မိုင်းရှူးမြို့ နှင့် တန့်ယန်းကြားရှိ SSPP တပ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်

သျှမ်းပြည်တောင်ပိုင်း မိုင်းရှူးမြို့နယ် နှင့် တန့်ယန်းမြို့နယ်ကြားရှိ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA တပ်စခန်းအနီး စစ်ကောင်စီမှ အင်အားဖြည့်တင်းနေကြောင်း စုံစမ်းသိရှိရသည်။

ယခုရက်ပိုင်း မိုင်းရှူးမြို့အတွင်း စစ်ကောင်စီသည် ညအချိန်မှာ တစ်မြို့လုံးကို လျှပ်စစ်မီးပိတ်ပြီး စစ်အင်အားအပြည့်ဖြင့် မြို့မှ ထွက်သွားပြီး ပြန်လာချိန်မှာ ကားပေါ်တွင် မည့်သည်တစ်စုံတစ်ရာမှ ပြန်မပါလာကြောင်း မိုင်းရှူးဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့ ညဆိုရင် မီးတွေပိတ်ပစ်တယ်။ မီးတွေပိတ်လိုက်ပြီးတော့ သူတို့ မြို့ကနေထွက်သွားတာ။ ထွက်သွားတုန်းကဆိုရင် ကားပေါ်မှာလူကော၊ စားစရာတွေအပြည့်ပဲ။ ပြန်လာတော့ ကားပေါ်မှာ ဘာမှ မရှိတော့ဘူး။ သူတို့ SSPP တပ်စခန်းနေရာကိုသွားနေတာထင်တယ်။ ဘာလို့လဲဆိုတော့ ဒီနေ့နောက်ဆုံးထားပြီး သူတို့ တပ်ဆုတ်ထားခိုင်းတယ်ဆိုတော့လေ” ဟု မိုင်းရှူးမြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ကောင်စီ

လက်ရှိတွင် မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ ကြားရှိ လွိုင်နိုင်းကျေးရွာ ဒေသခံများက မိုင်းရှူးမြို့ပေါ်သို့ ပြောင်းရွှေ့ လာနေကြောင်း သိရသည်။

အဆိုပါ လွိုင်နိုင်းကျေးရွာသည် SSPP တပ်စခန်း နှင့် စစ်ကောင်စီ တပ်ကြားတွင်ရှိသည့် ရွာဖြစ်ကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

“အခုဆိုရင် SSPP နဲ့ တပ်စခန်းနီးတဲ့နေရာဆိုရင် မိုင်းရှူးမြို့ပေါ်ကို ပြောင်းလာကြတယ်။ အခုရက်ပိုင်း တော်တော်များများက ပြောင်းလာကြတယ်။ တစ်ရွာလုံးပြောင်းလာတာတော့ မဟုတ်ဘူး။ ရွာထဲမှာတော့ ရွာစောင့်တွေတော့ ကျန်မယ်ထင်တယ်။ တိုက်ပွဲမဖြစ်ခင် ရှောင်လာတဲ့သူတွေပေါ့” ဟု အထက်ပါ ဒေသခံ အမျိုးသမီးက ပြောသည်။

စစ်ကောင်စီက ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး မိုင်းရှူးမြို့ နှင့် တန့်ယန်းမြို့ ကြားရှိ SSPP တပ် စခန်း (၃) ခုကို တပ်ဆုတ်ခိုင်းထားကြောင်း သိရသည်။

ထိုသို့ တပ်ကို မဆုတ်သွားပါက တိုက်ပွဲဖြစ်ပွားနိုင်ကြောင်း သိရသည်။ အလားတူ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆု က မည်သည့်အကြောင်းမျှ တပ်စခန်းကို တပ်ဆုတ်သွားမည်မဟုတ်ကြောင်း၊ အကယ်၍ စစ်ထိုးလာပါက တိုက်ပွဲဖြစ်ရန် အသင့်ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က ဖြေကြားခဲ့ဖူးသည်။

ယနေ့ ဇွန် ၃၀ ရက်တွင် SSPP ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့် မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားပေးခြင်းမရှိပေ။

သို့သော်လက်ရှိမှာ ပြည်သူများက တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်နေလျက်ရှိကြောင်း သိရသည်။

“ကျမတို့ ပြည်သူတွေလည်း တိုက်ပွဲဖြစ်မှာ ကြောက်တယ်။ စိုးရိမ်တယ်လေ။ ဘယ်ချိန် သေနတ်သံတွေ ကြားရမလဲမသိဘူး။ အခုချိန်ထိတော့ သေနတ်သံတွေ မကြားရသေးဘူး။ တိုက်ပွဲဖြစ်ရင်လည်း အထုတ်ပြင်ပြီးတော့ ထွက်ပြေးဖို့ပဲရှိတော့တယ်” ဟု ဒေသခံ အသက် ၃၀ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ယနေ့ နောက်ဆုံးအဖြစ်သတ်မှတ်ထားသော်လည်း လက်ရှိသတင်းရေးသားချိန်အထိ တိုက်ပွဲဖြစ်ပွားနေလျက် မရှိသေးကြောင်း သိရသည်။

နေပြည်တော်သို့ ငြိမ်းချမ်းရေးဆွေနွေးပွဲကို စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖိတ်ခေါ်ထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ နေပြည်တော်သို့ မသွားရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မိုင်းရှူးမြို့တွင်း ပေါ်တာဆွဲသတင်းကြောင့် ဒေသခံ စိုးရိမ်မှုဖြစ်နေ

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းရန် ပေါ်တာဆွဲခံနေရဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ လက်ရှိ ဇူလိုင်လ နောက်ဆုံးပတ်အတွင်း မိုင်းရှူးမြို့တွင် စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ်မှုထမ်း ကိစ္စနှင့် ပတ်သက်၍ အမည်စာရင်းတွင် ပါဝင်နေသူများအနေဖြင့် ပေါ်တာဆွဲ ဖမ်းဆီးခံနေရသည်ဆိုသည့် သတင်းကြောင့် ဒေသခံများ စိုးရိမ်နေကြ‌ရကြောင်း...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...