ဖက်ဒရယ် ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရန် RCSS နှင့် စစ်ကောင်စီ ဆွေးနွေး

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် စစ်ကောင်စီတို့သည် တိုင်းရင်းသားပေါင်းစုံ စု၀ေးပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

RCSS နဲ့ စစ်ကောင်စီ တွေ့

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် RCSS/ SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တို့သည့် ယနေ့ ( မေ ၂၀)ရက် နံနက် ၉နာရီခွဲ မှ ၁၁နာရီခွဲထိ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း RCSS /SSA၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဒုဗိုလ်မှုးကြီး အုမ်ခေးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယနေ့ တွေ့ဆုံဆွေးနွေးမှုတွင် ဆွေးနွေးချက်အဖြစ် ငြိမ်းချမ်းရေးကိုမဖြစ်ဖြစ်အောင် အကောင်အထည်ဖော်ရန်၊ ၊ အချင်းချင်းယုံကြည်မှုတည်ဆောက်ကြရန်နှင့် တိုင်းရင်းသားပေါင်းစုံ စုဝေးပြီးစစ်မှန်သည့် ဖယ်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန် စသဖြင့် ဆွေးနွေးခဲ့ကြောင်းလည်း ဒုဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

RCSSနဲ့ စစ်ကောင်စီတွေ့

“ကျနော်တို့ ဆွေးနွေးမှု အခြေအနေကောင်းပါတယ်၊ ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့လမ်းစဥ်မှာ ယုံကြည်မှုတွေ တည်ဆောက်ကြမယ်၊ ယုံကြည်မှုရလာတဲ့အခါ နိုင်ငံရေးကိစ္စတွေ လက်တွေ့ကျကျ ဆောင်ရွက်ကြမယ်ဆိုတဲ့ အမြင်နဲ့ သူ့ဘက်ကိုယ့်ဘက် တင်ပြမှုတွေက ရည်ရွယ်ချက်ချင်းကွာခြားတာ ကန့်ကွက်တာသိပ်မရှိတော့ ပြောဆို ရတာ အဆင်ပြေပါတယ်” ဟု ဒုဗိုလ်မှူးကြီးအုမ်ခေးက ဆိုသည်။

စစ်ကောင်စီဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်သည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ များအနက် ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုယ်တိုင်ဦးဆောင်သည့် (RCSS/SSA) တပ်ဖွဲ့က ပထမဆုံးအဖွဲ့အနေဖြင့် စစ်ကောင်စီနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

ယနေ့တွေ့ဆုံဆွေးနွေးမှုတွင် RCSS/SSA ဘက်မှ ဗိုလ်ချုပ်ကြီးယွက်စစ်ကိုယ်တိုင် ဦးဆောင်သည့် အဖွဲ့သားများ အဖြစ် ဗိုလ်မှူးကြီး စိုင်းငင်း နဲ့ ဗိုလ်မှူးကြီး ရှောင်းဟန်တို့ ပါဝင်ကြောင်းသိရသည်။

ယမန်နေ့ စစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောပြချက်အရ ၃ ရက်ခြား တစ်ခါ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဆက်လက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ နှင့်တွေ့ဆုံမည့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်များအနက် DKBA၊ MNSP၊ RCSS/SSA၊ ALP၊ PNLA နှင့် LDU စသည့်တိုင်းရင်းသားလက်နက်ကိုင်များ တက်ရောက်မည် ဖြစ်ပြီး၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသည့် အဖွဲ့ များအနက် “ဝ” တပ်ဖွဲ့ (UWSA)၊ မိုင်းလားတပ်ဖွဲ့ (NDAA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့မှ တက်ရောက်မည်ဟုလည်း သတင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

နေပြည်တော်တွင် SSPP နှင့် NSPNC တွေ့ဆုံစဉ် မိုးမိတ်ရှိ SSPP ဆက်နွှယ်သူဟု စွပ်စွဲခံရပြီး နေအိမ်ဖျက်ဆီးခံရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူနေအိမ်(၂) လုံးကို SSPP နှင့် ဆက်နွှယ်သည်ဟု စွပ်စွဲကာ စစ်တပ်ဘက်က လာရောက်ဖျက်ဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၇ ရက် နံနက်ပိုင်း ၉ နာရီခန့်တွင် မိုးမိတ်မြို့နယ် မိုးဟောက်ကျေးရွာအုပ်စုရှိ ပြည်သူများ၏ နေအိမ်ကို SSPP နှင့် ပတ်သက်ဆက်နွယ်သည်ဟု...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...