သို့ – သျှမ်းသံတော်ဆင့်

မန်ပန်ဌာနေပြည်သူ့စစ်က ဒေသတွင်းလူထုကို တရွာတဦး တပ်သားသစ်ပို့ဆောင်ပေးဖို့ တောင်းလာ ပါတယ်။ ဒီလဆန်းပိုင်းက တောင်းဆိုလာတာပါ။

မိုင်းကျက်အုပ်စုမှာ ၁၃ ရွာရှိပါတယ်။ တပ်သားသစ်အတွက် တရွာကို လူတယောက် ပို့ပေးဖို့ ပြီးခဲ့တဲ့ ဂျွန်လ ၁၀ ရက်နေ့ကတည်း က တောင်းဆိုလာတာပါ။ မပို့မနေရစနစ်နဲ့ ၃ ရက်ဘဲအချိန်ပေးပြီး အမိန့်ပေးလာ တဲ့အတွက် ဒေသခံလူထုဟာ နေအိမ်မှာ သက်ကြီးရွယ်အိုတွေသာထားပြီး သားသမီးတွေကို မြို့တက်ပညာသင်ဖို့စေလွှတ်နေရပါတယ်။ တဖက်ကလည်း အဲလိုပို့လိုက်တော့ နေအိမ်မှာ လယ်ယာ လုပ်ငန်းခွင်ဝင်ဖို့ လူအင်အားမရှိတော့သလောက်ဖြစ်နေတာကြောင့် ရွာသားတွေအခက်တွေ့နေရပါတယ်။

ဥပမာ ၀မ့်ပုံရွာမှာဆိုရင် သားဖြစ်သူတွေ မြို့တက် ပညာသင် ကိုယ်ရင်ဝတ် သာသနာ့ဝန်ထမ်းတော့ အသက်အရွယ် ၅၀ ကျော်ဖခင်တွေကို သားအတွက်အစားထိုး ဖမ်းခေါ်သွားတာတွေလည်းရှိတယ်လို့ မိုင်းကျက်က စိုင်းလုံက ပြောပြပါတယ်။

ဂျွန်လ ၂၂ ရက်နေ့မှာလည်း မန့်မတ်က ဟန်ပန်ဘုန်းကြီးကျောင်း ကျောင်းထိုင်ဆရာတော်ကိုသူတို့လာဖမ်းသွားတယ်လို့ကြားသိရပါတယ်။ မန့်မတ်ရွာ ဖာဖင့်ပြည်သူ့စစ်တပ်စခန်းက ဗိုလ်ကြီးစိုင်းလွတ်က ၂၃ ရက်နေ့မှာ ဆရာတော်သင်္ဃန်းကိုချွတ် လူဝတ်လဲစေပြီး အခု စစ်သင်တန်းပေးနေတယ်လို့ ကြားသိရပါတယ်။ ဒီဒေသမှာ ဒီဆရာတော်က ၀ါတော်အရင့်ဆုံးဘဲ။ ဒီပြည်သူ့စစ်လုပ်ပုံကတော့ သာသနာကိုပါထိပါးလာနေတယ်။

တဖက်ကလည်း ပြီးခဲ့တဲ့ ၃ နှစ်လောက်က ၀မ့်နားပုံရွာက စိုင်းသန်းလူကို တပ်သားသစ် အဖြစ်ဖမ်းခေါ်သွားတယ်။ ဒီနှစ်ဆန်းပိုင်းမှာ နေရပ်ပြန်အနားယူတယ်။ နယ်စပ်ကသူ့အမျိုးတွေဆီအလည်သွားတုန်းပြည်သူ့စစ်ကပြန်လာခေါ်တော့ သူထွက်ပြေးတယ်လို့ စွပ်စွဲပြီး စိတ်မူမမှန်တဲ့ဖခင်ဖြစ်သူ လုံးလှကို ဖမ်းဆီးခေါ်ဆောင်သွားတယ်။ မေးမြန်း ရိုက်နှက်မှုတွေရှိလို့ အခုချိန်အထိ လုပ်ငန်းခွင်မဝင်နိုင်ဘူး။ ဒဏ်ရာဒဏ်ချက်တွေနဲ့ အနားယူနေရတုန်းဘဲ။ မူမမှန်တဲ့အထဲ။

ဒါမျိုးတွေရှိတော့ ကျနော်တို့ရွာသားတွေအနေနဲ့ ဘယ်သူ့ကိုအားကိုးရမလဲ။ အစိုးရတပ်မတော်လား … တားဖို့နေနေသာသာ လူသစ်စုဆောင်းဖို့တောင်အားပေးလိုက်သေးတယ်။ တခြားအဖွဲ့တွေကောက်သေးတာဘဲ။ ပြည်သူ့စစ်တပ်ဖွဲ့လဲကောက်လေ။ ဒီနယ်မှာလူအဲလောက်များတာ … လို့အားပေးသေးတယ်လေ။ ပြည်သူ့စစ်က လူများများကောက်ရင် သူလဲလိုသလောက်တောင်းနိုင်မှာကိုး။

လူသစ်ဘဲလား ။ မကဘူး။ လူလဲပေးရ။ လူကိုကျွေးဖို့ဆန်တွေ ရိက္ခာတွေကိုလည်း ကောက်တယ်။ ပိုက်ဆံလဲကောက်တယ်။ ၃ လပတ်က မိုင်းကျက်အုပ်စုအတွက် ၂၈ သိန်း တောင်းတယ်။တခြားအုပ်စုတွေကိုလည်းတောင်းတယ်။ အုပ်စုသေးရင် သိန်း ၂၀ ၊ များရင် သိန်း ၃၀ – ၅၀ အထိတောင်းတယ်။ ဘာလို့တောင်းတုန်းမေးတော့ သူတို့ကပြောတယ်။ ပြည်သူ့စစ်ဆိုတာပြည်သူလူထုကို ကာကွယ်ဖို့တဲ့။ ပိုက်ဆံရှာဖို့အချိန်မရှိဘူးတဲ့ တပည့်တွေများတယ်။ သူတို့ကိုကျွေးမွေးထောက်ပ့ံဖို့လိုတယ်တဲ့ – ကောင်းရော။

ကျနော်တို့မှာက လူလဲပေးရ ရိက္ခာလဲပေးရ ပိုက်ဆံလဲပေးရ လုပ်အားလဲပေးရ။ ဒီပုံကြည့်ရင် ဘယ်သူက ဘယ်သူ့ကို အကာအကွယ်ပေးနေသလဲ။ ဘယ်သူက ဘယ်သူ့ကိုကူညီထောက်ပ့ံနေတာလဲဆိုတာသိပါတယ်။

ကျနော်တို့လူထုအနေနဲ့ အရမ်းကျပ်တည်းနေပါပြီ။ လွတ်မြောက်ဖို့လမ်း ဘယ်မှာရှိနိုင်မလဲဆိုတာဘဲနေ့တိုင်းတွေးနေပါတယ်။

လွတ်မြောက်ဖို့လမ်းရှာနေဆဲ ….
မိုင်းကျက်က
စိုင်းလင်းလက်

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...