မူဆယ်မြို့မှ ဖုန်းဆိုင်ဓားပြတိုက်သူများ ဖမ်းဆီးရမိ


သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ စိုင်းညီဖုန်းဆိုင်ကို ဓားပြတိုက်သည့် လူငယ် (၄) ဦးနှင့် အတူ လက်နက်များ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။

လွန်ခဲ့သည့် မေလ ၁၀ ရက်တွင် စိုင်းညီဖုန်းဆိုင် ဓားပြတိုက်ခံရပြီး မေလ ၁၅ ရက်တွင် ထိုဓားပြတိုက်သူ ၄ ဦးကို ဖမ်းဆီးရမိပေမယ့် ခေါင်းဆောင် ၂ ဦး လွတ်မြောက်နေလျက်ရှိကြောင်း ဖုန်းဆိုင်ပိုင်ရှင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။


ဖမ်းဆီးရမိသူ လူငယ် (၄) ဦး

“၁၅ ရက်နေ့ကဖမ်းမိတာ။ ၄ ယောက်ဖမ်းမိတာပါ။ သူတို့နေအိမ်မှာ သွားဖမ်းတော့ လက်နက်တွေလည်းတွေ့တယ်။ အဲ့ ၄ ယောက်ရဲ့ ထွက်ဆိုချက်အရ အခုက ၂ ယောက်လွတ်မြောက်နေဆဲဖြစ်တယ်။ သူတို့ကို အခုတော့ ရဲစခန်းမှာ ပို့ထားတယ်” ဟု ၎င်း က ဆိုသည်။

ဖမ်းဆီးရမိသည့် ၄ ဦးထံတွင် ဖုန်း အလုံး ၂၀ ပြန်လည်ရရှိပြီး လက်ရှိမှာ ဖုန်းအလုံး ၄၀ ကျော် ပြန်လည်ရရှိရန် ကျန်နေသေးကြောင်း နှင့် အဆိုပါဖမ်းဆီးရမိသူများကို မူဆယ်မြို့မရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

“ အခုက ဖုန်းအလုံး ၂၀ လောက်တော့ ပြန်ရတယ်။ ပြန်ရဖို့ ဖုန်းအလုံး ၄၀ လောက်တော့ ကျန်သေးတယ်။ အခုပြန်ရတဲ့ အလုံး ၂၀ လည်း ကောင်းပါသေးတယ်။ ကျန်တဲ့ပစ္စည်းကလည်း တန်ဖိုး သိန်း ၅၀၀ ဝန်းကျင်လောက်ရှိသေးတယ်” ဟု ဆိုင်ပိုင်ရှင်က ထပ်လောင်းပြောသည်။

အလားတူ မေလ ၁၅ ရက်က ကောင်းမူးတုံရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အမည်မသိလက်နက်ကိုင် လူတစ်စုက ဖောက်ထွင်းဝင်ရောက်လာပြီး မီးခံသေတ္တာ နှင့် ဖုန်းနှစ်လုံး အပါအဝင် ပိုက်ဆံ ၅ သိန်းကျပ် ယူဆောင်သွားကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...