Wednesday, January 28, 2026

ရွာငံမြို့နယ် မုန်လာထုပ်စိုက်တောင်သူများ စျေးကွက်မရှိ တောင်သူ အရှုံးပေါ်

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ဂေါ်ဖီထုပ် စိုက်သည့် တောင်သူများ စျေးကွက်မရှိသဖြင့် ခြံထဲ မည်သူမဆို အခမဲ့ လာရောက်ခုတ်ယူနိုင်ကြောင်း တောင်သူများက ပြောကြားသည်။

လက်ရှိ မုန်လာထုပ်(ဂေါ်ဖီ) ၏ စျေးနှုန်း အဆမတန်စျေးကျသည့်အတွက် တခြားမြို့နယ်သို့ တင်ပို့ရောင်းချလျှင် ကားခ ပြန်မရကြောင်း ရွာငံမြို့နယ်က ဂေါ်ဖီထုပ် စိုက်သည့် တောင်သူ အမျိုးသား တစ်ဦး က ပြောသည်။

စိုက်ကွင်းထဲက ဂေါ်ဖီထုပ်များ

“စျေးမကောင်းဘူး။ ကုန်စျေးတွေက အရမ်းတက်ပြီး ရောင်းစျေးတွေက အရမ်းကျတယ်။ ကားခတောင်မရဘူး။ ကားခမရမယ့်အတူတူ လာခုတ်ကြပါ။ နောက်ရာသီပေါ်သီးနှံ တစ်ခုစိုက်ရတော့မယ်ဆိုတော့ ခုစိုက်ထားတဲ့ ဟာတွေ ရှင်းလင်းဖို့ လိုအပ်တယ်။ ခုဆို စပါးတို့ တခြားဟာတွေစိုက်ရတော့မယ်”ဟု တောင်သူ တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကုန်စျေးနှုန်းများ မြေသြဇာများ အဆမတန်မြင့်တက်ခြင်း၊ စက်သုံးဆီများ မြင့်တက်ခြင်းများ ဖြစ်ပေါ်သည့်အတွက် ဒေသခံ တောင်သူများအခက်အခဲ ကြုံတွေ့နေရကြောင်း ရွာငံမြို့နယ် ဒေသခံ တောင်သူ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဒီလိုအရှုံးပေါ်တဲ့ချိန်မှာ တောင်သူတွေက စိုက်တဲ့မြေသြဇာက အရမ်းစျေးကြီးတယ်။ အကြွေးတွေပိုရှိလာတယ်။တစ်ချို့ဆိုရင်လည်း ကားရှိရင် ကားတွေရောင်းပြီး မြေသြဇာယူထားတဲ့ အကြွေးတွေ ဆပ်ရတယ်” ဟု တောင်သူအမျိုးသမီး တစ်ဦး ကပြောသည်။

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သျှမ်းတောင်ရှိ ဒေသခံ တောင်သူများ ၂ နှစ်ဆက်တိုက်အရှုံးပေါ်ပေမယ့် မြို့နယ်အလိုက် ပရဟိတ လူမှုအသင်းအဖွဲ့အစည်းများက ခြံထဲထိ ဆင်းပြီး လိုက်လံ ခုတ်ယူကာ ရပ်ကွက်တွင်းက ပြည်သူများကို အလှူလုပ်ပေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နိုင်ငံခြားဆေးဝါးများ ပြတ်လပ် နာတာရှည်လူနာများ အခက်တွေ့နေ

0
နိုင်ငံခြားကုန်ပစ္စည်းများ တင်ဆောင်ခွင့်ကို စစ်ကော်မရှင်က ယာယီပိတ်ပင်ထားသည်မှာ ၅ လနီးပါး ရှိလာပြီဖြစ်သဖြင့် သျှမ်းပြည်တောင်ပိုင်းတွင် အခြေခံဆေးဝါးများ ပြတ်လပ်ကာ ဈေးနှုန်းများမှာ ယခင်ထက် ၃ ဆခန့်အထိ အဆမတန် မြင့်တက်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၅ သြဂုတ်လ ဒုတိယပတ်မှစတင်၍ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်ဖြင့် နိုင်ငံခြားမှ...

“သား..သမီးပေးမလား၊ ငွေပေးမလား” – လက်နက်ကိုင်များ၏ ဓားစာခံ ဖြစ်လာရသည့် လူငယ်များ

0
ရပ်ကျေးအုပ်ချုပ်ရေးမှူးဆီက စာတစ်စောင်ရောက်လာတိုင်း မိခင်တစ်ယောက်အတွက် “စာရင်းထဲ ပါသလား” ဆိုသည့် မေးခွန်းက အရိပ်မဲတခုလိုပင် နေ့စဉ်ခြောက်လန့်နေသည်။ “သားသမီးကို စစ်တပ်ဆီ ပို့ရမလား၊ မပို့ချင်ရင် ငွေရှာပေးရမလား” ဆိုသည့် ရွေးချယ်မှုကြားတွင် မိဘများ၏ အသက်ရှူသံမှာ လေးလံနေပြီ။ သို့သော် ယခုအခါ ထိုရွေးချယ်များထဲတွင် “အသက်ပေးမလား” ဆိုသည့် အစွန်းရောက်သော...

လားရှိုးတွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါး လုပ်ကြံသတ်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် စစ်ဘေးရှောင်များကို ကူညီပေးနေသည့် ဆရာတော်တစ်ပါးကို အမည်မသိ လူတစ်စုက သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ယနေ့နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဇန်နဝါရီလ ၂၈ ရက် နံနက် ၆ နာရီခွဲအချိန်တွင် လားရှိုးမြို့၊ ရပ်ကွက် (၄) ရှိ မဟာဗောဓရုံ ကျောင်းတိုက်အတွင်း၌...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

“အေးချမ်းသည့် မြို့တော်မှ ဒုစရိုက် မြို့တော်သို့”

0
ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၄,၀၀၀ ကျော်ရှိသော တောင်ကြီးမြို့သည် ယခင်က အေးချမ်းသည့် မြို့တစ်မြို့ဖြစ်သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံရေးမတည်မငြိမ်မှုများကြောင့် ပြန်ပေးဆွဲမှု၊ လူသတ်မှုနှင့် ဓားပြတိုက်မှုတို့ဖြင့် ပြည့်နှက်လာသည့် မြို့တစ်မြို့ဖြစ်လာသည်။ ယခုအခါ တောင်ကြီးမြို့ဒေသခံများသည် အအေးဒဏ်ကြောင့်မဟုတ်ဘဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာပြီး ရာဇဝတ်မှု ဘေးအန္တရာယ်များကြောင့်...