Saturday, September 30, 2023

မိုင်းရယ်မြို့မှ သျှမ်းစာသင် TA နှင့် LT ဆရာ/ဆရာမများ သျှမ်းစာသင်ခွင့်မရ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးခရိုင် မိုင်းရယ်မြို့နယ်ရှိ သျှမ်းစာသင်ကြားပေးနေသည့် (Teacher Assistance -TA) နှင့် တိုင်းရင်းသားစာပေသင်ဆရာ၊ ဆရာမများ (Language Teacher -LT) တို့သည် အစိုးရ စာသင်ကျောင်းများတွင် သျှမ်းစာသင်ကြားခွင့်မရ ဖြစ်နေကြောင်း သတင်းသိရသည်။

၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်မှ မိုင်းရယ်မြို့နယ်အတွင်းရှိ အစိုးရ အခြေခံပညာ စာသင်ကျောင်းများတွင် တာဝန် ထမ်းဆောင်နေသည့် TA/LT ဆရာ/ဆရာမများသည် မိမိတို့ လုပ်ငန်းတာဝန်အတိုင်း တိုင်းရင်းသား စာပေများကို သင်ကြားခွင့်မရ ဖြစ်နေကြောင်း သိရသည်။

“မနှစ်ကလည်း ကိုဗစ်ဖြစ်လိုက် ကျောင်းပိတ်လိုက်ဖြစ်နေတော့ တကယ့်ကျောင်းတက်ရတဲ့အချိန်မှာ ၁၁ လ ပိုင်းထဲရောက်နေတော့ သျှမ်းစာကို မသင်လိုက်ရဘူး၊ သူတို့ သင်ခန်းစာတွေမှာ တခြားဘာသာ လိုက်သင်ရတယ်၊ အခုနှစ် လည်း ကျောင်းစဖွင့်ခါစမို့လို့ ဆိုပြီး သူတို့သင်ခန်းစာကိုပဲ သင်ခိုင်းနေတာ ကျမတို့သျှမ်းစာကို မသင်ရသေးဘူး” ဟု မိုင်းရယ်မြို့တွင်းရှိ စာသင်ကျောင်းတစ်ခုမှ အမည်မဖော်လိုသူ TA/LT က သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းရယ်မြို့ဝင်ဆိုင်းဘုတ်

ထို့အပြင် တချို့သော စာသင်ကျောင်းများ၌ အစိုးရကျောင်းများအတွင်း သျှမ်းစာပေသင်ကြားရန်အတွက် ကျောင်းဆင်းချိန် ကိုသာ သင်ကြားရန် ညွှန်ကြားပြောဆိုမှုများလည်း ရှိနေကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ သျှမ်းစာသင်ကြားခွင့်မရကြသော TA/LT ဆရာ/ဆရာများအနေဖြင့် လိမ်လည်အသုံးပြုသလို ခံစားရကြောင်းလည်း ဆရာမ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့က ကျမတို့စာပေကို သင်ကြားခွင့်ရမယ်ဆိုလို့ ဒီအလုပ်ကို လက်ခံခဲ့တာလေ၊ ဒါပေမဲ့ အခုလို သူတို့ ဘက်ကအားမပေးတဲ့ အပြင် သူတို့စာကိုပဲ သင်ပေးနေရတော့ ကျမတို့ကို သူတို့စာသင်ဖို့ လိမ်ခေါ်သလားလို့ တွေးမိတယ်၊ ဒီလိုသာဆက်ဖြစ်မယ်ဆိုရင်တော့ ဒီအလုပ်တာဝန်ဆက်လုပ်ဖို့ ကျမတို့စဥ်းစားရတော့မယ်” ဟု အထက်ပါ ဆရာမက ပြောသည်။

ထို့အပြင် လက်ရှိ TA/LT ဆရာ/ဆရာမများသည် လစာမရှိသေးသဖြင့် သက်ဆိုင်ရာကျောင်းများမှ တာဝန်ရှိသူများနှင့် ပညာရေးဌာနမှ တာဝန်ရှိသူများမှ ဆွေးနွေးဖြေရှင်းပေးရန် TA/LT ဆရာ/ဆရာမများ မှ တောင်းဆိုလိုကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article