Tuesday, January 27, 2026

ဖယ်ခုံမြို့နယ်စစ်ကောင်စီ နှင့် PNO မှ စစ်ရှောင်နေအိမ်များထံ ပစ္စည်းဝင်ယူနေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ကောင်စီ နှင့် ပအိုဝ်း ပြည်သူ့စစ် (PNO) တို့သည် စစ်ရှောင်ပြည်သူ နေအိမ်များထံ ပစ္စည်းဝင်ယူသွားကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံနေအိမ်

စစ်ကောင်စီ နှင့် PNO တို့သည် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ၊ ဆောင်နန်းခဲကျေးရွာ၊ လဟယ်ကျေးရွာ နှင့် မခေခမ်းကျေးရွာတွင် တပ်ဆွဲထားပြီး စစ်ရှောင်နေကြသည့် ပြည်သူများ၏ နေအိမ်ထဲ ပစ္စည်းများဝင်ယူသွားကြောင်း ဒေသခံများ ပြောပြချက်အရသိရသည်။

“ အဲ့ရွာတွေမှာက ပြည်သူတွေ စစ်ရှောင်နေတာ။ ရွာထဲမှာ စစ်ကောင်စီ နဲ့ PNO တို့ပဲရှိတယ်။ သူတို့အဲ့ရွာထဲမှာ နေနေတာတော့ကြာနေပြီ။ ရွာထဲမှာရှိတဲ့ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ခိုးယူသွားနေတယ်။ အခုမှ ခိုးယူနေတာမဟုတ်ဘူး” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုသို့ စစ်ကောင်စီ နှင့် PNO တို့ ကျေးရွာအတွင်းရှိ ပစ္စည်းများကို ခိုးယူသယ်ဆောင်နေလျက်ရှိသောကြောင့် ဇွန်လ ၁၉ ရက်တွင် ဖယ်ခုံမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ကဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ နှင့် PNO ဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

“ သူတို့က ရွာထဲမှာရှိတဲ့ပစ္စည်းတွေအကုန်လုံးကို ခိုးယူနေတာ။ ဆိုင်ကယ်အစုတ်ကိုတောင်တင်ပြီးယူသွားသေးတာ။ သူတို့တင်ပြီးတော့ ယူသွားနေချိန်မှာ ကျနော်တို့က ခြုံခိုပြီးတော့ တိုက်ခိုက်ခဲ့တယ်။ သူတို့ဘက်က သေဆုံးမှုနဲ့ ဒဏ်ရာပြင်းထန်ရတဲ့သူရှိတယ်။ PNO ဘက်က သေတာရှိတယ်။ ရွာထဲမှာက စစ်ကောင်စီ နဲ့ PNO တပ်ဖွဲ့တို့ရှိတယ်” ဟု ဖယ်ခုံမြို့နယ် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက မေလ ၁၃ ရက်မှစပြီး စစ်ကြောင်းထိုးစစ်ဆင်လာခဲ့ကာ ကျေးရွာအတွင်းရှိ ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့မှုများလည်း ရှိခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက တပ်ဆွဲထားပြီး မီးရှို့ဖျက်ဆီးခဲ့သည့် ကျေးရွာများမှာ ဖယ်ခုံအင်းအရှေ့ဘက်ခြမ်း ဆောင်နန်းခဲ၊ လွယ်ပေါ၊ နန်းပေါ်လုံ၊ နန်းဆွန့်၊ ပိန္နဲကုန်း၊ မခေခမ်း၊ လဟယ်ကျေးရွာ တို့ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

ရွာငံမြို့နယ် ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်သားများကို ဒေသခံများ ထမင်းထုပ်ပို့ပေးရ

0
သျှမ်းပြည်တောင်ပိုင်းရွာငံမြို့နယ်ရှိ ကျေးရွာအတွင်းသို့ တပ်လာစွဲသည့် စစ်ကော်မရှင် တပ်သားများကို ဒေသခံများက ထမင်း၊ဟင်းချက်ပြီး သွားရောက်ပို့ဆောင်ရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီ ၇ ရက်တွင် ရွာငံမြို့နယ်နှင့် အနီးတဝိုက်သို့ စစ်ကော်မရှင်၏ ရွေးကောက်ပွဲ လုံခြုံရေးအတွက် စစ်ကော်မရှင် တပ်သားများနှင့် ၎င်းတို့၏ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO) တပ်သားများရောက်ရှိလာခဲ့သည်။ ထိုစစ်ကော်မရှင် တပ်သားနှင့်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...