲဖက်မှာ ဖြစ်နေတဲ့ အဖု့အပေါက် အနာကျိတ်တွေ ကကော။

ဖြေ။ ။ ဒီနိုင်ငံမှာ အစက မဖြစ်သေးဘူး။ အခုက သံသယဘဲ ဖြစ်ပါသေးတယ်။ မနေ့ညက သွေးတွေဖောက်ပြီး ယူထားလိုက်တယ်။ ကွင်းဆင်းပြီး ဆောင်ရွက်ပေးတယ်။ သျှမ်းသံတော်ဆင့် က သိရတာပဲလေ ၊ (၄၀) လောက်တော့ မသေပါဘူး။ အခုချက်ချင်းက သေသွားတာလားလို့ မေးရတယ်၊ သူတို့ပြောတာ အဲ့လောက်တော့ မသေဘူး။ သူတို့ ဒီကြားပေါင်းပြီး သေသွားတာပေါင်းပြီး မှတ်ထားတာ ဖြစ်မယ်။အမှန်ကတော့ ဒီကြားထဲမှာ အသေအရှင် ဆိုတာရှိမှာဘဲလေ။ သူကသေတာရှင်တာရှိမှာပဲလေနော် သူဟာသူသေတာရှိမယ်၊ ဒီရောဂါကြောင့် သေတာရှိမယ်။

မေး ။ ။အခုဖြစ်နေတာ ကျွဲ၊ နွားတွေပဲလား မသိဘူး ၊ တခြားတိရိစ္ဆာန်တွေကော ဖြစ်လား။

ဖြေ။ ။ တခြားတိရိစ္ဆာန်တွေတော့ မဖြစ်ဘူး၊ ဟိုအရင် ကတည်းက အရင်နှစ်က ဝက်ဆိုလည်း အဖု့ထ အပြင်းပြ ရောဂါဖြစ်တယ်၊ အကြွင်းကျန်တွေ ရှိထားတော့ ကာကွယ်ဆေးလည်း မရှိဘူး။ အဲ့ဒါလည်း တစ်ခါတစ်လေ နည်းနည်း ဖြစ်ရင်ဖြစ်မယ်ပေါ့၊ ကျနော်လည်း သေချာမစစ်နိုင်ဘူးဗျာ။ ရွာထဲထိ သွားဖို့ ခက်တယ်လေ၊ အကြောင်းမျိုးမျိုးကြောင့် မသွားနိုင်တာလည်း ရှိတယ်။ အခု အဲ့ရွာမှာရောက်တော့ သွေးတွေ ဖောက်လာနိုင်တယ်။ အမည်တော့ အသိအမှတ်ပြုသေးပါဘူး ၊ အရေပြား အနာကျိတ် ရောဂါဆိုတာ အခုမှ ထွက်လာတာ။ အရင်နှစ်က ထိုင်းမှာ ဖြစ်တာလေ အဖု့ဖု့တွေထွက်လာတယ်။ အဲ့ရောဂါကိုတော့ သံသယဝင်လာပြီး ကွင်းဆင်းကြည့်တာပေါ့။ မနေ့ညက ကြည့်ပေးပြီးပြီ လိုအပ်တဲ့ဆေးတွေ အကုန်လုံး ဆေးထိုးပေးတယ်၊ ကာကွယ်ဆေး ထိုးပေးထားတယ်။ သူတို့ဖြစ်တဲ့ဟာတွေ ကုသပေးတယ်။ ရောဂါက အဖြစ်များတဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်ရမယ် ဘယ်လိုဆောင်ရွက်ရမယ်ဆိုတာ မနက်ဖြန် ဟောပြောပွဲရှိတယ်။ မနှစ်ကမှစပြီး မဖြစ်သေးဘူးဗျာ၊ ဒီနှစ်စပြီး သံသယ တွေ့ရတဲ့အကြောင်းတွေ ဘယ်လိုကာကွယ်ရမယ်၊ စောင့်ရှောက်ရမယ်ဆိုတာ ဟောပြောပွဲလုပ်ပေးမှာဗျ။

မေး ။ ။ ဒီလို ကျွဲ ၊ နွား အရေပါးအဖု့ဖြစ်တာက တခြားမြို့မှာကော ဖြစ်တာ ကြားမိလားဗျ။

ဖြေ။ ။ တခြားမြို့ ပူတာအိုမြို့မှာလည်း ဖြစ်တယ်လို့ ကြားတယ်။ ဒီလို လက္ခာဏာပေါ့နော်၊ အရေပြားတွေ အဖု့ပေါက်လာမယ်၊ ပေါက်ပြီးရင် အဓိက ယင်ကောင်တို့ လာအုံလို့ ခြင် ၊ ယင် အဲ့ကောင်တွေက ကူးတာ။ သွေးစုပ်သတ္တဝါတွေလေ၊ တစ်ကောင်ကနေ တစ်ကောင်ကူးတာ၊ သူတို့သွေးစုပ်ပြီး အနာဖြစ်လာမယ် ၊ အဲ့က ယင်ကောင်က လောက်တွေသယ်လာတယ်၊ အနာကပေါက်ပြီး ဖြစ်လာတာ၊ ပိုင်ရှင်က သေချာဂရုစိုက်ရင် အဲ့လောက်မဖြစ်ဘူး ၊ အချင်းချင်းကူးတာ ကျွဲ၊ နွားတွေပဲ ကူးတာ တခြားတိရိစ္ဆာန်တောင် မကူးဘူး ၊ ကျွဲတောင် သိပ်မဖြစ်ဘူး။ နွားတွေပဲအဖြစ်များတယ်။ ကျွဲ ကတော့ဖြစ်တယ်ဗျာ ခံနိုင်ရည်ရှိတယ်။ နွားကတော့ ဖြစ်ရင် အနာပေါက်လာတာ၊ ပိုင်ရှင်က သေချာ ဂရုစိုက်မှ ဖြန်းဆေးတွေ ဖြန်းပေးမယ်။ လောက်သေဆေးတွေ ထိုးပေးမယ်။ ကာကွယ်ဆေးတွေ ကုသဆေးတွေ ပုံမှန် ထိုးပေးမယ်ဆို (၅) ရက်လောက်ဆို သက်သာပြီ။ အားဆေးလေးတွေ ထိုးမယ်၊ အခုကျနော်တို့ ကာကွယ်ဆေးတွေ ထုတ်သာထုတ်တယ် မထိုးရသေးဘူးဗျ။ အခုမှ စပြီး မတွေ့သေးတော့ ကာကွယ်ဆေးတော့ မထိုးရသေးဘူး ။

မေး ။ ။ကျွဲ၊ နွား တိရိစ္ဆာန်တွေကို မွေးထားရင် ဘယ်လို ကာကွယ်ဆေးထိုးပေးသင့်လဲ ဆရာ။

ဖြေ။ ။ အခု သျှမ်းပြည်မှာ အဖြစ်များတယ်ဆိုတာ လယ်ချောင်း က ကျွဲ ပေါ့ ၊ လယ်ချောင်းကျွဲဆိုရင် ၆ လတစ်ကြိမ် ပုံမှန်ထိုးပေးရတယ်။ အခုဖြစ်နေလို့ တချို့နေရာ အချိန်ဆို ၆ လ ၁ ကြိမ်ထိုးပေးရမှာ ၆လ တစ်ခါ ကုန်ခါနီးပြီဆို ထိုးပေးနေရတယ်။ ကာကွယ်ဆေးက အများကြီးရှိတယ်။ ရွာက အယူဆက ဒီနေ့တစ်ခါထိုးပြီးရင် ရောဂါအားလုံးက ပျောက်ပြီလို့ထင်တာ ၊ အမှန်က မဟုတ်ဘူးဗျ။ မှားနေတာ။

ရောဂါဖြစ်တယ်ဆိုရင်လည်း စီမံချက်လေးနဲ့ သေချာဆွဲပြီး တစ်နှစ်တစ်ခါ ထိုးပေးရတယ်။ ကျွဲ၊ နွားတွေလည်း အဲ့တိုင်းပဲ ဝက်တွေလည်း တစ်နှစ်တစ်ခါထိုးရတယ်၊ ကျနော်တို့ ၅ မျိုးစပ် ကာကွယ်ဆေးလည်း ရှိတယ်။ အဓိက သူတို့သေချာလေး ဂရုစိုက်ဖို့လိုတယ်။ အသိပညာပေးဖို့လည်း လိုတယ်။ သူတို့ အသိပညာ နည်းနည်းလေး တော့ လိုသေးမယ်လို့ ကျနော်ထင်တယ်။ သူတို့ကို အကုန်ခေါ်ထားတယ်။ ဒီလို ရောဂါကူးစက်ခံရတဲ့ ရွာတွေမှာလည်း ခေါ်ထားတယ်ဗျ။ ကျနော်တို့ လုပ်ပေးနိုင်တာလေး လုပ်ပေးချင်တယ်။

မေး ။ ။ ဒေသခံတွေကို ဘယ်လို အသိပညာပေးမှာလဲ။

ဖြေ ။ ။ ကျနော်တို့ အခုရွာတွေကို စာရွက်နဲ့ ဝေပေးတာက မြန်မာစာ နဲ့ ပဲရှိတယ်။ ကျနော်တို့ကလည်း ဗမာလိုပဲ ဆက်တိုက် ကောင်းကောင်းပြောနိုင်တယ်။ အဲ့ဒီစာရွက်ကိုလည်း ရှမ်းလိုဘာသာပြန်ပြီး ကောင်းကောင်းလုပ်ရင်တော့ ပိုကောင်းတာပေါ့။ ကာကွယ်ဆေးဆိုလည်း ကြိုတင် ပုံမှန် (၆) လ တစ်ခါ (၁) နှစ်တစ်ခါ ကာကွယ်ဆေးလည်း ရှိတယ်။ အဲ့ဒါလေးကို ပြောပြချင်တယ်။ ကာကွယ်ဆေးကလည်း ဒီနေ့ဖြစ် ဒီနေ့ထိုး လို့မရဘူး ။အခုထိုး အခုမပျောက်ဘူး ၊ ကြိုတင်ကာကွယ်ဖို့ ပြောချင်တယ်။ အနည်းဆုံး တစ်ပတ် နှစ်ပတ်မှ ကာကွယ်တာလေ ။

Leave a Comments