ပင်လောင်း စစ်ဘေးရှောင်များအတွက် ဆေးဝယ်ယူရန် ခက်ခဲ

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့တွင် စစ်ရှောင်များအတွက် ဆေးဝယ်ယူရန် ခက်ခဲနေကြောင်း စုံစမ်းသိရသည်။

ပင်လောင်းမြို့အတွင်း ရောက်ရှိနေသည့် စစ်ရှောင်များသည် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့နယ် နှင့် ကရင်နီ ဖက်တို့မှ စစ်ရှောင်ကြသူများဖြစ်ကြပြီး စစ်ရှောင် (၃၀၀) ကျော်သည် စားနပ်ရိက္ခာများ အပါအဝင် အမျိုးသမီးအဝတ် နှင့် ဆေးဝါးများ ဝယ်ယူရန်ခက်ခဲ နေကြောင်း သိရသည်။

ပင်လောင်းမြို့အတွင်းရှိ ဆေးဆိုင်များကို စစ်ကောင်စီက စစ်ဘေးရှောင်သူများအတွက် အရေးပေါ် ဆေးဝါးမရောင်းပေးရန် ဆေးဆိုင်ပိုင်ရှင်များကို ခြိမ်းခြောက်ထားကြောင်း သိရသည်။

ထို့ကြောင့် ဆေးဝါးဝယ်ယူ၍ မရသောကြောင့် စစ်ရှောင်များ ယခုကာလဖြစ်ပွားသော ရာသီတုပ်ကွေးများ အတွက် စိုးရိမ်နေရသည်ဟု ပင်လောင်းမြို့ စစ်ရှောင်ကူညီသူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပင်လောင်းစစ်ရှောင်

“ ကရင်နီ နဲ့ စကစ တို့တိုက်ပွဲ ဖြစ်ကတည်းက သူတို့ဆေးဆိုင်က ဆိုင်ရှင်တွေကို ခြိမ်းခြောက်ထားတာ၊ အရေးပေါ်ဆေး ပက်တီး၊ အရက်ပြန်တို့ လာဝယ်ရန် မရောင်းခိုင်းဘူး၊ လာဝယ်ရင်လည်း သူတို့ကို အကြောင်းကြား ရတယ်။ ဆေးဝါးတွေ အများကြီးသွားဝယ်လို့ မရဘူး။ နည်းနည်းလေး ဝယ်ရင်တော့ရတယ်၊ အခု ရာသီတုပ်ကွေး ဖြစ်လာချိန်မှာ စစ်ဘေးရှောင်တွေ အတွက်စိုးရိမ်နေရတယ်“ ဟု စစ်ရှောင် ကူညီနေသည့် အမျိုးသားက ဆိုသည်။

အဆိုပါ ပင်လောင်းမြို့တွင် ဆေးဆိုင်များ (၆) ဆိုင်ခန့် ရှိနေသော်လည်း ဆေးဝါးဝယ်ယူရန် ခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ရှောင်သူများအတွက် စားနပ်ရိက္ခာများ အပါအဝင် အဝတ်အထည်များ နှင့် ဆေးဝါးများကို သယ်ယူရန် အောင်ပန်းမှ ပင်လောင်းလမ်းခွဲ ရှိသော ဂိတ်တွင် စစ်ကောင်စီ၏ စစ်ဆေးမှု တင်းကြပ်နေပြီး၊ ဆေးဝါးများကိုလည်း တင်သွင်းခွင့်မပေးတော့ကြောင်း သိရသည်။

“စစ်ကောင်စီစောင့်တဲ့ ဂိတ်တွေမှာ စစ်ရှောင်အတွက် စားနပ်ရိက္ခာ ၊ ဆေးဝါးတွေ လည်းမပေး သယ်ဘူး ၊အဝတ်အထည် ဆိုလည်း ကျနော် အများကြီးသယ်လို့မရတော့ဘူး၊ သူတို့ စစ်ဆေးတာ ကြမ်းတယ်။ သူတို့စစ်လို့ တွေ့ရင်လည်း ပြန်မလွှတ်တော့ဘူး။ ဘာပဲဝယ်ဝယ် ထောက်ခံစာပါမှ ရတယ်။ ကိုဗစ် ကာကွယ်ဆေး (၂) ချောင်းထိုးပြီး စာရွက်စာတမ်း၊ မှတ်ပုံတင်တွေလည်း ပြရတယ်“ ဟု အထက်ပါ စစ်ရှောင်ကူညီသူက ပြောပြသည်။

ထိုသို့ ပင်လောင်းမြို့ စစ်ရှောင်များအတွက် ဆေးဝါးများ ပြတ်လပ်လာလျှင် ရွာကော်မတီများက ရှာကြံပေးရသည်ဟု သိရသည်။

စစ်ကောင်စီ တပ်ဖွဲ့များသည် ပြည်သူ့ကာကွယ်ရေး ဖြစ်သော (PDF) တပ်ဖွဲ့များမှ ဆေးဝါးများနှင့် စားနပ်ရိက္ခာများကို မပံ့ပိုးစေရန်အတွက် ဂိတ်များကို စစ်ဆေးမှုတင်းကြပ်စွာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောချက်အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...