ကျိုင်းတုံမြို့ CDM ကျောင်းဆရာ နှစ်ဦးကို စစ်ကောင်စီတို့ဖမ်းဆီးသွား

သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ မှ CDM ပြုလုပ်ထားသည့် ကျောင်းဆရာနှစ်ဦးကို စစ်ကောင်စီမှ ဖမ်းဆီးသွားကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၁၇) ရက်တွင် ကျိုင်းတုံမြို့မှ CDM ကျောင်းဆရာနှစ်ဦးကို အာဏာသိမ်း စစ်ကောင်စီ တပ်သားများက လာရောက်ဖမ်းဆီးသွားကြောင်း အမည်မဖော်လိုသည့် အသက် ၃၀ ဝန်းကျင်ရှိ ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘာကြောင့် ဖမ်းသလဲတော့ ကျမတို့လည်း မသိရပါဘူး၊ ဒါပေမဲ့ ခွင့်ပြုချက်မရဘဲ စာသင်ခွင့်မရှိဘူး ဆိုပြီး အော်ဆဲကြတာ၊ ဆရာနှစ်ယောက်လုံးက CDM လုပ်ပြီး အပြင်မှာ အင်္ဂလိပ်သင်ပေးနေတဲ့ သူတွေပါ” ဟု ၎င်းအမျိုးသမီးက ပြောသည်။

ကျိုင်းတုံမြို့

ဖမ်းဆီးခံရသူများသည် ဆရာဇော်ထက် (ခ) ရွှေမန်းနှင့် ဆရာနေလင်းတို့ဖြစ်ကြပြီး လက်ရှိတွင် မည်သည့် နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားခံရခြင်း မသိရကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတို့မှ ယင်းကဲ့သို့ ရုတ်တရက်ဖမ်းဆီးခြင်းများ ပြုလုပ်လာသည့်အတွက် ကျိုင်းတုံမြို့အတွင်းရှိ CDM များအတွက် အန္တရာယ် ပိုမိုကြီးမားလာနိုင်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“Kaung For You က ဆရာတွေ ဖမ်းခံရတယ်ဆိုကတည်းက စစ်ကောင်စီတွေဟာ ဆရာ/ဆရာမတွေ လိုက်ဖမ်းနေတာ အဖမ်းခံရတဲ့ ဆရာ/မတွေ မနည်းတော့ဘူး။ တချို့ဆရာ/ဆရာမတွေက ဆူပူ အကြမ်းဖက်မှု ပုဒ်မ နဲ့ အဖမ်းခံရတာရှိတယ်။ ဒါကြောင့် ကျန်နေတဲ့ CDM သမားတွေအတွက်လည်း အန္တရာယ် များတယ်” ဟု အထက်ပါ မျိုးသားက ပြောသည်။

အာဏာသိမ်းစစ်ကောင်စီသည် Kaung for You Education မှ ဦးဆောင်သည့်ဆရာကို ဖမ်းမိပြီးနောက် ပြင်ပတွင် စာသင်ပေးနေသည့် CDM ဆရာ၊ ဆရာမများကို ဆက်တိုက်ဖမ်းဆီးမှုများပြုလုပ်နေပြီး ဇူလိုင် ၁၃ ရက်တွင် ကလောမြို့မှ CDM ဆရာမ ၁ ဦး၊ ဇူလိုင်လ ၁၄ ရက် ညပိုင်းတွင် ဟဲဟိုးမြို့မှ ဆရာမ ၅ ဦး၊ တောင်ကြီးမြို့နယ် အေးသာယာမြို့မှ ဆရာမ ၂ ဦးနှင့် ရွှေညာင်မြို့မှ ‌ဆရာမ ၁ ဦး စုစုပေါင်း ၉ ဦး ဆက်တိုက် ဖမ်းဆီးခံရသည်။

“လူတိုင်း ပညာသင်ကြားခွင့် ရှိသည်။ အနိမ့်ဆုံး မူလတန်း ပညာကို အခမဲ့ သင်ခွင့် ရှိသည်”။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးမှ ၁၉၄၈ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့်ရထိုက်သော ခံစားထိုက်သော အခွင့်အရေး များကို လူ့အခွင့်အရေး ကြေညာ စာတမ်းအဖြစ် အတည်ပြု ကြေညာခဲ့သည်။

စစ်ကောင်စီ အနေဖြင့် ကလေး သူငယ်များ၏ ပညာ သင်ကြားပိုင်ခွင့် (Right to Education) ကို မျက်ကွယ်ပြုကာ နိုင်ငံရေး အကျိုးအမြတ်အတွက် အသုံးချရန် ကြိုးစားနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...