ဖယ်ခုံမြို့နယ်စစ်ကောင်စီ နှင့် PNO မှ စစ်ရှောင်နေအိမ်များထံ ပစ္စည်းဝင်ယူနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် စစ်ရှောင်ပြည်သူ နေအိမ်များထံ ပစ္စည်းဝင်ယူသွားကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံနေအိမ်

စစ်ကောင်စီ နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ၊ ဆောင်နန်းခဲကျေးရွာ၊ လဟယ်ကျေးရွာ နှင့် မခေခမ်းကျေးရွာတွင် တပ်ဆွဲထားပြီး စစ်ရှောင်နေကြသည့် ပြည်သူများ၏ နေအိမ်ထဲ ပစ္စည်းများဝင်ယူသွားကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

“ အဲ့ရွာတွေမှာက ပြည်သူတွေ စစ်ရှောင်နေတာ။ ရွာထဲမှာ စစ်ကောင်စီ နဲ့ PNO တို့ပဲရှိတယ်။ သူတို့အဲ့ရွာထဲမှာ နေနေတာတော့ကြာနေပြီ။ ရွာထဲမှာရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသွားနေတယ်။ အခုမှ ခိုးယူနေတာမဟုတ်ဘူး” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီ နှင့် PNO တို့ ကျေးရွာအတွင်းရှိ ပစ္စည်းများကို ခိုးယူသယ်ဆောင်နေလျက်ရှိသောကြောင့် ဇွန်လ ၁၉ ရက်တွင် ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ နှင့် PNO ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

“ သူတို့က ရွာထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကို ခိုးယူနေတာ။ ဆိုင်ကယ်အစုတ်ကိုတောင်တင်ပြီးယူသွားသေးတာ။ သူတို့တင်ပြီးတော့ ယူသွားနေချိန်မှာ ကျနော်တို့က ခြုံခိုပြီးတော့ တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က သေဆုံးမှုနဲ့ ဒဏ်ရာပြင်းထန်ရတဲ့သူရှိတယ်။ PNO ဘက်က သေတာရှိတယ်။ ရွာထဲမှာက စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့တို့ရှိတယ်” ဟု ဖယ်ခုံမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက မေလ ၁၃ ရက်မှစပြီး စစ်ကြောင်းထိုးစစ်ဆင်လာခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက တပ်ဆွဲထားပြီး မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှာ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွန့်၊ ပိန္နဲကုန်း၊ မခေခမ်း၊ လဟယ်ကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြေသိမ်းခံရသည့် ဟိုပုံးဒေသခံများ တရားမျှတမှု မရရှိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် တွင် ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် မြေပွဲစားများပူးပေါင်းပြီး အသိမ်းခံရ မြေယာနှင့်ပတ်သက်ပြီး ယနေ့ (သြဂုတ် ၇)ရက်အထိ ပြည်သူများ တရားမျှတမှု မရရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ...

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...