ပင်းတယမြို့နယ် လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်ကို မဖမ်းနိုင်လို့ ဆွေမျိုးတွေကို စစ်ကောင်စီ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း ပင်းတယမြို့နယ် NLD ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်ကို စစ်ကောင်စီများက မဖမ်းဆီးနိုင်သဖြင့် အင်းပလက်ကျေးရွာတွင်ရှိသည့် ၎င်း၏ ဆွေမျိုးများကို ဖမ်းဆီးသွားကြောင်း စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ဇွန် ၁၈ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ဦးထွန်းထွန်းနိုင်ကို မဖမ်းဆီးနိုင်တာကြောင့် ၎င်း၏ ဆွေမျိုး ၂၅ ဦးကို ဖမ်းဆီးသွားပြီးနောက် ညနေပိုင်းတွင် ၁၆ ဦးကို ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးသွားသူများသည် အသက်ကြီးသူများလည်း ပါဝင်သောကြောင့် စစ်ကောင်စီက ပြန်လွတ်ပေးခဲ့ကြောင်း သိရသည်။

“ သူတို့ဖမ်းဆီးသွားတာ အသက် ၈၀ လောက်ထိအသက်ကြီးတဲ့သူတွေလည်းပါတယ်။ သူတို့က ဦထွန်းထွန်းနိုင်ကို မဖမ်းနိုင်လို့ ဆိုပြီးတော့ သူ့ဆွေမျိုးတွေကို ဖမ်းဆီးသွားတာ။ ဓားစားခံအဖြစ် ဖမ်းထား ချင်တာပေါ့။ ၂၅ ယောက်ကို ဖမ်းသွားတာ။ ညနေပိုင်းလောက်မှာ ၁၆ ယောက်ပြန်လွတ်လာပေးတယ်” ဟု ပင်းတယမြို့ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။

ပင်းတယမြို့

လက်ရှိ စစ်ကောင်စီက ၉ ဦးကို ဖမ်းဆီးထားဆဲဖြစ်ပြီး ထို ၉ ဦးစလုံးသည် အမျိုးသားများ ဖြစ်ကြောင်းသိရသည်။

ထိုသို့ ဦးထွန်းထွန်းနိုင်ကို ဖမ်းဆီးရသည့် အကြောင်းရင်းသည် ဦးထွန်းထွန်းနိုင်က PDF များကို အားပေးသည်ဟုဆိုပြီး ဖမ်းရန် ကြိုးစားနေခြင်းဖြစ်ကြောင်းသိရသည်။

“ သူတို့ အခုချိန်ထိ ဖမ်းထားဆဲက ၉ ယောက်ကျန်တယ်။ အကုန်လုံးက ယောင်္ကျားလေးတွေ ကျန်တာပါ။ လက်ရှိ ပင်းတယရဲစခန်းမှာပဲ။ ဦးထွန်းထွန်းနိုင်က PDF ကို အားပေးတယ်။ ကူညီပံ့ပိုးတယ်ဆိုပြီးတော့ ဖမ်းချင်တာပါ။ အခုက မဖမ်းနိုင်သေးလို့ သူ့ရဲ့ ဆွေမျိုးကို ဖမ်းဆီးထားတာပါ” ဟု အထက်ပါ ဒေသခံ အမျိုးသား က ပြောသည်။

အလားတူ ထို ဇွန် ၁၈ ရက် မနက် ၁၀ နာရီဝန်းကျင် တွင်လည်း စစ်ကောင်စီလက်အောက်ခံ ကြံ့ခိုင်ရေးပါတီ ဦးကျော်ငြိမ်းသည်လည်း ပြစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက်ပိုင်း ၁၂ နာရီဝန်းကျင်မှာ အင်းပလက်ကျေးရွာမှာရှိနေသည့် ဦးထွန်းထွန်းနိုင် ဆွေမျိုးများကို စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားကြောင်းသိရသည်။

“ အဲ့နေ့မနက်မှာလည်း ကြံ့ခိုင်ရေးပါတီက ဦးကျော်ငြိမ်းလည်း ပစ်သတ်ခံလိုက်ရတယ်။ ပြီးမှပဲ ဦးထွန်းထွန်းနိုင် ဆွေမျိုးတွေကိုရွာမှာ သွားဖမ်းတာပါ။ ဦးကျော်ငြိမ်းကသူ ဒလန်ဖြစ်တယ်လေ။ သူက စစ်ကောင်စီက ခိုင်းတာ အကုန်လုပ်ပေးတယ်။ ပြီးတော့ သူ့မှာ ပစ္စတိုလက်နက်ကိုင်ခွင့်လည်းရထားတယ်” ဟု ပင်းတယ မြို့ ဒေသခံ အမျိုးသားတစ်းဦးက ထပ်မံပြောပြသည်။

ပင်းတယမြို့တွင် စစ်ကောင်စီ သတင်းပေး ဒလန်ဟု နာမည်ထွက်သူများသည် ဦးကျော်ငြိမ်းအပါအဝင် ၇ ဦးရှိနေပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဇွန်လ ၁၇ ရက်ထိ ပြည်သူ (၁,၉၆၃) ဦး သတ်ဖြတ်ခံရပြီး ပြည်သူ (၁၄,၁၅၆) ဦး ဖမ်းဆီးခံထားရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ထံ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...