သျှမ်းမြောက်အတွင်း PGAF အဖွဲ့က ငွေတောင်း ခြိမ်းခြောက်နေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် အတွင်း ယခုရက်ပိုင်း PGAF အဖွဲ့က ခြိမ်းခြောက်စာပို့ခဲ့ပြီး ငွေတောင်းခံနေတာကြောင့် ပြည်သူများ စိုးရိမ်နေကြောင်း သတင်းရရှိသည်။


အဆိုပါ PGAF အဖွဲ့က ငွေကျပ် သိန်း ၁၀၀ ထိ ဆက်ကြေးဟုဆိုကာ တောင်းခံနေပြီး ပေး‌ဆောင်မှု ပျက်ကွက်ခဲ့လျှင် မိသားစုလုံခြုံရေး ထိခိုက်လာနိုင်သည်ဟု ခြိမ်းခြောက်မှုများလည်းရှိကြောင်း သိရသည်။

PGAF မှ ပေးပို့သောစာ

“ကျနော်တို့ မူဆယ်ဘက်မှာပဲကောက်နေတာတော့ မဟုတ်တော့ဘူး။ ဆက်ကြေး ဆိုပြီးတော့ ညဆိုရင် အိမ်ရှေ့မှာ စာရွက်လာထားထားပေးတာ။ သိန်း (၁၀၀) အထိ ဆက်ကြေးတောင်းတာ။ မပေးဘူးဆိုရင် မိသားစု လုံခြုံရေးကို ထိခိုက်လာမယ်လို့လည်း ခြိမ်းခြောက်ထားတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

ထိုအပြင် ကွတ်ခိုင်မြို့နယ်တွင်လည်း PGAF အဖွဲ့မှာ ခြိမ်းခြောက်စာတွေ ပေးပို့နေပြီး ငွေတောင်းခံမှုကြောင့် ဒေသခံတစ်ချို့က စိုးရိမ်နေကြကြောင်းသိရသည်။

“ အခုက ဘာမှန်းကို မသိတာ။ အရင်တုန်းက လူထု လှုပ်ရှားမှုတုန်းကလည်း လူထုလှုပ်ရှားမှုမှာ ပိုက်ဆံတောင်တယ်ဆိုပြီး သတင်းတွေထွက်လာတော့ အဲ့တုန်းက တစ်ခါရပ်လိုက်ရတယ်။ အခုကလည်း ဒါမျိုးပြန်ထွက်လာတော့ တစ်မျိုးဖြစ်တယ်။ အဖွဲ့စည်းကလည်းများတယ်။ ဒီမျိုးထပ်ထွက်လာတော့ ကြောက်တာပေါ့” ဟု ကွတ်ခိုင်မြို့နယ် အမျိုးသမီးတစ်ဦးက ပြောသည်။

ငွေလာတောင်းချိန် CCTV မှ တွေ့ရချိန်

အလားတူ နမ့်ခမ်းမြို့တွင်လည်း PGAF အဖွဲ့မှာ ငွေလိုက်လံတောင်းနေကြောင်း သိရသည်။

ထို PGAF အဖွဲ့သည် ယခု မေလ အတွင်းမှာ ပေါ်ပေါက်လာပြီး လူငယ်များသာရှိထားကြောင်း မူဆယ်မြို့ ငွေလာတောင်းချိန်တွင် CCTV ထဲတွေ့ရသည်။

“ PGAF က ဘယ်အဖွဲ့အစည်းလဲဆိုတာ ကျနော်တို့လည်း သေချာမသိဘူး” ဟု နမ့်ခမ်းမြို့ဒေသခံ တစ်ဦးက ပြောသည်။

ပြည်သူများကလည်း ထိုဒေသတွင်းလှုပ်ရှားနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများကို PGAF အဖွဲ့အကြောင်းကို စိစစ်ပေးရန် တောင်းဆိုနေကြသည်။

“ ကျနော်တို့လည်း ဒီနယ်မြေ မှာ လှုပ်ရှားနေတဲ့ SSPP, TNLA, KIA, RCSS တို့ကို အကူညီတောင်းထားတယ်။ သူတို့ကိုလည်း ဒီ PGAF အဖွဲ့ကို စိစစ်ပေးဖို့တောင်းဆိုထားတယ်။ ဒါမဲ့သူတို့ဘက်က ဘာမှ တုန့်ပြန်မှုမရှိသေးဘူး။ ပြီးတော့အဲ့အဖွဲ့က ဘယ်သူတွေလည်း မသိရဘူး။ ပိုက်ဆံတွေလိုက်တောင်းနေပြီး ခြိမ်းခြောက်နေတာ”ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦး ကပြောသည်။

ထို PGAF အဖွဲ့ မှ တောင်းခံသည့် ငွေများကို ပြည်သူတချို့က ငွေလွှဲပေးသူများလည်းရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လင်းခေး စစ်တပ် နှင့် RCSS မူးယစ်ဆေးသုံးစွဲသူ အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေ

0
သျှမ်းပြည် တောင်ပိုင်း လင်းခေးခရိုင်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) တို့က မူးယစ်ဆေးဝါးသုံးစွဲသူများကို အပြိုင်ဖမ်းဆီးကာ တပ်သားစုဆောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လမှစတင်ကာ လင်းခေးမြို့ပေါ် နှင့် ကျေးရွာအချို့ရှိ မူးယစ်ဆေးဝါးသုံးစွဲသူများကို စစ်ကောင်စီတပ် နှင့် (RCSS/SSA) တို့က လိုက်လံစစ်ဆေးဖမ်းဆီးပြီး တပ်သားစုဆောင်နေကြောင်း...

တောင်ကြီး ရပ်ကွက်အချို့ စစ်တပ်က ဧည့်စာရင်းလိုက်လံစစ်ဆေး အသက်ပြည့်သူများကို စစ်မှုထမ်းရန် စာရင်းသွင်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ရပ်ကွက်အချို့တွင် စစ်တပ်က ဧည့်စာရင်းလိုက်လံ စစ်ဆေးပြီး အသက်ပြည့်သည့် လူငယ်အမျိုးသားများကို စစ်မှုထမ်းရန် စာရင်းသွင်းထားကြောင်း သတင်းရရှိသည်။ စစ်ကော်မရှင်တပ်သည် တောင်ကြီးမြို့အတွင်း စစ်ဘေးလာရှောင်သူများကိုလည်း တစ်လတစ်ကြိမ် ပုံမှန် ဧည့်စာရင်းတိုင်ခိုင်းနေပြီး ရပ်ကွက်အတွင်း စစ်မှုထမ်းရန်လူလိုလျှင် အသက်ပြည့်ပြီးသည့် လူငယ် စစ်ဘေးရှောင်များကိုလည်း စစ်မှုထမ်းရန် စာရင်းသွင်းခိုင်းထားကြောင်း ဒေသခံများက...

ထိုင်းမြေပေါ် မြန်မာမိခင်များ ၁၃၁,၀၀၀ ကျော် မွေးဖွားခဲ့ကြောင်း ထိုင်းကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်

0
ထိုင်းနိုင်ငံအတွင်း ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ကာလအတွင်း မြန်မာနိုင်ငံသူ မိခင်များမှ မွေးဖွားခဲ့သည့် ကလေး အရေအတွက် စုစုပေါင်း ၁၃၁,၈၆၀ ဦးအထိ ရှိခဲ့ကြောင်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေး ဒေတာစင်တာ၏ ထုတ်ပြန်သည့် အချက်အလက်များအရ...

လွယ်ဂျယ်စစ်ရှောင်စခန်းများတွင် KIA တပ်သားစုဆောင်းရေး ရက်ခြားစောင့်ဖမ်းခြင်းကြောင့် စစ်ရှောင်ဝမ်းရေးအခက်ကြုံ

0
ကချင်ပြည် မိုးမောက်မြို့နယ် လွယ်ဂျယ်မြို့နယ်ခွဲရှိ ယာယီစစ်ဘေးရှောင်စခန်းများထဲသို့ ကချင်လွတ်လပ်ရေးတပ်မတော် ( KIA) ဘက်မှ တပ်သားစုဆောင်းနေသဖြင့် စစ်ဘေးရှောင်များ အခက်အခဲ ကြုံတွေ့နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနစ် နှစ်ဆန်းပိုင်းတွင် ကချင်ပြည် မိုးမောက်မြို့နယ်တွင် အာဏာသိမ်းစစ်တပ်နှင့် KIA တို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ဘက်သို့...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...