နယ်စပ် ဆီထွက်ပို့ကုန် ဒေါ်လာငွေကြိုတင်ငွေလွှဲပေးမှ လိုင်စင်ခွင့်ပြု ထုတ်ပေးမည်

နယ်စပ်ကုန်သွယ်ရေး ပို့ကုန်တင်ပို့မည့် ဆီထွက်ကုန်ပစ္စည်းများကို ကြိုတင်ငွေလွှဲဝင်ပြီးမှသာ လိုင်စင်ခွင့်ပြု ထုတ်ပေးမည် ဟု စီးပွားရေးနှင့် ကူးသန်းရောင်းးဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာလိုက်သည်။

ကုန်သွယ်ရေး

ဆီထွက်သီးနှံများဖြစ်သည် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းအမျိုးမျိုး နှင့် မြေပဲဆံများ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သက်ပြီး ပို့ကုန်ုတန်ဖိုးအား ကြိုတင်ငွေလွှဲစနစ် Advanced Telegraphic Tranfer (TT) စနစ်ဖြင့် သာ စိစစ်ပြီး ငွေလွှဲဝင်ရောက်မှသာ လိုင်စင်ခွင့်ပြုထုတ်ပေးမည် ဟု စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန က ဇူလိုင် ၁၄ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် ခွင့်ပြုပေးသော လိုင်စင်များအတွက် ငွေလွှဲဝင်ရောက်မှု အထောက်အထား ((Bank Credit Advice) ရရှိမှသာ ပို့ကုန်ကြေညာလွှာ ED ဖွင့်လှစ်တင်ခွင့်ပြုဖြစ်ကြောင်းနှင့် ထိုသို့ တင်ပို့ခွင့်ကိစ္စနှင့် ပတ်သတ်၍ လိုက်နာဆောင်ရွက်ရမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ကြိုတင်ငွေလွှဲစနစ်သည် ယခင်ကမရှိသလောက် နည်းပါးပြီး ထိုသို့ ကြိုတင်ငွေလွှဲစနစ်ကို အသုံးပြုမည်ဆိုလျှင် ကုန်သည်များအတွက် ငွေကြေးအခက်ခဲများစွာရင်ဆိုင်ရမည်ဖြစ်ကြောင်း မြဝတီရှိ ကုန်သည် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ အခက်ခဲကတော့ မျိုးစုံပါပဲ ။ ခုလောလောဆယ် အဲ့ဖက်ကတော့ ပြောင်း ၊ နှင်းတို့က တော်တော်များများ ခက်ခဲတယ် ၊ မရောင်းရသေးခင် ပိုက်ဆံအရင်ပေးရမယ်ဆိုတော့ အဆင်ပြေဘူးလေ ၊ အဲ့ဖက်အရောင်းဝယ် ဘာညာတော့ ရပ်ထားရတယ် “ ဟု ကုန်သည် အမျိုးသားတစ်ဦးက ပြောသည်။

ဆက်လက်ပြီး နယ်စပ်ဖြတ်ကျော် ပုံမှန် ကုန်သွယ်မှု နည်းလမ်းဖြင့် အမေရိကန်ငွေကြေးအသုံးပြုရမည်ဟုလည်း စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းက ဆိုသည်။

“ စစ်ကောင်စီ ဒေါ်လာတွေလိုနေတဲ့သဘောပဲ။ အရင်က ထိုင်းနယ်စပ်ဆိုရင် ထိုင်းဘတ်ငွေ နဲ့ ပေးဆောင်ရတယ်။ တရုတ်ဆိုရင် ယွမ်ငွေနဲ့ ပေးဆောင်ရတယ်။ အခုက ဒေါ်လာတွေနဲ့ပဲဆိုတော့ ကုန်သည်တွေက ဘာအမြတ်ကျန်မှာလဲ” ဟု ထိုင်း-မြန်မာ ကုန်သည် အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ မြန်မာ-တရုတ် နယ်စပ် နမ့်ခမ်းမြို့နှင့် မူဆယ်မြို့တွင် တင်ပို့ကုန်များဖြစ်သော တင်ပို့ကုန်ပစ္စည်းများကို တရုတ်ယွမ်ငွေအစား အမေရိကန်ဒေါ်လာငွေ ကို အသုံးပြုရန် မြန်မာ့ကုန်သွယ်ရေး ဦးစီးဌာနက ဇွန်လ (၂၀) ရက်တွင် ထုတ်ပြန်ထားပါသည်။

အဆိုပါ တင်ပို့ကုန်များဖြစ်သော ဆီထွက်ပစ္စည်းများကို အမေရိကန်ငွေကို သုံးစွဲရမည်ဟု ဇူလိုင်လ (၁) ရက်တွင် အတည်ပြုပြီးနောက် ဆန် နှင့် ဆန်ကွဲကို ယခင်အတိုင်း ယွမ်ငွေဖြင့်ဆောင်ရွက်ခွင့် ရှိကြောင်းဇူလိုင်လ (၄) ရက်တွင် အမိန်ကြော်ငြာစာများ ထွက်လာသည်ဟု မူဆယ်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ သူတို့ ပြီးခဲ့တဲ့လ ၂၀ ရက်နေ့က ထုတ်ပြန်ထားတယ် ။ ထပ်ပြီး ဇူလိုင်လ (၅) ရက်က ထပ်မံအသိပေး စာများ ထွက်လာတယ် ။ ဆီထွက်ပစ္စည်းများကို အမေရိကန်ဒေါ်လာ ပေးဆောင်ရမယ် ၊ဆန် နဲ့ ဆန်ကွဲကို တော့ပုံမှန် အတိုင်း တရုတ်ယွမ်ငွေနဲ့ ပြန်သုံးခွင့်ရှိတယ် “ ဟု ၎င်းကဆိုသည် ။

ထို့အပြင် စစ်ကောင်စီမှ ပို့ကုန်တင်ပို့မှု ဒေါ်လာငွေဖြင့် ပြောင်းလဲသတ်မှတ်လိုက်ပြီးနောက် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၁၈၅၀ကျပ် ဖြင့် သတ်မှတ်နှုန်းထားကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မှ စနစ်အမျိုးမျိုးပြောင်းလဲမှုကြောင့် ကုန်သည်များနှင့် တောင်သူများအခက်အခဲများစွာ ရင်ဆိုင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံ စစ်ရေးပဋိပက္ခနှင့် စီးပွားရေး ပြိုလဲမှုကြား အမျိုးသမီးများကို တရုတ်မယားအဖြစ် ရောင်းစားမှု မြင့်တက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခများနှင့် စီးပွားရေးပြိုလဲမှုများကြောင့် အမျိုးသမီးများအား တရုတ်မယားအဖြစ် ရောင်းစားသည့် လူကုန်ကူးမှုများ မြင့်တက်လာနေကြောင်း ကချင်အမျိုးသမီးအစည်းအရုံး (KWAT) က ပြောဆိုလိုက်သည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နောက်ပိုင်း လူကုန်ကူးမှုပုံစံများ ပြောင်းလဲလာနေပြီး ယခင်က နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့သည့် တရုတ်မယားအဖြစ် ရောင်းစားခံရမှုမှာ ယခုအခါ...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...