လောင်းကစားမှု၊ ခိုးမှုတွေ ပပျောက်သွားအောင် ဆောင်ရွက်ပေးစေချင်

သို့ / သျှမ်းသံတော်ဆင့်အယ်ဒီတာခင်ဗျာ

သျှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ပင်လုံမြို့ဟာ ပြည်ထောင်စုအတွက် သမိုင်းဝင်မြို့တစ်မြို့ ဖြစ်ပါတယ်။ အရင်ကတော့ အေးချမ်းတဲ့မြို့တစ်မြို့ ဖြစ်ခဲ့ပါတယ်။ အခုမှာတော့ တစ်နယ်တစ်ခြားက ပြောင်းရွှေ့နေထိုင်တဲ့သူတွေကြောင့် လူလည်းစုံလှပါတယ်။

အခုတလော ပင်လုံမြို့သူမြို့သားတွေ မြို့ဆင်ခြေဖုံးရွာက ရွာသူရွာသားတွေဟာ သတိဝီရိယရှိစွာနဲ့ နေထိုင်နေကြရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူခိုးဂိုဏ်း၊ တို့ဆေးဂိုဏ်းတွေ ရှိလာလို့ပါပဲ။

ဒီတစ်ပတ်၊ နှစ်ပတ်အတွင်းမှာ ခိုးမှုတွေကို နှစ်ရက်ခြားတစ်ခါလောက် ကြားနေရပါတယ်။ မကြာသေးခင်က ပင်လုံမြို့ဈေးအနောက်ဘက်က ဆိုင်ခန်းတစ်ခန်းကို တို့ဆေးအဖွဲ့က ဝင်လာပါ တယ်။ တိုးဆေးမိနေတဲ့ဆိုင်ရှင် သတိမရှိတဲ့အချိန် ဆိုင်မှာရှိတဲ့ပိုက်ဆံ ၉ သိန်းခွဲကို ရှာဖွေယူဆောင် သွားပါတယ်။ ဗမာအမျိုးသမီး ၃ ယောက်လို့ ပြောပါတယ်။ ဒါလည်း အခုထိ ဖမ်းဆီးတာ မလုပ်နိုင် သေးပါဘူး။

ခိုးမှုကတော့ တစ်နေ့ထက်တစ်နေ့ များပြားလာပါတယ်။ အိမ်တွေ ဆိုင်ခန်းတွေသာမက ဘုန်းကြီးကျောင်းပါ ဝင်ရောက်ခိုးယူကြပါတယ်။ အဓိကတော့ ဖုန်းဆိုင်တွေကို ဝင်ရောက်ခိုးယူ ကြပါတယ်။

ဒါ့အပြင် မြို့ဆင်ခြေဖုံးရွာတွေမှာလည်း အိမ်ထဲခိုးဝင်ပြီး ရွှေငွေတွေ ခိုးယူပါတယ်။ အခု လောလောလတ်လတ် ဖြစ်သွားတာက ပန်မုံ့ရွာမှာပါ။ ပန်မုံ့ရွာ အိမ်တစ်အိမ်က ရွှေ ၅ ကျပ်သားနဲ့ ပိုက်ဆံနှစ်သိန်း ပါသွားပါတယ်။ ပြီးခဲ့တဲ့လတုန်းက နောင်မိန်းရွာက အိမ်တစ်အိမ်လည်း ရွှေ ၃ ကျပ်သားလောက် အခိုးခံခဲ့ရဖူးပါတယ်။

သူခိုးဂိုဏ်းရဲ့ခေါင်းဆောင်ကို ဖမ်းဆီးနိုင်ခဲ့ပေမယ့် ခိုးမှုကတော့ အရင်ကထက် ပိုများလာပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲ။ သူခိုးဖမ်းဖို့ ရဲကိုတိုင်တဲ့အခါ ရဲကသူတို့ကို ပြန်အကြောင်းကြားတော့ ဖမ်းဆီးတာ မလုပ်နိုင်ပါဘူး။ တကယ်ဆို ရဲသားတွေက မြို့ရဲ့လုံခြုံရေး၊ ပြည်သူ့ရဲ့လုံခြုံရေးအတွက် တာဝန်ယူရမှာ ဖြစ်ပေမယ့် အခုက ရဲနဲ့သူခိုးက လက်တွဲနေပါတယ်။

ခိုးမှုတွေ များပြားတဲ့အပြင် လောင်းကစားကလည်း ပေါများလှပါတယ်။ ငါးမန်းတို့ ကုန်းကင်းတို့ ဖဲဝိုင်းတို့ အစုံပါပဲ။ အာဏာပိုင်တွေ ရဲတွေက ခွင့်ပြုထားလို့ ဒီလိုဖွင့်နိုင်တာပါ။ မူးယစ်ဆေးဝါး များပြားတာနဲ့ အညီ လူကြီးအပါအဝင် လူငယ်အများစုကတော့ မူးယစ်သားကောင်တွေ ဖြစ်နေကြ ပါပြီ။ ဒါကြောင့်လည်း ခိုးမှုတွေ များပြားလာတာ မဆန်းလှပါဘူး။ အာဏာပိုင်တွေ ရဲတွေ ကိုယ့်တာဝန်တွေ မထမ်းဆောင်လို့ပါ။

အခုဆိုရင် ပင်လုံမြို့ဟာ လုံခြုံမှု မရှိတော့ပါဘူး။ ပြည်သူတွေလည်း သူခိုးဂိုဏ်းကြောင့် စိုးရိမ်ပူပန်မှုတွေနဲ့ နေထိုင်နေကြရပါတယ်။ အာဏာပိုင်တွေ ရဲတွေကလည်း ဖမ်းဆီးမှုတွေ မလုပ်ကြပါဘူး။ မသိသလို နေနေကြပါတယ်။ ကိုယ့်တာဝန်မဟုတ်ဘူးသလိုလိုနဲ့ နေနေကြပါတယ်။ အဆိုးဆုံးက သူခိုးဂိုဏ်းနဲ့ ပူးပေါင်းတာပါပဲ။

ဒီအကြောင်းတွေကို ပြည်ထောင်စုအစိုးရ၊ သျှမ်းပြည်နယ်အစိုးရတို့ သိရှိပြီး ခိုးမှု၊ လောင်းကစားမှု တွေ ပပျောက်သွားအောင် ဆောင်ရွက်ပေးဖို့ လေးစားစွာ တောင်းဆိုလိုက်ပါတယ်။

ပင်လုံဒေသခံတစ်ဦး
ဩဂတ်စ်လ ၂ ရက်နေ့

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မေ့လာတာ အသက်ကြီးလာလို့ပဲလား

0
အပြင်သွားရင် အိမ်သော့ယူခဲ့မယူခဲ့ မေ့တတ်ကြလား။ အိမ်တံခါး သော့ခတ်၊ မခတ်ခဲ့ မသေချာလို့ အိမ်ပြန်ပြီး သွားကြည့်ဖူးကြလား။ အိမ်သော့အထဲမှာကျန်ခဲ့လို့ သော့ပြင်ဆရာ ခဏခဏ ခေါ်ရတဲ့ဖြစ်ရပ်လည်း ရှိတယ်မလား။ မေ့လွန်းလို့ ဟင်းအိုးတူးသွားတာ၊ ကြက်ဥပြုတ်ထားပြီး မီးပေါ်မှာ မေ့ထားမိတာမျိုးရော ရှိဖူးကြလား။ ဒီနေ့မနက် ဘာစားခဲ့တယ်ဆိုတာ ညရောက်တော့ ပြန်စဉ်းစားလို့ မရတော့တာမျိုးရော...

ဗီယက်နမ်ရင်းနှီးမြှုပ်နှံသူများကို အာဏာသိမ်းသမ္မတ ဖိတ်ခေါ်

0
မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုနှင့် တိုက်ပွဲဖြစ်ပွားမှုကြောင့် စီးပွားရေး အကြီးအကျယ် ကျဆင်းနေချိန်တွင် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်သည် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ကာ မြန်မာနိုင်ငံရှိ အထူးစီးပွားရေးဇုန်များနှင့် စိုက်ပျိုးရေးကဏ္ဍများတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ဗီယက်နမ်လုပ်ငန်းရှင်များကို ဖိတ်ခေါ်လိုက်သည်။ ယမန်နေ့ စက်တင်ဘာလ ၆ ရက်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ Melia Hotel တွင်...

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...