Wednesday, October 9, 2024

ကျိုင်းတုံမြို့ကိုဗစ် – ၁၉ ပိုးတွေ့လူနာသစ် တစ်ဦး ထပ်မံတွေ့ရှိ

Must read

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ကိုဗစ် – ၁၉ ပိုးတွေ့လူနာသစ်တစ်ဦး ထပ်မံတွေ့ရှိကြောင်း ဒေသတွင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ကျိုင်းတုံဆေးရုံ

ယနေ့ (မေလ ၁၉) ရက်တွင် ကျိုင်းတုံမြို့ ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနရုံးနှင့် Fever Clinicဆေးခန်းတို့၌ ဖျားနာ/ချောင်းဆိုးလူနာများ၊ ခရီးထွက်ခွာမည့်ပြည်သူများ စုစုပေါင်း(၉၅)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT ဖြင့်စစ်ဆေးမှုပြုလုပ်ရာ အမျိုးသား တစ်ဦးထံမှ ကိုဗစ် တွေ့ရှိကြောင်း ၎င်းကပြောသည်။

“၁၀ နာရီကနေ ၁ နာရီအထိ ဆေးရုံကနေ စစ်ပေးတော့ မိုင်းယန်းက အမျိုးသားတစ်ယောက်မှာ ကိုဗစ် ပိုးတွေ့တယ်၊ လူငယ်တစ်ယောက်ပဲ အသက်က ၂၃ နှစ်ပဲရှိသေးတယ်၊ အခုတော့ ကျန်းမာရေးဘက် စီစဥ်ပေးတဲ့အတိုင်း ကွာရန်တင်းနဲ့ ကုသမှုခံယူနေတယ်” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။

လက်ရှိ ရောဂါပိုး တွေ့ရှိသူ လူငယ်အမျိုးသားကို ကလေးဆောင်တွင် ထားရှိပြီး ၎င်း၏ အိမ်သားနှင့် မိသားစုဝင်များကို ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းကမ်းချက်နှင့်အညီ ဆေးကုသမှုခံယူရန် စီမံညွှန်ကြားထားကြောင်းလည်း သတင်းသိရသည်။

ကျိုင်းတုံမြို့တွင် မေလ ၁ ရက်နေ့မှ ယနေ့ မေလ ၁၉ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသည့် အတည်ပြုလူနာ စုစုပေါင်း (၃) စစ်ဆေးတွေ့ရှိခဲ့ကြောင်းလည်း သတင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article