ကျိုင်းတုံ ကြားဖြတ်ရွေးကောက်ပွဲ သျှမ်းပါတီ ရှုံးနိမ့်မှု ကျားဖြူပါတီ ကိုယ်စားလှယ် သဘောထား

ဧပြီလ ၁ ရက်နေ့ကကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ သျှမ်းလူထုကိုယ်စားပြုသျှမ်းပါတီကြီး ၂ ခု ကျားဖြူပါတီ SNDP နဲ့ ကျားခေါင်းပါတီ SNLD တို့ဟာ သျှမ်းပြည်တွင်းလစ်လပ်နေတဲ့ မဲဆန္ဒနယ် ၈ ခုအနက် ၇ ခုမှဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ကျေးသီး၊ မိုင်းရှူးမှာ ကျားခေါင်းပါတီ SNLD က 6 နေရာနဲ့ အပြတ်အသတ် အနိုင်ရခဲ့ပေမယ့် ကျားဖြူပါတီက တနေရာမှ အနိုင်မရခဲ့ပါဘူး။ ကျိုင်းတုံမြို့နယ်က မဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်တဲ့ သျှမ်းပါတီ နှစ်ခုလုံးက ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီအပေါ် ကျားဖြူပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါက်တာ စိုင်းယွက်ဟောင်ကို သျှမ်းသံတော်ဆင့်က စိုင်းယွက်ခမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဘာကြောင့် ကျိုင်းတုံမြို့ကြားဖြတ်ရွေးကောက်ပွဲမှာ သျှမ်းပါတီမအောင်နိုင်တာလဲ။

ဖြေ။ ။ ကျိုင်းတုံမှာ မဲပေးခွင့်ရှိတဲ့ စစ်တပ် ၉ တပ်ရှိတယ်။ ဒါ့အပြင် အစိုးရဝန်ထမ်း တွေလည်း ရှိတယ်။ တောင်ပေါ် ၅ အုပ်စုဖြစ်တဲ့ နမ့်အင်းအုပ်စု ၊ နမ့်ခတ်အုပ်စု ၊ နောင်တောင်းအုပ်စု၊ နားပေါ် အုပ်စု၊ မိုင်းအင်းအုပ်စု တွေမှာ ကြံ့ခိုင်ရေးအင်အားတွေချည်းဘဲ။ ရွေးကောက်ပွဲမတိုင် ခင်ကတည်း က ကြံ့ခိုင်ရေးအသင်းကနေ လမ်းတွေ တံတားတွေသွားလုပ်ထားပေးတယ်။ မီးတွေရအောင် လုပ် ပေးတယ် – စတာတွေကြားရတယ်။ နောက်တခုရှုံးနိမ့်ရခြင်းအကြောင်းရင်းက မဲဆန္ဒလာပေးတဲ့သူ ၄၀ ရာခိုင်နှုန်းဘဲရှိတယ်။ ဒါကြောင့်ခုနပြောတဲ့တောင်ပေါ်အုပ်စုတွေ စစ်တပ်တွေနဲ့ အစိုးရဝန်ထမ်း တွေကဘဲ တဝက်ကျော်ရှိနေပြီ။ ဒါ့အပြင် ကြိုတင်မဲနဲ့ထပ်ပေါင်းလိုက်တော့ ကျနော်တို့ရှုံးရ တာဖြစ်ပါတယ်။

မေး။ ။ အခုလိုရှုံးနိမ့်သွားတော့ နောက်နောင်အကြိမ်မှာ သျှမ်းပါတီ ထပ်မရှုံးနိမ့်အောင် ဘယ်လိုလုပ်ရမလဲ။

ဖြေ။ ။ ကျနော်တို့ကျားဖြူပါတီအနေနဲ့ကတော့ နိုင်နိုင်ရှုံးရှုံး သိပ်ပြီးပြသနာမရှိဘူး။ တောင်သူလယ်သမားများအသင်းဆိုပြီးဖွဲ့ထားတာရှိတယ်။ ဒီအသင်းအဖွဲ့က ခိုင်မြဲမှုရရှိတယ် ဆိုရင်တော့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာကျနော်တို့ပါတီ အနိုင်ရနိုင်မှာပါ။

မေး။ ။အခုလိုရှုံးနိမ့်သွားတဲ့အပေါ် SNDP ကနေလူထုကိုဘယ်လို ပြောပြချင်ပါသလဲ။

ဖြေ။ ။ ကျနော်တို့သျှမ်းပြည်လူထု နားမယောင်ပါနဲ့။ မယုံလွယ်ပါနဲ့။ ကျိုင်းတုံမှာ သျှမ်းလူဦးရေကပိုများပါတယ်။ သို့ပေမယ့် ကျနော်တို့သျှမ်းက မတည့်ကြဘူး။ ၂ ဂိုဏ်း ၅ ဂိုဏ်းကွဲနေတယ်။ အဲလိုကွဲနေသမျှကာလပတ်လုံး ကျနော်တို့သျှမ်းပါတီ ဘယ်တော့မှနိုင်မှာ မဟုတ်ဘူး။ ကျိုင်းတုံမှာ သျှမ်းလူဦးရေ ၇ သောင်းကျော်ရှိပါတယ်။ ၃၈ ရာခိုင်နှုန်းပေါ့။ အခုရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူက ၂ သောင်းကျော်ရှိတယ်။ ဒါပေမယ့်ဘယ်လောက် ဘဲမဲလာထည့်မလဲ။ တဝက်တောင်မရှိဘူးထင်တယ်။ ဆိုတော့တကယ်လို့ နောက်နောင်ကျရင်လည်း ပါတီတွေကလည်း နေရာခွဲပြီးဝင်ပြိုင်ကြရအောင် လို့သဘောတူညီမှုရခဲ့မယ်ဆိုရင် ကျနော်တို့ အောင်နိုင်မှာပါ။

မေး။ ။ရှေ့ဆက်မှာကော ကျားဖြူပါတီအနေနဲ့ ဘာဆက်လုပ်မယ်လို့စိတ်ကူးထားလဲ။

ဖြေ။ ။ သျှမ်းအချင်းချင်း မတည့်တာ။ ကျားချင်းကျားကိုက်တာ ရှိနေသရွေ့ ရွေးကောက်ပွဲ အောင်မှာမဟုတ်ဘူး။ ၂၀၂၀ မှာ ကျနော်တို့အောင်နိုင်ရေးအတွက် နေရာခွဲပြီး ရွေးကောက် ပွဲဝင်ရအောင်။ ကျားဖြူဝင်ပြိုင်မယ့်နေရာမှာ ကျားခေါင်းမဝင်နဲ့ ။ ကျားခေါင်းဝင်မယ့် နေရာ မှာကျားဖြူမဝင်နဲ့ ။ အဲလိုဆိုရင်တော့ မဲတွေဟာ ကျနော်တို့ သျှမ်းပါတီဆီကိုဘဲ ဝင်လာမှာမလွဲဘူး။ အဲဒီလိုလုပ်နိုင်ဖို့ ဆွေးနွေးကြဖို့ ကျနော်တို့ စီစဉ်ထားပါတယ်။

ကျိုင်းတုံမြို့က လစ်လပ်တဲ့ ပြည်နယ် ၂ ကိုယ်စားလှယ်နေရာမှာ သျှမ်းပါတီ ၂ ခုစလုံး အနိုင်မရ ခဲ့ပါဘူး။ ၂၀၁၅ တုန်းကလည်းအနိုင်ရရှိထားတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ USDP ကဘဲ ဆက်လက်အနိုင်ရရှိခဲ့ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ တပြည်လုံး လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာရှိရာမှာ သျှမ်းပြည်တွင်း မှာဘဲ ၈ နေရာရှိပါတယ်။ အဲဒီ ၈ နေရာမှာ ကျားခေါင်းပါတီက တော့ အပြတ်အသတ် နဲ့ ၆ နေရာ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းရောက် အာဏာသိမ်းသမ္မတနှင့် စစ်ရာဇဝတ်မှု စွပ်စွဲချက်များ

0
အာဏာသိမ်း သမ္မတ၏ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းအစိုးရက လက်ခံတွေ့ဆုံမှုကို ထိုင်းအရပ်ဘက်အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင်ဖြစ်ခဲ့ပြီး ၎င်းကိုယ်တိုင် စီစဉ်ကျင်းပခဲ့သည့် ရွေးကောက်ပွဲများမှ သမ္မတဖြစ်လာသူ ဦးမင်းအောင်လှိုင်၏ ထိုတွေ့ဆုံမှုသည် စစ်အာဏာသိမ်းမှုကို နိုင်ငံရေးအရ တရားဝင်မှု ပေးအပ်ရာရောက်ပြီး မြန်မာပြည်သူများ...

အောင်ပန်းတွင် အသက် (၆) နှစ်အရွယ်ကလေး နားကပ်လုခံရပြီး ရေထဲပစ်ချခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့ နောင်ရဲကျေးရွာနေ အသက် (၆)နှစ်အရွယ် ကလေးတဉီးသည် နားကပ် လုခံရပြီး ရေတွင်းထဲ ပစ်ချခံရကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။   ဖြစ်စဉ်မှာ ယမန်နေ့ ဩဂုတ်လ (၆) ရက်နေ့ ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆)...

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

ချင်းမိုင်တွင် ကာယလုပ်သားအဖြစ် မှတ်ပုံတင်ထားပြီး သန့်ရှင်းရေးအလုပ်လုပ်ကိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး ထိုင်းလဝကဖမ်းဆီး

0
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်ရှိ Resort တစ်ခုတွင် တရားဝင် ခွင့်ပြုထားသည့် အလုပ်အကိုင်အား‌ ကျော်လွန်လုပ်ကိုင်ပြီး အလုပ်ရှင်နှင့် အလုပ်နေရာ ပြောင်းလဲမှုကို အလုပ်သမားရုံးထဲ အကြောင်းကြားရန် ပျက်ကွက်ခဲ့သည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် စုံစမ်းစစ်ဆေးရေးဌာနခွဲတို့မှ ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်...